ဂန္ဓီကြိးရဲ့ ဖိနပ်တစ်ရံ



ဂန္ဓီကြီးရဲ့ ဖိနပ်တစ်ရံ 
တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန်ရထားပေါ်အတက်မှာ သူ၏ဖိနပ်တစ်ဖက်ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူပြန်ကောက်ရန်မဖြစ်နိုင်တော့။
ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာကျန်နေသေးသည့် ဖိနပ်နောက်တစ်ဖက်ကို ချွတ်ကာ စောစောကဖိနပ်ကျွတ်ကျခဲ့သည့် နေရာဘက်သို့ လှမ်းပစ်ပေးလိုက်သည်။
“ဟာ...ဘာလုပ်လိုက်တာလဲ”
ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးကပြုံးပြီး
“စောစောကတစ်ဖက်တည်း ကောက်ရမယ့်သူ အခုဆိုရင် တစ်ရံရသွားမှာပေါ့ဗျာ။ အဲဒါဆို သူစီးလို့ရပြီပေါ့”

မူလရေးသားသူအား Credit:
https://htooaungwint.weebly.com

Comments