The importance of constructivism in Education
To what extent do you agree with the importance of constructivism in Education? How do you apply concepts of constructivism in your teaching?
နိဒါန်း
Constructivism သည် လက်တင်စကားလုံး Construere
မှ ဆင်းသက်လာခြင်း ဖြစ်သည်။ စီစဉ်ခြင်း သို့မဟုတ် တည်ဆောက်ခြင်းဟု အဓိပ္ပါယ်ရပါသည်။
လူတစ်ယောက်၏ ဦးနှောက်အဖွံ့ဖြိုးဆုံးအရွယ်သည်
မွေးစမှသည် အသက်(၈) နှစ် အရွယ်အထိ ဖြစ်သည်။ ထို့ကြောင့် သင်ယူမှုအကောင်းဆုံးလုပ်နိုင်သည့်
အရွယ် လည်း ဖြစ်သည်။
Constructivism သည် ကလေး၏ဦးနှောက်ကို ပြုပြင်တည်ဆောက်ယူခြင်း
ဖြစ်သည်။ ကလေးများ၏သင်ယူမှုတွင် ထိရောက်စွာသင်ယူနိုင်ရန် လုပ်ဆောင်ပေး ရခြင်း ဖြစ်သည်။
ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုအောက်တွင် ကျောင်းသား၊ ကျောင်းသူတို့သည် မိမိတို့ကိုယ်တိုင်
သင်ယူနိုင်စွမ်းရှိအောင် လုပ်ပေးခြင်းသည် Constructivism ဖြစ်သည်။
သင်ယူမှုအပေါ် အာရုံစိုက်ခြင်း၊
အတွေ့အကြုံရှိခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့၏
အသိပညာများတည်ဆောက်ရန် တွန်းအားဖြစ်စေသည်။ ထို့ကြောင့်
ပညာရေးတွင် အပြုသဘောဆောင်မှု၏ အရေးပါမှုကို လေးနက်စွာသတိပြုမိပါသည်။
အပြုသဘောဆောင်သော စာသင်ခန်းများတွင်
ကျောင်းသားများသည် ၎င်းတို့၏ သင်ယူမှုလုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြသည်။ ဝေဖန်ပိုင်းခြား တွေးခေါ်မှု၊
ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်နှင့် လက်တွေ့ကမ္ဘာအခြေအနေများတွင် အသိပညာကိုမြှင့်တင်ပေးသည်။
အသုံးချနိုင်စေသည်။ Constructivism သည် တီထွင်ဖန်တီးနိုင်စွမ်းကို
အားပေးခြင်း၊ ကိုယ်တိုင်လမ်းညွှန်သင်ကြားခြင်းနှင့် ထိတွေ့ ဆက်ဆံခြင်းအစရှိသော ခေတ်မီပညာရေးပန်းတိုင်များနှင့်လည်း လိုက်လျော
ကိုက်ညီ မှု ရှိပါသည်။
Constructivism
ပညာရေးတွင် Constructivism က အရေးပါပါသည်။
Active Learning, Critical Thinking, Personalized Learning, Collaboration
and Social Interaction နှင့် Real-World Application တို့ ပါဝင်သည်။
Constructrism ကို အသုံးပြုတော့မည်ဆိုလျှင် ကျောင်းသား၊
ကျောင်းသူတို့၏ Previous Knowledge ကို ပြန်ဖော်ရမည်။ အသစ်အသစ်သော Knowledge
နှင့် ချိတ်ဆက်ပေးရမည်ဖြစ်သည်။ သူတို့ဘယ်လောက် လေ့လာနိုင်သလဲ။ သူတို့ ဘယ်လောက် လေ့လာထားသလဲ
စသည်တို့ကိုလည်း လေ့လာသုံးသပ်ထားရပါမည်။
Active Learning: တက်ကြွသောသင်ယူခြင်း
ကျောင်းသား၊ ကျောင်းသူတို့
သင်ယူမှုလုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်လာ သောအခါ ဆရာမှ အတင်းအကြပ်မျှဝေခြင်းထက် အကောင်းဆုံးသင်ယူနိုင်ရန်
ဦးစားပေးပါသည်။ ကျောင်းသား၊ ကျောင်းသူတို့၏ Previous Knowledge နှင့် ဗဟုသုတအသစ်၊
ပညာအသစ်များကို ချိတ်ဆက်သင်ကြားခြင်းဖြင့် Constructivism ကို ဖော်ဆောင်ပါသည်။
Critical Thinking: ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်ခြင်း
ကျောင်းသား၊ ကျောင်းသူတို့အား
ပြဿနာကို ခွဲခြမ်းစိတ်ဖြာတတ်စေရန်၊ အကဲဖြတ်တတ်စေရန်၊ မေးခွန်းထုတ်ရန်နှင့် ဝေဖန်ပိုင်းခြား
တွေးခေါ်နိုင်မှုကို အားပေးပါသည်။ ပြဿနာ၊ အခက်အခဲ ဖြေရှင်းနိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါသည်။
Personalized Learning: တစ်ဦးချင်းသင်ယူခြင်း
တချို့ကျောင်းသား၊
ကျောင်းသူတို့မှာ Special Needed များဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတို့၏ လိုအပ်ချက်ကို
အဓိကဖြည့်ဆည်းပေးသည်။ ကျောင်းသား၊ ကျောင်းသူ၏ လိုအပ်ချက်နှင့်အညီ သမားရိုးကျနှင့် ခွဲထွက်ကာ
စိတ်ကြိုက်သင်ကြားခြင်းဖြစ်သည်။
Collaboration and Social Interaction: ပူးပေါင်းခြင်းနှင့် လူမှုဆက်ဆံရေး
ကျောင်းသား၊ ကျောင်းသူတို့၏ နားလည်နိုင်စွမ်းနှင့်
ထိန်းသိမ်းနိုင်စွမ်းကို မြှင့်တင်ပေးသည်။ အသင်းအဖွဲ့နှင့် ဆောင်ရွက်တတ်စေသည်။ လုပ်ဖော်ကိုင်ဖက်များ၊
သူငယ်ချင်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ မတူသောအမြင်များ ရရှိစေခြင်းကိုလည်း ရည်ရွယ်ထားပါသည်။
Real-World Application: လက်တွေ့ကမ္ဘာ့အခြေအနေများကို အသုံးပြုခြင်း
လက်တွေ့လောကတွင် ရင်ဆိုင်နေရသည့် အဖြစ်အပျက်၊
အခြေအနေတို့နှင့် သက်ဆိုင်သည့် သင်ခန်းစာများကို ဆရာက ဒီဇိုင်းဆွဲ ဖန်တီးရသည်။ စာသင်ခန်း
ပြင်ပသင်ယူမှုကို အလေးထားပြီး သင်ယူမှု၏ အဓိပ္ပါယ်ကို ပိုမိုလေးနက်စေပါသည်။ ကျောင်းသား၊
ကျောင်းသူတို့ လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
Constructivist Learning Theory ၏ အခြေခံမူများ
* အသိပညာကိုတည်ဆောက်သည်။
* သင်ယူခြင်းသည် လူမှုရေးလှုပ်ရှားမှုတစ်ခုဖြစ်သည်။
* သင်ယူမှုသည်တက်ကြွသောလုပ်ငန်းစဉ်ဖြစ်သည်။
* သင်ယူခြင်းသည် ဆက်စပ်မှုရှိသည်။
* လူတို့သည် သင်ယူနိုင်တတ်သမျှ သင်ယူတတ်၏။
* သင်ယူခြင်းသည် စိတ်၌တည်၏။
* အသိပညာသည် ကိုယ်ပိုင်ဖြစ်သည်။
* Motivation သည် သင်ယူခြင်း၏ သော့ချက်ဖြစ်သည်။
သင်ကြားရေးတွင် Constructivism ကို အသုံးချသည့်အခါ
ကျောင်းသား၊ ကျောင်းသူတို့
မေးခွန်းမေးတတ်စေရန်၊ တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ စူးစမ်းတတ်စေရန် လမ်းညွှန်ပေးပါသည်။
ရှာဖွေတွေ့ရှိမှုမှတစ်ဆင့် တန်ဖိုးထား နားလည်မှုရှိလာစေသည်။
ကျောင်းသား၊ ကျောင်းသူတို့
တတ်သိထားသည့် အသိပညာနှင့် ကျွမ်းကျင်မှု များကို အသုံးချ၍ အဖြေရှာတတ်စေရန်၊ လက်ရှိတွင်ကြုံတွေ့နေရသည့်
အပြင်လောက မှ ပြဿနာများ၏ သင်ခန်းစားများကို ဖော်ထုတ်လာနိုင်စေသည်။
ကျောင်းသား၊ ကျောင်းသူတို့
တိုးတက်လာစေရန် လမ်းညွှန်မှု၊ ကူညီပံ့ပိုးမှုတို့ကို တိုးမြှင့်ပေးမည်။ ၎င်းတို့၏ ယုံကြည်မှုနှင့်
လွတ်လပ်စွာလုပ်ဆောင်နိုင်မှု ရရှိလာသည့် အခါတွင် ပံ့ပိုးကူညီမှုတို့ကို တဖြည်းဖြည်း
လျှောချပေးခြင်းဖြင့် အရည်အချင်းကို တိုးတက်လာစေပါသည်။
အပြန်အလှန်အကျိုးပြုသော
သင်ယူမှုပတ်ဝန်းကျင်ကိုလည်း
ဖန်တီးပေးရမည် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတို့၏ စိတ်ကူးများကို စူးစမ်းရန်နှင့် လေ့လာရန် ခွင့်ပြုသည့် virtual
သို့မဟုတ် လက်တွေ့လှုပ်ရှားမှုများတွင်
ပါဝင်ရန်အတွက် ဒစ်ဂျစ်တယ်ကိရိယာများ၊ သရုပ်ဖော်မှုများကို အသုံးပြုပါမည်။ ဥပမာ
ပဲပင်ပေါက် အပင်ပေါက်လာခြင်းကို လေ့လာနိုင်ရန်အတွက် အုပ်စုဖွဲ့ကာ စိုက်ပျိုးကြည့်စေခြင်းမျိုး
ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူတို့အား
၎င်းတို့၏ သင်ယူမှုအတွေ့အကြုံများကို ပြန်လည်သုံးသပ်တတ်စေရန်၊
၎င်းတို့၏ သင်ယူမှုအသစ်နှင့် ယခင်အသိပညာများ ကြားတွင် ချိတ်ဆက်မှုများပြုလုပ်ရန်
ကူညီပေးခြင်းသည် Constructivism ၏ သော့ချက်ဖြစ်သည်။ ထို့အတူ
ဆရာ၊ ဆရာမသည်လည်း ကိုယ်သင်လိုက်သည့် သင်နည်းသည် ကျောင်းသား၊ ကျောင်းသူတို့အတွက် Reflect
ဖြစ်သလားဟု ပြန်သုံးသပ်ရပါမည်။ ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ လက်ရှိဖြစ်ရပ်နှင့်
ကိုက်ညီမှုရှိ၊ မရှိ စသည်တို့ကို ပြန်လည်သုံးသပ်ရပါမည်။
သင်ပေးတဲ့အကြောင်းအရာနှင့် သင်ယူမှုလုပ်ငန်းစဉ်တွင်
ကျောင်းသား၊ ကျောင်းသူတို့၏ လက်တွေ့ဘဝနှင့် ဆက်စပ်မှုရှိအောင် ဖန်တီးဖို့လိုပါသည်။
စာမေးပွဲစနစ်ဟာ စာကျက်သည့်စနစ်ကို တိုက်တွန်းအားပေးနေသည်။ Education ဟာ အတွေ့အကြုံနဲ့ပဲ
စတင်သည်ဟု John Dewey (1859-1952) က ဆိုပါသည်။ John Dewey က ပညာရေးစနစ်သည်
Social Activist ဟု လက်ခံယူဆသည်။ One way communication မဟုတ်ဟု အခိုင်အမာ ယုံကြည်သည်။
ကျောင်းသား၊ ကျောင်းသူတို့၏
အသိပညာနှင့် ဗဟုသုတကို ကောင်းစွာ တည်ဆောက်နိုင်ရန်အတွက် လက်တွေ့အသုံးချနိုင်စွမ်းကို
ပြသနိုင်သည့် (Program) များ၊ (Discussion) များ၊ (Assignment)
များ၊ (Reflectional Journal) များမှတစ်ဆင့် သင်ယူမှုများကို တတ်မြောက်မှုရှိ၊
မရှိ လေ့လာ အကဲဖြတ်ပါမည်။ စာမေးပွဲများကိုသာ အာရုံစိုက် အလေးထားခြင်းအား လျှော့ချပစ်ပါမည်။
နိဂုံး
Constructivism ကို ပညာရေးတွင် အသုံးချခြင်းဖြင့် ကျောင်းသား၊
ကျောင်းသူ တို့၏ (Lifelong Learning) ကို လိုက်လျောညီထွေရှိစေကာ ပိုမိုတက်ကြွသော၊
အပြန်အလှန် အကျိုးသက်ရောက်မှု ကြီးမားသော ကျောင်းသာဗဟိုပြု သင်ကြားနည်း စနစ်ကို ဖန်တီးတည်ဆောက်နိုင်ပါသည်။
ထူးအောင်ဝင့်
(၁၉.၉.၂၀၂၄)

Comments
Post a Comment