ထမင်းစားခန်းနှင့် သက်ဆိုင်သော အင်္ဂလိပ်စာ ဝေါဟာရများ



  • Posted by Soe Soe Win on September 15, 2015 at 10:40
  •  
  • ဒီနေ့ ဝေါဟာရသင်ခန်းစာတွင် ထမင်းစားခန်းနှင့် ပတ်သက်သော အင်္ဂလိပ်စာဝေါဟာရများကို လေ့လာရမှာဖြစ်ပါတယ်။

    ထမင်းစားခန်းဆိုတဲ့အတွက် မဖြစ်မနေရှိနေမှာကတော့ dinner table (ထမင်းစား စားပွဲ) လို့ခေါ်တဲ့ မိသားစုတွေ စုဝေးစားသောက်ရာနေရာပါပဲ။ ညစာအတွက် soup (စွတ်ပြုတ်ရည်) ရှိနေမယ်၊ မနက်စာအတွက် cereal ရှိနေမယ်ဆိုရင် bowl (ပန်းကန်လုံး) ထဲမှာ ထည့်စားကြရပါမယ်။ စွတ်ပြုတ်သောက်တဲ့ အခါမှတော့ soup spoon (စွတ်ပြုတ်ရည်သောက်တဲ့ဇွန်း) ကို သုံးရပါမယ်။ စွတ်ပြုတ်သောက်တဲ့ဇွန်းဟာ dessert Spoon (အချိုပွဲစားတဲ့ဇွန်း) ထက်ပိုဝိုင်းပြီး၊ စောက်ပိုနက်ပါတယ်။ စွတ်ပြုတ်သောက်တဲ့ ပန်းကန်လုံးကလဲ cereal Bowl (cereal စားတဲ့ ပန်းကန်လုံး) ထက်ပိုပြီး စောက်နက်ပါတယ်။

ညနေစာစားတဲ့အခါမှာတော့ plate (ထမင်းစားပန်းကန်ပြား) နဲ့ထည့်စားရပါတယ်။ ထမင်းစားပွဲရဲ့ အလည်မှာ salad Bowl (အရွက်သုတ်တွေ ထည့်ထားတဲ့ ဇလုံကြီး) ရှိတတ်ပါတယ်။

Breakfast
(မနက်စာ) ကိုပေါင်မုန့်တွေ အများကြီးစားတတ်တယ် ဆိုရင် breadbasket (ပေါင်မုန့်ထည့်တဲ့ ကြိမ်ခြင်းလေး) နဲ့ butter Dish (ထောပတ်ထည့်တဲ့ ပန်းကန်လေး) ရှိနေရပါမယ်။ Butter Knife (ထောပတ်လှီးတဲ့ဓါး) ကတော့ အသွားမှာ ခွေးသွားစိတ်တွေမပါတဲ့ ဓါးတစ်မျိုးပါပဲ။ Steak Knife (သားလှီးဓါး) မှာတော့ ခွေးသွားစိတ်လေးတွေပါပြီး ပိုထက်ပါတယ်။ ထမင်းစားပွဲ အများစုမှာတော့ knife (ဓါး) နဲ့ fork (ခက်ရင်း) တို့သာရှိတတ်ပါတယ်။ ဓါးကတော့ အစားအသောက်တွေကို လှီးဖြတ်ရတာဖြစ်ပြီး ခက်ရင်းကတော့ လှီးဖြတ်ထားတဲ့ အစား အစာတွေကို ထိုးယူစားသုံးဖို့ဖြစ်ပါတယ်။

Cup
(ကော်ဖီခွက်) ကတော့ ကော်ဖီနဲ့ လက်ဖက်ရည် သင်သောက်ချင်တဲ့အရာကို ထည့်သောက်ရတဲ့ခွက်ပေါ့၊ ဒါပေမဲ့ mug (မတ်ခွက်) ကတော့ ပိုကြီးပြီး၊ ပိုလဲလေးပါတယ်။ မနက်ပိုင်းတွေမှာ ကော်ဖီရည်တွေပါတဲ့ coffee pot     (ကော်ဖီအိုး) နဲ့ coffee machine (ကော်ဖီဖျော်စက်) ရယ်၊ လက်ဖက်ရည်ဖျော်ဖို့အတွက်ကတော့ tea pot (လက်ဖက်ရည်အိုး) ရယ်ပေါ့။ လက်ဖက်ရည်၊ ကော်ဖီခွက်ထဲကို သကြားထည့်ဖို့ အတွက်တော့ tea spoon (သကြားခပ်တဲ့ဇွန်း) ကိုသုံးရတာပေါ့။ သကြားကိုတော့ sugar bowl (သကြားဗူး) ထဲက ယူရုံပါပဲ။ လက်ဖက်ရည်သောက်တဲ့အခါ လက်ဖက်ရည်ခွက်ရဲ့အောက်မှာ ခံထားတာက saucer (လက်ဖက်ရည် ပန်းကန်ပြား) ပါ။ တစ်ချို့ကတော့ creamer လို့ခေါ်တဲ့ နို့၊ ခရင်မ်တို့ထည့်တဲ့ ဂျိုင့်သေးသေးလေးထဲက နို့ (သို့) ခရင်မ်တွေကို ကော်ဖီနဲ့ လက်ဖက်ရည်ထဲကို ထည့်သောက်ကြပါတယ်။

တစ်ခါတစ်လေမှာတော့ မနက်ပိုင်းတွေမှာ အသီးဖျော်ရည်တစ်ခွက်သာ သောက်တတ်ကြပါတယ်။ တစ်ချို့မိသားစု တွေမှာဆိုရင် jug (သို့မဟုတ်) pitcher လို့ခေါ်တဲ့ ရေကရား အကြီး ကြီးတွေနဲ့ ဖျော်ရည်တွေ ထည့်ထားတတ်ကြပါတယ်။

နေ့လည်ခင်း ကော်ဖီသောက်ချိန်မှာတော့ cake stand (ကိတ်မုန့်စင်) ပေါ်မှာ တင်ထားတဲ့ ကိတ်မုန့်ကို ယူပြီး ပန်းကန်ပြားထဲထည့်စားကြပါတယ်။ တစ်ချို့ကတော့ side dish (အချိုပွဲပန်းကန်ပြား) လေးထဲကို ထည့်ပြီးစားကြပါတယ်။ ကိတ်နဲ့ အခြား စားစရာတွေ စားပြီးတဲ့နောက်မှာ သင့်ရဲ့လက်နဲ့  ပါးစပ်ကို သန့်စင်အောင် သုတ်ဖို့အတွက်တော့ napkin (သို့) serviette (စက္ကူ လက်သုတ်ပ၀ါ) ကိုသုံးနိုင်ပါတယ်။

Cutlery
ဆိုတာကတော့ ဇွန်း၊ ခက်ရင်းနဲ့ ဓါး စသည်တို့ကို ခေါ်တဲ့ အခေါ်အဝေါ်တစ်ခုပါ။ Placemat (စားပွဲခင်းအသေး) ကတော့ သင့်ပန်းကန်ပြားအောက်နဲ့ cutlery အောက်မှာ ထားရပြီး၊ tablecloth (စားပွဲခင်းအကြီး) ရဲ့အပေါ်မှာ တစ်ယောက်စာနေရာသတ်မှတ်ထားတဲ့ စားပွဲခင်း အသေးပါ။ ဒါပေမဲ့ ကော်ဖီခွက်နဲ့ မတ်ခွက်အောက်မှာ ခံထားတဲ့ အောက်ခံကိုတော့ coaster လို့ခေါ်ပါတယ်။

ကိုယ့်ချစ်သူနဲ့အတူစားမဲ့ ညစာစားပွဲ လိုနေရာမှာ ဖယောင်းတိုင်မီးရောင် ခပ်မှိန်မှိန်လေးထွန်းမယ် ဒါမှမဟုတ်လည်း chandelier (မီးပန်းဆိုင်း) တွေကိုလည်း ခပ်မှိန်မှိန်လေး ထွန်းနိုင်ပါတယ်။

ဝိုင်သောက်တဲ့အခါမှာတော့ wine glass (၀ိုင်သောက်တဲ့ခွက်) ကိုသုံးရပါမယ်။ ၀ိုင်သောက်တဲ့ခွက်နဲ့ champagne (ရှန်ပိန်သောက်တဲ့ခွက်) ကတော့ မတူပါဘူး။ ရှန်ပိန်သောက်တဲ့ခွက်က ပိန်ပိန်ရှည်ရှည် ပုံစံလေးနဲ့ပါ။

ထမင်းစားပွဲမှာမထိုင်ခင် pepper shaker (ငရုပ်ကောင်းဗူး) နဲ့ salt shaker (ဆားဗူး) တို့ရှိမရှိ သေချာအောင် ကြည့်ရပါမယ်။

စားပွဲမှာ ပန်းတွေထားရတာကို နှစ်သက်တယ်ဆိုရင်တော့ centerpiece (စားပွဲရဲ့အလည်ဝိုင်းနေရာ)မှာ ပန်းအိုးထားလို့ရပါတယ်။

ဈေးကြီးပေးရတဲ့ စားသောက်ဆိုင်တွေမှာဆိုရင် စားပွဲထိုးတွေဟာ serving cart (အစားအစာသယ်တဲ့ လက်တွန်းလှည်း) နဲ့ အစားအစာတွေကို သယ်ကြပါတယ်။ အိမ်မှာဆိုရင်တော့ serving platter (လင်ဗန်း) နဲ့ သယ်ကြတာပါ။ ပန်းကန်လုံး၊ ပန်းကန်ပြားစတာတွေနဲ့ စားစရာမျိုးစုံကို ထည့်သယ်ရတာပါ။

သင့်ထမင်းစားပွဲပေါ်မှာ china  ကိုတွေ့ရင် မအံ့သြပါနဲ့။ တကယ်တော့ ဒီနေရာမှာ ပြောထားတာ china ဆိုတာ နိုင်ငံနာမည် မဟုတ်ပါဘူး။ china (သို့မဟုတ်) chinaware ဆိုတာက ကြွေထည်ပစ္စည်းတွေကို ပြောတာပါ။ အများစုက ကြွေထည်တွေကို နေ့စဉ်အသုံးမပြုကြပါဘူး။ china cabinet (ကြွေထည်တွေထားတဲ့ဗီဒို) မှာသိမ်းလေ့ရှိပါတယ်။ Buffet ဆိုတာကတော့ အခြားပန်းကန်တွေ၊ ခွက်တွေထားတဲ့နေရာပါ။

အရေးကြီးဆုံးကတော့ သင်ဖိတ်ခေါ်ထားတဲ့လူတွေ table (စားပွဲ) ကို မရောက်လာခင် တစ်ဦးစီအတွက် chair (ထိုင်ခုံ) တွေ သေချာရှိရဲ့လားဆိုတာကိုတော့ စိစစ်ရပါမယ်။

Vocabulary.cl မှ Dining Room (English Vocabulary) ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို
ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်