သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၄)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၂၄)
မျှော်နေသူတွေ ရောက်ပါပြီ ။ ပါလာတဲ့ နမူနာ အတိုင်းစမ်းပြပါတယ် ။ ငွေပြား ဝါသွားပါတယ် ။ တခြမ်းဖိထားပြီး တခြမ်းကို ပွတ်ပါတယ် ။ အရောင်အနည်းငည် ကွာသွားပါတယ် ။ နောက် အတွင်းပိုင်းကို ချိုးကြည့်တော့ မဝါလို့ဆိုပြီး မဝယ်ဘူး ပြောပါတယ် ။
ကျနော် သိရသလောက် ကျောက်ပုပ်ရေ ( ရေပုပ်က)က နှစ်မျိုးကွဲနေပါတယ် ။ တမျိုးက သံစားကျောက်ထွက်တဲ့ နေရာကနေ မိုးရေနဲ့ သံစားကျောက်ဟာ နေဒဏ် လေဒဏ်နဲ့ ဓါတ်ပြုသွားပြီး ရေပုပ်ဖြစ်သွားပါတယ် ။
မိုးရာသီမှာ မရပါဘူး ။ ဆောင်းလယ်ဆောင်းနှေင်းမှာ ရလေ့ရှိုပီး နွေရာသီမှာ ခမ်းသွားလေ့ ရှိပါတယ် ။ ကြက်တောင်မွှေး အဖြူကို နက်စေပြီး အနက်ကိုဖြူစေသည်အထိ စွမ်းတာ အဲဒီရေပုပ်ဖြစ်ဖို့ များပါတယ် ။
နောက်ရေပုပ်ကတော့ မြေအောက်မှာ ကန့်ဓါတ်များလွန်းနေတဲ့အခါ အဲဒီနေရာက စိမ့်ထွက်နေတဲ့ ရေဟာ ရေပုပ်ပဲ ဖြစ်ပါတယ် ။ ကန့်ကလည်း လက်ဝဲကန့် နဲ့ လက်ယာကန့် နှစ်မျိုးရှိပါတယ် ။ ရွှေဖြစ်ထိုးတဲ့ ကန့်ကလာတဲ့ ရေပုပ်မှ လိုချင်တာပါ ။
ရေပုပ်ဖြစ်စေတဲ့ ကန့်တွေထဲမှာ အနှစ်သားချည်း ဖြစ်တဲ့ ကန့်ကိုရရင် ရွှေဖြစ်ပါသတဲ့ ။ အဲဒီကန့်အခဲကို သနပ်ခါးသွေးသလို သွေးပြီး ငွေပြားရဲ့ မျက်နှာပြင် တဖက်ကို လိမ်းပါ ။ ကျန်တဲ့ ဖက်ကနေ ဖရောင်းတိုင်မီးနဲ့ ကင်လိုက်ပါ ။ မီးကင်တဲ့ မျက်နှာပြင်ကို အဝါရောင်ကူးလာပါတယ် ။ ဒါဆို ရပြီလို့ ပြောကြပါတယ် ။
မယုံနိုင်စရာမို့ မဖြစ်နိုင်ဘူးလို့ ပုံသေတွက်မရတာ ပြောပါမယ် ။ မကွေးတိုင်းထဲမှာ အဲဒီလို ရေပုပ်ထွက်တဲ့ နေရာတွေ အများကြီး ရှိပါတယ် ။ ဘယ်နေရာပဲ ဖြစ်ဖြစ် ငွေပြားစိမ်ကြည့် ငါးစက္ကန့်မှာ ဝါလာပါတယ် ။ ဆက်စိမ်ထားရင်မဲသွားပါတယ် ။ လက်တွေ့ သုံးနေရာ ရောက်ခဲ့ပါတယ် ။ အားအပြင်းဆုံးနေရာဆိုရင် ပုလင်းအဝမှာ ငွေပြားနဲ့ ဖိထားတာ ငွေပြားဝါသွားပါတယ် ။ စိမ်စရာမလိုပဲ အငွေ့နဲ့ ဝါသွားတာပါ ။ ကန့်အနှစ်ကို သွေးလိမ်းရင် ဟိုဖက်ထိ ပေါက်တယ်ဆိုတာ ဖြစ်နိုင်တယ် ထင်ပါတယ် ။
ရေပုပ်ရှာပုံတော် အခန်းမှာ အသေးစိတ်ရေးပြပါမယ် ။ ပြောချင်တာက ရေပုပ်တကယ်ဝယ်သူ မတွေ့သေးပါဘူး ။ ပွဲစားခြင်း လေနဲ့ ဝယ်နေတာပါ ဖွတ် ဖွတ် ခြင်း အမှီး လိမ်နေတာလို့ ပြောချင်ပါတယ် ။ သူများစကား နားမယောင်ပါနဲ့ဗျာ ။
ကျနော် အာရုံပျက်တာ ရေပုပ်ရယ် ကျွန်းရယ် နှစ်မျိုးပါပဲ ။ အဝယ်ရှိတယ်ပြောတိုင်း မယုံသင့်ပါဘူး ။ ကျနော်တို့လည်း ၂ သိန်းယူပြီး ပြန်လာပါတယ် ။
နှစ်ရက်လောက်နေတော့ ကျောက်မီးသွေးကိစ္စအတွက် GPS သွားဖတ်ရပါတယ် ။ နောက် လျှောက်တဲ့ ဧကကြည့်တော့ လန့်တောင်သွားတယ် ဧက ၃၀၀၀ တဲ့ ( ၅၀၀၀. တွေ ၁၀၀၀၀ တွေတောင်ရှိတယ်ဗျ ။ )
ကျနော်တို့ ရွှေလုပ်ကွက်ဆို အများဆုံ ၂၀ ဧက | ခဲသတ္တုဆို အများဆုံး ၅၀ ဧကပဲ လျောက်ပါတယ် ။ အခု ဧက ၃၀၀၀တောင်လျှောက်ပါတယ် ။ ရလည်း ရပါတယ် ။ စမ်းသပ်တူးဖေါ်ကာလမှာပဲ SSA နဲ့ ပြဿနာ တက်ပါတယ် ။ အခွန်တဲ့ဗျာ အစိုးရထက် များတယ် တောင်းတာက ။ ကျောက်မီးသွေးကို ကျောက်စိမ်းလောက် အခွန်လိုချင်နေတော့ ဘယ်အဆင်ပြေပါ့မလဲ ။
စိတ်မကောင်းဖြစ်ရတာက ဒေသခံတွေအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကျောင်း ဆေးပေးခန်း လမ်း တပိုင်တနိုင် ရေအား လျှပ်စစ်ရရှိရေး ဒါတွေအားလုံး ဆုံးရှုံးခဲ့ရတာပါပဲ ။ အလုပ်အကိုင်အခွင့်အလမ်းတွေပါ တွက်မယ်ဆိုရင် အတော်နစ်နာ ဆုံးရှုံးခဲ့ရပါတယ် ။
ကျောက်ဂူမှာ နာမည်ကြီး ဆန်ကပ်မီးအိမ် တွေ့ခဲ့ရပါတယ် ။ ဆန်ကပ်တာလည်း စမ်းသပ်ပြပါတယ် ။ သိန်းငါးဆယ်နဲ့ ရောင်းမယ်တဲ့ ။ ကိုယ်လည်း နားမလည်ဖူးလေ ။ ရိုးရှင်းစွာ ပြောခဲ့ပါတယ် ။ သိန်း ၅၀၀၀ လောက်တန်တဲ့ ပစ္စည်း တောင်ကြီး လိုက်မရောင်းရဲဘူးဆိုတာ မဟုတ်သေးပါဘူးလို့ ။ ဒီနားတင် သိန်းငါးဆယ်နဲ့ပဲ ရောင်းမယ်ချည်း ပြောပါတယ် ။ မသင်္ကာစရာပေါ့လေ ။
ဒါနဲ့ ပြန်လာခဲ့ပါတယ် ။ ဆန်ကပ်မီးအိမ်ဆိုတာ သာမန်ဆန်စေ့ကို မီးအိမ်နားမှာ ထားလိုက်ပါ ။ ၆". အကွာ ၄". အကွာ အစရှိသဖြင့် သူက ဆွဲယူပါမယ် ။ ပြီးရင် ဆန်ကအရောင်းပြောင်းသွားရပါမယ် ။ သူ့အလိုလို ပြန်ကွာရပါ့မယ် ။ ချေကြည့်ရင် ဆန်စေ့ဟာ ကြေသွားရပါ့မယ် ( ကျန်တာ နောက်မှ ပြောပါ့မယ်)
အဲဒီလို အဆင့်ဆင့် စစ်ဆေးပြီးမှ ဝယ်တာပါ ။ ကျနော့်မိတ်ဆွေတွေ အလိမ်ခံရတာ သိန်း ၂၀၀ ပါသွားပါတယ် ။ လိမ်ပုံက ရိုးရိုးလေးပါ ။ ပထမ ဆန်ကပ်မီးအိမ် လာစစ်ဖို့ ခေါ်ပါတယ် ။ စစ်ဆေးကြည့်တော့ ဆန်ကပ်ပါတယ် ။ ဆန်လည်း ကပ်ရော လူတယောက်ရောက်လာပြီး မရောင်းရဘူး ဘာညာ နဲ့ ပြဿနာရှာလို့ ပြန်လာရပါမယ် ။
နောက်တခါ လာပြောပါမယ် ။ ပြဿနာရှာသူမသိအောင် ခိုးရောင်းမယ် ။ ဘယ်ကိုလာခဲ့ပါ သိန်းနှစ်ရာနဲ့ ရောင်းမယ်ပေါ့ ။ ဒီဖက်ကလည်း ဆန်ကပ်တာ မြင်ထားတော့ ယုံနေပြီ ဆိုပါတော့ ။ ၂၀၀. ရင်းပြီး ၅၀၀၀ ရမှာ ဆိုတော့ သူငယ်ချင်းတွေ စပ်ဟပ် စုဆောင်းပြီး သွားပါရော ။
ချိန်းတဲ့ နေရာ ရောက်တော့ မြန်မြန်စစ်ဗျ ပြဿနာကောင် လာလိမ့်မယ် လို့ ပြောပါတယ် ။ ဆန်ကပ်လည်း စစ်ပြီးရော ပြဿနာရှာသူက ရဲနဲ့ ရောက်လာပြီး ဖမ်းခိုင်းပါရော ။ ဟိုညှိဒီညှိ ပြောနေရပြီး ရဲက ကြားဝင်ပေးတယ် ။ ကဲ မြန်မြန် ဝယ်ပြီး လစ်တော့ ဒီကောင်ဆူနေသေးတယ်ဆိုပြီး လုပ်ပါရော ။
အပြင်မှာလည်း မိုးမွန်အောင် ဆဲဆို ခြိမ်းခြောက်နေတော့ ကျန်တာ မစစ်တော့ပဲ ၂၀၀ ပေးပြီး ပြန်လာရပါရော ။ အိမ်ရောက်တော့ စစ်ကြည့် ဘာမှ မဖြစ်တော့ဘူး ဆန်ပဲ ကပ်တယ် ။ ရဲ တွေ မူးဆဲနေတာတွေ အားလုံးက ရုပ်ရှင်ရိုက်ပြတာ ။ အားလုံးအင်တွေ ကဲ အဲဒါ လိမ်နည်းတခုဗျ ။
ဆန်ကပ်အောင် ဘယ်လိုလုပ်လည်း ဆိုတော့ လက်တွေ့တော့ မလုပ်ဖူးပါဘူး ဘူဒိုဇာတွေ သစ်တင်ကလပ်တွေမှာ သုံးတဲ့ ၁၀ ဆီဆိုတာ ရှိပါတယ် အဲဒီဆီနဲ့ လုပ်ရတာတဲ့ ။ လွယ်လွယ်ရနိုင်တာကတော့ လျှပ်စစ် ခွဲရုံတွေမှာ သုံးတဲ့ 11 KV. 33 KV. 66 KV အစရှိတဲ့ ထရမ်စဖေါ်မာတွေထဲ ထည့်တဲ့ ဆီပါပဲ ။
ဒီသတင်းတွေကြားတော့ ဘယ်သူတွေ လိမ်နေသလဲ လေ့လာကြည့်တာ တောခေါင်ခေါင်က စာမတတ်တဲ့ သူတွေက မြို့ပေါ်က ဘွဲ့ရပညာတတ်တွေကို လိမ်နေတာဗျာ ။
မန္တလေးမှာ တွေ့ခဲ့တဲ့ လူလိမ် ကိုသက်ဆိုတဲ့ လူဆီက ဖုန်းလာတယ်ဗျ ။ ဖားဆွဲပေးပါတဲ့ ငွေပါ ပါအောင် ယူခိုင်းပါတဲ့ လိမ်မရရင် လုမယ်တဲ့ ဖုန်းဆက်ပါတယ် ။ အတော် စိတ်ပျက် စက်ဆုပ်ဖွယ် လူစားတွေပါပဲ ။
ဒီလိုပြောလို့ အလိမ်ခံရသူတွေကရော လုံးလုံး အပြစ်မရှိဖူးလား ဆိုတော့ ရှိတာပဲဗျ ။ တကယ်စဉ်းစားကြည့်ရင် သူတို့ကတောင် စလိမ်တယ် စွတ်စွဲရမယ် ။ စဉ်းစားကြည့်နော် ကြားပွဲစားတွေ လုပ်ပေါက်ကို
ပွဲခကို ၂၀ % သတ်မှတ်ထားတယ် ။
စျေးကို ပိုင်ရှင်အား အဆမတန် နှိမ်ထားတယ် ပွဲစားက တခါတရံ ပိုင်ရှင်ထက် ၁၀ ဆလောက် ပိုတင်ထားတယ် ။
အဝယ်နဲ့ ပွဲစား စာချုပ် နှစ်မျိုးချုပ်တယ် ။
သူများကို လိမ်ဖို့ ကြိုးစားရင်း သူတို့ပဲ အလိမ်ခံရတယ် ။ ပွဲစားဘဝနဲ့ မွဲပြီဆိုရင် အခြား ငွေတတ်နိုင်တဲ့ အပေါင်းအသင်းတွေကို မြူဆွယ်ပြီး လောဘစိတ် ထည့်ပေးတယ် ။ သူလည်း မသိပဲနဲ့ အာမခံပြီး စွတ်လုပ်တယ် အလိမ်ခံရပြန်တယ် ။ ဒါတွေဟာ ဂန္ဘီရ လောကရဲ့ အဆိုးကျော့ သံသရာ ပါပဲ ။
ကျနော့်အိမ်ကို အင်တောက ကိုငယ်ဆိုတဲ့သူ ရောက်လာပါတယ် ။ ကိုပေါရဲ့ အဆက်တွေပေါ့ ။ သူနဲ့ အတူ ပစ္စည်းတွေ ပါလာပါတယ် ။ တခုက ဖားရုပ်ကလေး | နောက်တခုက ပြည်ဝင် ပြည်ထွက် အရုပ် ( ဘုရင်နဲ့ မိဖုရား ဆင်စီးနေတဲ့ အရုပ်) ဖားရုပ်ကလေးက ပြဒါးယိုတဲ့ | ပြည်ဝင်ပြည်ထွက်က ပြဒါးငုပ်တဲ့ ။
ကဲ ပြဒါးယိုကိုစပြီးစမ်းပါတယ် ။ ယိုတော့ ယိုတယ်ဗျ ဒါပေမယ့် ပြဒါးက အရည်မဖြစ်ပဲ ခဏနေတော့ ခဲသွားပါတယ် ။ ဒါနဲ့ အသေအချာ ကြည့်တော့ ယိုကျလာတာ ပြဒါး မဟုတ်ပါဘူး ။ ရှေးက အလေးအဖြစ် သုံးခဲ့တဲ့ အရုပ်တွေမှာ အချိန်ကိုက်အောင် ခဲဖြည့်ထားပါတယ် ။ အပူပေးတော့ အဲဒီခဲတွေ ထွက်လာတာပါ ။
နောက်တရုပ် ပြဒါးငုပ် ။ ပြဒါးငုပ်ဆိုတာ ကြေးသေပါပဲ။ ကြေးသေသွားရင် ရွှေလုပ်ရ လွယ်ပါပြီတဲ့ ။ အရည်ကြိုထားတဲ့ ကြေးတွေထဲကို သတ်မှတ်ထားတဲ့ အချိန်မှာ အဲဒီကြေးသေကို ထည့်လိုက်ပါ အရုပ်က ကြေးရေထဲကနေ ပြန်ပေါ်လာချိန် မီးညှပ်နဲ့ ဆယ်ယူရပါမယ် ။ ပြီးရင် ကြိုထားတဲ့ ကြေးတွေ ရွှေဖြစ်ပြီလို့ ပြောပါတယ် ။
ကဲ ရွှေဖြစ်မယ့် ကောင်လား ကြည့်ကြပါစို့ ..........!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment