သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၇)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၇)

" ဟာ ဘယ်လို ဖြစ်တာလည်း"
"ဘာဖြစ်လို့လည်း ကိုမျိုး "
" ဒီမှာ ကြည့်လေ ခင်ဗျားတို့ဟာ နှစ်ခု ပူးနေတာပဲ"
"အေးလေ အဲဒီလို ဖြစ်ရမှာဆို"
" မဟုတ်ဖူးဗျ လင်မယား တွေ ဆက်ဆံသလို ဖြစ်နေရမှာ "
( ကန်တော့ပါရဲ့ဗျာ)
"ဟာ ဒါဆို ဘယ်လိုလုပ်မလဲ အသေအချာ စစ်ပါအုံး"
ကျနော် ကျောက် နှစ်ခုကို အသေအချာ စစ်ကြည့်တော့ တစ်တုံးက သံဓါတ်ပါတဲ့ ကျောက်ဗျ နောက်တစ်တုံးက သံလိုက်ကို ကျောက်မှုံ့ နဲ့ ဘိလပ်မြေ ရောပြီး အပေါ်က ကျံထားတာ ။ ဒီတော့ ခပ်ခွာခွာထားလည်း တခု နဲ့ တခု ပူးသွားတာပေါ့ ။
ပိုင်ရှင်ကော ဆိုတော့ ဘယ်ပါမလဲ ၁၅ သိန်းပေးပြီး ဝယ်လာတာတဲ့ ။ ခင်ဗျားတို့ပြောတော့ တောင်ပေါ်ကနေ တောင်အောက်ကိုမှ မဆင်းရဲ လူရိုး လူအကြီးပါဆို လို့ ပြောတော့ အေးဗျာ ကျနော့် တပည့်က အဲလိုပြောလို့တဲ့ ။
အဲဒါ နီးနီးနားနားရွာက မဟုတ်ပါဘူး ။ နမ့်လန်ချောင်း နားလေးက တောင်ပေါ်ရွာကနော် ရောက်ဖို့ မလွယ်အောင် ခက်ခဲတဲ့ ရွာမှာ ဖြစ်ခဲ့တာပါ ။ ( အဲဒါ မပြော နဲ့ SSA ဌာနချုပ် ကျေးသီး မိုင်းကိုင် ထဲအထိ လိမ်ထားတဲ့ ပစ္စည်းတွေ ရောက်နေတာ ရေးပြပါမယ်) မကျွမ်းကျင်ပဲ လောဘ ကြီးနေရင် ၁၀၀% အလိမ်ခံရမှာ ဖြစ်ပါတယ် ။
အဲဒီကိစ္စပြီးတော့ နောက်ထပ် တွေ့ရတာက သစ်လောက တကျော့ပြန် အကူညီ ပေးခဲ့ ဖူးတာပါပဲ ။ တနေ့ ကိုအေးကျော်က ကျနော်ကို လာခေါ်ပါတယ် ။ သူ့မိတ်ဆွေ ထုံးဖိုက မင်းမင်းစိုး ဆိုတဲ့ ကောင်လေး ကျွန်း ကိုင်းဖျား ကိုင်းနား တရားဝင်ထုတ်လာတာ လုပ်ထုံးလုပ်နည်း မတတ်လို့ ကူညီပေးပါဆိုလို့ ထုံးဖိုကို လိုက်သွားပါတယ် ။
ဟိုရောက်တော့ စာရွက်တွေ စစ်ကြည့်ပါတယ် ။ ဘယ်သူ ရထားသလဲ ဆိုတော့ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ ရွယ်စစ်အဖွဲ့က စီးပွားရေး တာဝန်ခံ ဗိုလ်မှူးစိုင်းလိတ် အမည်နဲ့ ချပေးထားတဲ့ စာရွက်ပါ ။ တန် ၅၀၀ ရထားတာပါ ။ ဒါဆိုရင်တော့ တောထဲဝင်ရင် ဘာမှ ကြောက်စရာ မလိုတော့ဖူး ( ဖမ်းတယ် သတ်တယ် ဆိုတာ အဲဒီအဖွဲ့ကပဲ လုပ်နေတာလေ)
မင်းမင်းစိုးနဲ့ ကျနော် တောထဲ လိုက်သွားပါတယ် အဆင့်ကတော့ မြင့်ပါ့ ကိုယ်ရံတော်တွေ ဘာတွေ နဲ့ပေါ့ ။ တောထဲရောက်တော့ သူတို့ ရွေးထားတဲ့ ကျွန်းတွေ ပြပါတယ် ။ ကျနော်က ဖြတ်သယ်ဖို့ အမှတ်ပေးခဲ့ပါတယ် ( ကိုင်းဖျား ကိုင်းနား ပါမစ်ဆိုတာ အကြီးတွေ သယ်မရပါဘူး သတ်မှတ်ချက် ရှိပါတယ် ၁၅ လုံး တတန်လား မသိပါဘူး ကြာတော့ မေ့နေပြီ) အဲဒီ စကေးဝင်အောင် ကျနော် က လုံးပတ်တုတ်ရင် တုတ်သလို အလျားကို ပေတို ဖြတ်ခိုင်းခဲ့ပါတယ် ။
ဒါပေမယ့် အေးသာယာ သစ်ကွင်းထိ ဒီအတိုင်းပဲ သယ်လာကြပါတယ် ။ လမ်းမှာ မစစ်ဖူးလားဆိုတော့ ပါမစ်စာရွက်ကြည့်ပြီး တယောက်မှ မစစ်ဖူးတဲ့ ။ ( ၂၀၁၂ နော် ဒီကောင်တွေ ခိုးမစားတတ်လို့ အေးသာယာထိ အတိုင်းစာရင်း မပါပဲ သယ်လို့ရတာ အံ့သြစရာပဲဗျ ဝန်ထမ်းတွေ တာဝန်မကျေတာပါ)
အဲဒီသစ်တွေကို တောင်ကြီး သစ်ထုတ်ရုံးက လာတိုင်းပါရော ။ သတ်မှတ်ချက်ထက် ကြီးနေလို့ ဒဏ်ရိုက်ပါတယ် ။ ဒီတော့မှ ကျနော်ပြောတာ မှန်ပါလားဆိုပြီး ပြန်လာခေါ်ပါတယ် ။ အဲဒီကျွန်းတွေ ရောင်းပေးပါတဲ့ ။ ရောင်းမရသေးပါဘူး ရုံးချုပ်က လာတိုင်းပြီး အစိုးရကို သတ်မှတ်ထားတဲ့ ငွေ သွင်းပြီးမှ ရောင်းလို့ ရပါမယ် ဆိုတော့ နားမလည်လို့ ဗိုလ်မှူးဆီ လိုက်ရှင်းပြပါတဲ့ ။
တောင်ကြီးမှာ ဗိုလ်မှူးစိုင်းလိတ်နဲ့ တွေ့ပါတယ် ။ ကျနော် ရှင်းပြတော့ သူလည်း စိတ်ညစ်သွားပါတယ် ။ သူတို့က အေးသာယာရောက်ပြီဆိုတာနဲ့ ငွေဖြစ်ပြီ ထင်နေတာကိုး ။ သစ်ကြီးမှ စျေးကောင်းတယ်ဆိုတော့ ဘယ်လို လုပ်ရမလဲတဲ့ ။ ကိုင်းဖျား ကိုင်းနား အစား သစ်လေ သစ်လွင့် ဆိုပြီး ပြန်လျှောက်လိုက်ပါ လို့ အကြံပေးခဲ့ပါတယ် ။ ကျနော့်ကို အစအဆုံး လုပ်ပေးပါ ဘယ်လောက်ယူမလဲတဲ့ ။
ဒါနဲ့ ကျနော်လည်း သစ်လုပ်တုန်းက ကျနော် ညီလို နေခဲ့တဲ့ မင်းကိုနဲ့ အခြား မန်နေဂျာတွေ ကိစ္စကို မေးမိပါတယ် ။ ဘာပြောသလဲသိလား ? ခင်ဗျားကို SSA က ဖမ်းတယ်လို့ ဘယ်သူပြောသလဲ မြန်မာ စစ်တပ်က SSA ယူနီဖောင်းနဲ့ ဖမ်းတာဆို ဘယ်လို လုပ်မလဲ လို့ ပြန်မေးပါတယ် ။ ကျနော်လည်း သူတို့ လိမ်ပြောနေတာ သိလို့ ဟုတ်မှာပါဗျာ ဆိုပြီး ပြောခဲ့ပါတယ် ။ သူတို့နဲ့ လုပ်ဖို့ နောက်နေ့မှ အကြောင်းပြန်ပါမယ် ဆိုပြီး ပြန်လာခဲ့ပါတယ် ။ အခုချိန်ထိ ပြန်မဆက်သွယ်တော့ပါဘူး ။ သူတို့ ပါမစ်လည်း ရက်လွန်ဖြစ်ပြီး စက္ကူဘဝ ရောက်သွားပါတယ် ။
ရပ်စောက်မြို့ကို ပြန်ရောက်တော့ မြို့နယ် မြေစာရင်းရဲ့ သဘောထားမှတ်ချက် ရနေပါပြီ ။ အဲဒါ သွားယူတော့ ဦးစီးမှူးက
" ဂျာကြီးရေ ကျနော့်အတွက်တော့ မပေးပါနဲ့ ဒါပေမယ့် ရုံးမှာ ကွန်ပြူတာ မရှိလို့ ရုံးအတွက် ကွန်ပြူတာလေး လှူသွားပါအုံး"
" ဦးစီးခင်ဗျ ကျနော် လှူပါ့မယ် ဒါပေမယ့် သစ်တောကြိုးဝိုင်းထဲ ကျနေလို့ သစ်တောနဲ့ အခုပဲ သွားပြီး ညှိရပါအုံးမယ် ။ ပေါ်လစီ အပြောင်းအလဲ ကာလဆိုတော့ သစ်တောက မီးစိမ်းပြရင် အားလုံး ပြီးပါပြီ ညနေမရောက်ပါဘူး ကျနော်ပြန်လာပါ့မယ် ။ သစ်တောက မီးနီပြလိုက်မယ်ဆိုရင် ကျနော်သုံးတဲ့ ငွေအတွက် သူဌေးနဲ့ စကားပြောစရာ ဖြစ်နေမှာ စိုးလို့ပါ ။ ကျနော် လုပ်ပိုင်ခွင့်က တစ်သိန်း နှစ်သိန်းပဲ ခွင့်ပြုထားလို့ပါ "
" ရပါတယ်လေ"
( မျက်နှာ မကောင်းဘူးဗျ ဒါနဲ့)
" ဦးစီးမှူးခင်ဗျ အောင်မြင်တော့လည်း ကွန်ပြူတာကို ကျနော် တာဝန်ယူပါမယ် လောလောဆယ် ရုံးအတွက် ၁ သိန်း ရံပုံငွေ အဖြစ် အကြို လှူခဲ့ပါ့မယ် ခင်ဗျ"
" အေးပါဗျာ အောင်မြင်ပါစေ ဂျာကြီး ဖြေးဖြေးသွားနော်"
ကိုင်း အဲဒါ ဌာနဆိုင်ရာ အကျင့်ပဲ ။ တနေ့က သူ့အောက်က စာရေးအတွက် သူတောင်းပေးတယ် ဒီနေ့ သူ့အတွက်သူတောင်းတယ် ကွန်ပြူတာက သုံးသိန်း ခွဲ လေးသိန်း ပေးရတာလေ ။
သစ်တောရုံးကို ပြတော့ သစ်တောကလည်း ရစ်ပြန်ပါရော ။ ပြည်နယ်ဝန်ကြီးရဲ့စာ ထုတ်ပြလိုက်တော့ ဘာပြောသလဲဆို ဒါနဲ့ မရဘူးတဲ့ ။ ပြည်ထောင်စု ဝန်ကြီး ( သစ်တော) လက်မှတ်နဲ့မှ သဘောထား မှတ်ချက် ပေးရမယ်တဲ့ ။ ကျနော် လုပ်နိုင်စွမ်း မရှိတော့လို့ သူဌေးကို လှမ်းပြောတော့ ရီနေပါတယ် ။ စောင့်အုန်းကွာတဲ့ ကဲ စောင့်ပေအုံးတော့ဗျာ ။
( ပြည်တွင်း လုပ်ငန်းရှင်တွေတောင် ဒီလောက် လုပ်ရ ကိုင်ရ ခက်ခဲနေရင် အခြားတိုင်းပြည်က ရင်းနှီးမြှပ်နှံသူတွေကို ဘယ်လို ဆွဲဆောင် နိုင်ပါ့မလဲဗျာ)
......ဒီလိုနေရင်း မိတ်ဆွေ ရဲထွက်တယောက် ရောက်လာပါတယ် ။ ကိုရှည်ကြီးတဲ့ ။ သူ့ဆီမှာ ကျည်ပိတ်တယ်ဆိုတဲ့ ကျောက်ခလောက်လေး ပါလာပါတယ် ။ အဲဒါ စမ်းသပ်ပြီး ရောင်းပေးပါတဲ့ ။ သူဖားကန့်မှာ နေတုန်းက ရလာတာတဲ့ နွားမှာ ချိတ်ပြီး ပစ်တာ လုံးဝ ကျည်မထွက်ဖူးတဲ့ ။
ရပ်စောက် မှာ မစမ်းပါနဲ့ ပင်ဖြစ်မှာ သွားစမ်းပါ သူမလိုက်တော့ဖူးတဲ့ ။ ပိုင်ရှင်က ပစ်မိန့် ပေးရင် ကျည်ထွက်တတ်လို့တဲ့ ။ ဒါနဲ့ သူ့မိတ်ဆွေ ကျနော့်မိတ်ဆွေ ကိုသန်းဝင်းကြီး ခေါ်ပြီး သွားပါရော ပင်ဖြစ်ကို ။ ပင်ဖြစ်သား အဂ္ဂိရပ်ဆရာ မိတ်ဆွေ ဆီသွားပြီး စကားပြောတော့ သူက ပါလာတဲ့ ကျောက်ခလောက်ကို ကြည့်ပြီး ရီပါရော ။
"ဘာဖြစ်လို့လဲ ဗျ"
"ဒါမျိုးတွေများ ပေါလွန်းလို့ ဗျာ"
" ဟာ ဟုတ်လို့လားဗျ"
" သိတယ် ခင်ဗျား လက်တွေ့သမား ဆိုတာ ခဏစောင့်"
( သူ့ ဖိုရုံထဲ သွားပြီး ကျောက်ခလောက်တွေ ဇကာကုံးကြီးနဲ့ ယူလာပါရော)
" ကဲ အဲဒါတွေပဲ ကြည့် တူသလားဗျ"
( တပုံစံထဲပါပဲ လောက်စာလုံးသာသာအရွယ်အစား မလုံးမဝိုင်း ပုံသဏ္ဍန် နီညိုညို အရောင်အဆင်း အားလုံး ကွက်တိ)
"ဘယ်က ရသလဲဗျ"
" မိုင်းပျဉ်း လဲချား အရှေ့ဖက်နားမှာ တောင်ကုန်းတခုလုံး ဒါမျိုးတွေ ချည်းပါပဲဗျာ "
"ကဲ ဒါဆို ကျနော်ကို လေး ငါး လုံး ပေးဗျာ"
" ကိုယ့်လူ ကြိုက်သလောက် ယူသွားပါ"
ကျနော်လည်း ငါလုံး ယူလာပါတယ် ။ ကျောက်ခလောက်ဆိုတာ မလုံးမဝိုင်း ကျောက်ခဲလုံးလေးရဲ့ အထဲမှာ အဆံလေး ပါနေပြီး လှုပ်ကြည့်ရင် အသံထွက်တာမျိုးပါ ။ ဒါနဲ့ ပင်ဖြစ် စိန်ပန်းပြာ စားသောက်ဆိုင်ဘေးက အညာသား ကိုမင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း တိုင်ပင်ပါတယ် ။ ရောက်မှတော့ စမ်းတာပေါ့ ဆိုပြီး ကိုမင်းကို အကျိုးအကြောင်း ပြောပြပြီး သူ့ဆိုင်နဲ့ မျက်စောင်းထိုးလောက်က စစ်ဆေးဂိတ်က တာဝန်ကျ စစ်သားဆီက သေနတ်နဲ့ ပစ်ဖို့ စီစဉ်ပါတယ် ။
မအောင်ရင် ငါးထောင် အောင်ရင် ငါးသောင်း ဆိုပြီး ပစ်ခိုင်းပါတယ် ။ ရွာအနောက်က ဝင်းသမ သစ်စက်ဖက် အထွက်လမ်းမှာ ရထားလမ်း ကျော်အောင်သွားပြီး အတိုနဲ့ ပစ်ပါတယ် ။ ဖောင်းဆို ထုပ်ထားတဲ့ လက်ကိုင်ပုဝါ အနီက ပေါက်ပြဲသွားပြီး ကျောက်ခလောက်က တစစီ ဖြစ်သွားပါတယ် ။ အဲဒါလေး ပြန်စုထည့်ပြီး ရပ်စောက်ပြန်လာပါတယ် ။
ကိုရှည်ကြီးကို ရွှေကမ္ဘာ လက်ဖက်ရည်ဆိုင်မှာ အဆင်သင့်တွေ့ပါတယ် ။ မအောင်ကြောင်းပြောပြီး သူ့ပစ္စည်း အကွဲလေးတွေ ယမ်းနံ့တသင်းသင်းနဲ့ ပြန်ပေးလိုက်ပါတယ်။
" ဖားကန့်တုန်းက တကယ်စွမ်းတယ်ဗျ"
" ခင်ဗျား နှမျှောနေလား "
"အေးဗျ ရှားပါး ပစ္စည်းဆိုတော့ နှမျှောတာပေါ့"
" ဒါဆို အစားပြန်ယူ ရော့"
( ပါလာတဲ့ ကျောက်ခလောက် ငါးလုံး ပြလိုက်တော့ အံ့သြသွားတယ်)
" ဟာ အများကြီးပဲ"
" ဒါမျိုးတွေ တောင်ကုန်း တခုလုံး အပြည့်တဲ့ ဗျ"
" သြော် ဟုတ်လား"
ကဲ ဇာတ်လမ်းက ဒါပါပဲ ။ ပစ္စည်းရှင် ပြောတိုင်း မယုံပါနဲ့ ။ ယုံမိတော့ သွားလာ စားသောက်တာရယ် သေနတ် ပစ်ခ ရယ် စုစုပေါင်း ၈ ထောင်လောက် ကုန်ခဲ့ပါတယ် ( ဒီသင်ခန်းစာကို ၈၀၀၀ိ/ထဲနဲ့ ရလိုက်တာ အတော်ကံကောင်းလှပါတယ် မသိသူများ သိန်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ကုန်ပြီးပါပြီ ယခုထိ ကုန်နေဆဲ လူတွေ မရေနိုင်ပါဘူး )
တနေ့ တောင်ကြီးက အဘ ရောက်လာပါတယ် ။ ကျောက်မီးသွေးလို မဲပြောင်နေတဲ့ အတုံး ရယ် စလင်းကျောက်တွေရယ် ပြပါတယ် ။ မဲမဲအတုံးလေးကို မီးရှို့ပါတယ် ထွက်လာတဲ့ ပြာက အဝါရောင်လေးပါ အဲဒီပြာတွေကို သံလိုက်တုံးနဲ့ ဆွဲတော့ တလက္မ နီးပါး ခုန်ပြီးကပ်ပါတယ် ။
" အဘဟာက ကျွန်းနက်အာနိသင်ပါပဲလား?"
"အေးလေကွာ ဒါ ကျွန်းနက်ပဲကွ"
"ကျနော်သိတဲ့ ကျွန်းနက်က ဒီလို ကျောက်နီးပါး မာနေတာ မဟုတ်ဖူး သာမန် ကျွန်းသားလိုပဲ အရောင်ပဲကွာတာ အဘရဲ့၊ အခုလက်ရှိ ကျွန်းနက်က မီးဖုတ်ထားတဲ့ ထင်းကုလား ဖြစ်သွားတဲ့အရောင် ဒီလောက် နက်မှောင် မနေဘူး"
" မင်းမြင်ဖူးသလား"
"ရှိပါတယ် အဘ ကျနော်က အပင်လိုက်ကို တွေ့ဖူးတာပါ"
" ဟေ ငါတောင် မမြင်ဖူးသေးဘူး အပင်က ဘယ်လို အပွေးအခေါက်လည်း"
" ရိုးရိုးကျွန်း နဲ့ အခေါက်အရွက် အတူတူပဲ ခွဲမရပါဘူး ပန်းပွင့်ချိန်မှ ခွဲရတာပါ"
" ဘယ်လိုခွဲလည်းကွ"
"ရိုးရိုးကျွန်းက အဖြူရောင်ပန်းပွင့်တယ် ကျွန်းနက်က ခရမ်းရောင်ပန်းပွင့်တယ်အဘ"
" တော်တော်များများ တွေ့ဖူးလား"
" ကျနော့်ကုမ္ပဏီ ဧက ၅၅၀၀ ထဲမှာတော့ သုံးလေးပင်ပဲ ရှိပါတယ် များများလိုချင်ရင် ကသာဖက်မှာ တအုပ်ကြီး တွေ့ဖူးပါတယ်အဘ"
"ဝယ်သူကော "
" အခုချိန်ထိ လေနဲ့ပဲ လာဝယ်တဲ့ ပွဲစား ပြီး ပွဲစားတွေပဲ တွေ့ရပါတယ်"
"ကဲ ငါရှာမယ်ကွာ အခု အရေးကြီးတာ ဒီအပင်ကွ"
( ဓါတ်ပုံ ထုတ်ပြပါတယ် ဒီနေ့ နာမည်ကြီး ညောင်နီပင်ပါ ၂၀၁၂ မှာ သိသူ အလွန်နည်းပါတယ်)
"အဲဒီအပင်တွေ့ရင် တပင်ကို သိန်း ၅၀၀၀ ရမယ် အဲဒီအပင်မှာ နွားချေးပိုးထိုးလို အကောင်တွေ ရှိတယ် ။ ညောင်ရွက် စားထားလို့ အနီရောင် သန်းနေမယ် အဲဒါ တကောင်ကို ၇ သိန်းရမယ်"
( အပင်က အနီစီးထွက်ရမယ် ပေါကရ ထွက်တာမဟုတ်ပါ ကိုင်းကို ခုတ်ဖြတ်ကြည့်လျှင် အနီစီးက စက်ဝိုင်းပုံ နှစ်ရစ် ထွက်နေရပါမယ် အရွက်က အကြောလေးတွေကို ချိုးလျှင်ပင် အနီစီးထွက်ရပါမယ် အရွက် အရွယ်အစား ၃ လက္မ ခွဲ မှ ၄ လက္မပဲ ရှိရပါမယ် အရောင်က အနုမှာ ပန်းရောင် ရင့်သွားလျှင် ဗိုက်သား အစိမ်းရောင် အကြောရှိရာ နောက်ဖက် ပန်းနုသွေးရောင် ရှိရပါမယ် ဒီအပင်ကို ဂဃနဏ မသိပဲ သူများစကားနဲ့ လိုက်ရှာရင်း မွဲသွားသူတွေ အများကြီးပါ ဆက်ရေးပါမယ် ကျနော့် ကောင်တာမေးခွန်းတွေ မှတ်ထားပါ)
" ကောင်းပြီ အဘ တပင် သိန်းငါးထောင်ဆိုတော့ တထွာလောက် တတောင်လောက် အပင်ပေါက်ကိုရော ဒီစျေးပေးမှာလား"
" ဟာ အဲဒါ ငါမမေးမိဖူး"
" ဖြစ်သင့်တာက တန်နဲ့ တွက်ပေးတာ အကောင်းဆုံးပဲ အဘ သူမနာ ကိုယ်မနာပေါ့"
" အေးကွာ ငါမေးပေးပါမယ်"
အဘလည်း ထမင်းစားပြီး ပြန်သွားပါတယ် ။ လက်ထဲမှာတော့ အဘပေးခဲ့တဲ့ ညောင်နီပင် ဓါတ်ပုံတွေရယ် စလင်းကျောက် နမူနာတွေရယ် ကျန်ခဲ့ပါတယ် ။
တောထဲက တပည့်တွေ မိတ်ဆွေတွေ ဆီကို ဓါတ်ပုံမိတ္တူတွေ ဖြန့်ပြီး ရှာခိုင်းမိပါတာယ် အနီစီး ထွက်သမျှ အပင်တွေရဲ့ ကိုင်းတွေ မွစိတက်နေတာပါပဲ ။ အများဆုံးက သရက်ရွက်လို ရှည်မျှောမျှောတွေ ချည်းပါပဲ ။
တနေ့ အဘက ကျွန်းနက် နမူနာ နဲ့ တောင်ကြီးကို လာခဲ့ပါဆိုလို့ သွားလိုက်ပါတယ် ။ ကျွန်းနက်သား မျှင်မျှင်လေး ( အမဲသား မျှင်လောက်) ဖဲ့ယူပြီး ရေထဲချပါတယ် နစ်သွားတယ်ဗျ ( ရိုးရိုးကျွန်းက မနစ်ပါဘူး) ထုံးစံအတိုင်း ပြာအရောင်စစ် သံလိုက်နဲ့ ဆွဲ ok ပဲဗျ ။ စိတ်တိုင်းကျစစ်ဆေးပြီး တရုတ်က စျေးပြောပါတယ်
" ကျွန်းနက် တစ်တန်ကို ..........."
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ