The importance of humanism in Education
To what extent do you agree with the importance of humanism in Education? How do you apply concepts of humanism in your teaching?
နိဒါန်း
Humanism ဆိုသည်မှာ အပြုအမူကို ပြောခြင်း ဖြစ်သည်။
‘Education’ သည် လူအများ၏ အသိပညာ၊ အပြုအမူနှင့် လုပ်ဆောင်မှုပိုင်းတွင် ပို၍ကောင်းလာအောင်
လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ လူတစ်ယောက်၏ အပြုအမူသည် ပင်ကိုယ်နှင့် ဆိုင်သည်ဟု ယူဆလက်ခံထားလျှင်
‘Nature’ ကို လက်ခံထားသူဖြစ်သည်။ လူတစ်ယောက်၏ အပြုအမူနှင့် အကျင့်စရိုက်ကို
မိဘ၊ ဆရာနှင့် ပတ်ဝန်းကျင်က ပြုပြင်ပြောင်းလဲနိုင်သည်ဟု ယူဆလက်ခံထားလျှင် ‘Nuture’
ကို လက်ခံထားသူ ဖြစ်သည်။
Humanism
သည် ကျောင်းသား၊ ကျောင်းသူတို့၏ ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာခံစားချက်နှင့်
ကိုယ်ကျင့်တရား တိုးတက်ကောင်းမွန်မှုကို အာရုံစိုက်သည်။ လူသားတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို
ဦးစားပေးသည့် ပညာရေးဆိုင်ရာ အတွေးအခေါ် အယူအဆတစ်ခုဖြစ်သည်။ တီထွင်ဖန်တီးနိုင်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှု၊
ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုနှင့် မိမိကိုယ်ကို အလေးထားတန်ဖိုးထားမှု တို့ကို ပြုစုပျိုးထောင်ပေးခြင်း
ဖြစ်သည်။
လူသားဝါဒကို ဦးစားပေးသည့်
ဆရာ၊ ဆရာမများသည် သူတို့ဘာတွေကိုပဲ လုပ်လုပ် အရာရာတွင် သူတို့၏စိတ်ခံစားချက်ကို နောက်မှာပဲထားသည်။
ကလေးများ ကို စာသင်သည်။ ဆရာ၊ ဆရာမက မျက်နှာခက်ထန်ထန်ဖြင့် စာသင်နေလျှင် ကျောင်းသား၊
ကျောင်းသူတို့သည် သင်ခန်းစာကို စိတ်ပါဝင်စားနိုင်ရန် မလွယ်ကူ တော့ချေ။ လူသားတစ်ယောက်ကို
လူသားဆန်ဆန် ပြုစုဖို့လိုပါသည်။ လူသားဆန်ဆန် ပျိုးထောင်ဖို့လိုပါသည်။ စာသင်သည့်အခါ
စာချည်းပဲသင်ပေး၍ မရနိုင်ပေ။ လူသားဆန်စွာ သင်ရမည်၊ ပြုစုပျိုးထောင်ရမည် ဖြစ်သည်။
Humanistic
Learning ဆိုတာ ဘာလဲ
၁။ Human Being ကို တည်ဆောက်သွားခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင်
ဆရာက အခရာကျသည်။ ဆရာသည် အရည်အသွေး ရှိရမည်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပညာရေးကို
Equality အဖြစ် သွားနိုင်ပြီလားဟု ပြန်သုံးသပ်ကြည့်ရမည်ဖြစ်သည်။ ကလေးတွေ ခန္ဓာကိုယ်ဖွံ့ဖြိုးရေးကိုလည်း
ထည့်သွင်းစဉ်းစားပေးနိုင်ရမည်။ နိုင်ငံခြားတိုင်းပြည်များတွင် (Breakfast,
Lunch) ကျွေးသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ထဲမှနေ၍ သွားခြင်းဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် လည်း ထိုကဲ့သို့သော အစီအစဉ်မျိုးမှနေ၍ ကလေးများအတွက် မည်သည့်အရာများ
စီစဉ်ပေးနိုင်နေပြီနည်း။ သုံးသပ်ကြည့်ရမည် ဖြစ်သည်။ ကလေးများသည် ကျန်းမာရ မည်၊ ပျော်ရွှင်ရမည်။
သို့မှသာ သင်ပေးသမျှ သူတို့သင်ယူနိုင်မှာ ဖြစ်သည်။
၂။ ကျောင်းသား၊ ကျောင်းသူတိုင်းတွင် ကောင်းသည့်အချက်တွေ၊ အရည်အသွေးတွေ
ပါလာပြီးသားဖြစ်သည်။ လူသားတစ်ယောက်ဖြစ်သည့်အတွက် အားသာချက်၊ အားနည်းချက်လည်း ရှိနေပါမည်။
ထိုသည်ကို လက်ခံနိုင်ရမည်ဖြစ်သည်။ လူသား တစ်ယောက်ကို လူကောင်းတစ်ယောက်အဖြစ် အပြုအမူကောင်းတွေ
တည်ဆောက်ရာ တွင် ထိုအချက်သည်အဓိကအချက်လည်း ဖြစ်ပါသည်။
၃။ ကျောင်းသား၊ ကျောင်းသူတို့ကို ပညာသင်ကြားပေးသည့်အခါ သိမှုနယ်ပယ်တစ်ခုပဲ
ဖွံ့ဖြိုး၍ မရချေ။ ခံစားမှုလည်း ဖွံ့ဖြိုးရမည် ဖြစ်သည်။ ဘက်စုံဖွံ့ဖြိုးသည့် လူငယ်များဖြစ်အောင်
ပျိုးထောင်ရာတွင် Humanistic Learning သည် သော့ချက် ဖြစ်သည်။ ခံစားတတ်တဲ့နှလုံးသားမကောင်းသည့်သူက
လူတစ်ယောက်၏ အားနည်းချက်ကို၊ ချွတ်ယွင်းချက်ကို ရယ်မောလှောင်ပြောင်တတ်ကြသည်။ သိမှုနယ်ပယ်ဖွံ့ဖြိုးအောင် လုပ်ရသည်မှာ လွယ်ကူသော်လည်း
ခံစားတတ်သည့် နှလုံးသားကောင်းအောင်၊ ဖွံ့ဖြိုးအောင် လုပ်ရသည်မှာ မလွယ်လှချေ။ ကလေးတို့သည်
ဘက်စုံဖွံ့ဖြိုးဖို့ လိုအပ်ပါသည်။
Customer
always Right! ဆိုသည်မှာ ပညာရေးနယ်ပယ်တွင် အလုံးစုံ မှန်ကန်သည်ဟု မယူဆသင့်ချေ။
လက်ခံစဉ်းစားပေးရမည်ဖြစ်သော်လည်း ထိုအယူအဆကို အပြည့်အဝလက်ခံကျင့်သုံးလိုက်လျှင် ကလေးတို့ကို
ပျက်စီးစေလိမ့် မည် ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူတို့သည် Decision
Making လုပ်နိုင်ရမည်။ အချင်းချင်း မျှဝေတာမျိုးတွေကို ကျောင်းတွေက သင်ကြားပေးရမည်ဖြစ်သည်။
သစ်တောသစ်ပင် တွေကို ချစ်မြတ်နိုးအောင် သင်ပေးနိုင်လျှင်၊ သဘာဝပတ်ဝန်းကျင်ကို အလေးထား
တတ်အောင် သင်ပေးနိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် သစ်တောသစ်ပင်ဖျက်ဆီးကာ စီးပွာရှာသည့်
စီးပွားရေးသမား ဖြစ်မလာနိုင်တော့။ အကြောင်းကြောင်းကြောင့် သစ်တောသစ်ပင် ခုတ်ခဲ့ရလျှင်လည်း
အစားထိုးသည့်၊ ပြန်လည်ကုစားသည့် လုပ်ရပ်တို့ကို ပြုလုပ်ဖြစ်ပေလိမ့်မည်ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်သည် Humanistic မဖွံ့ဖြိုးလျှင်
ဦးဆောင်နိုင်မှု မကောင်းနိုင်ချေ။ Humanistic ကောင်းသည့်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်
မဟုတ်ချေ။
Humanistic
Learning သည် ကျောင်းသားဗဟိုပြု သီအိုရီဖြစ်သည့်အတွက် ကျောင်းသားက Authority
အပြည့်ရှိပါတယ်။ တစ်လပြီးသွားလျှင် ကျောင်းသား၏ Feedback ကို တောင်းခံရမည်။
ကျောင်းသား၊ ကျောင်းသူတို့ မိမိ၏သင်ကြားမှုကို မည်သို့မြင်သလဲ ဆိုသည်ကို အလေးထားရမည်။
မိမိ၏အားသာချက်တွေကို တိုးမြှင့်နိုင်ရမည်။ အားနည်းချက်တွေကို ပြုပြင်နိုင်ရမည်ဖြစ်သည်။
ထိုသည်ပင် Humanistic ကို ကျောင်းများတွင် လက်တွေ့ကျင့်သုံးခြင်း ဖြစ်သည်။
ပညာရေးတွင် Humanistic
၏ အရေးပါမှုကို သဘောတူလက်ခံပါသည်။ Humanistic သည် ပညာရပ်ဆိုင်ရာ အရည်အချင်းသာမက
လူတစ်ဦး၏ အရည်အသွေးကိုပါ ဖွံ့ဖြိုးတိုးတက်စေသည်။ ကျောင်းသား၊ ကျောင်းသူတို့ကို သင်ကြားရေးလုပ်ငန်းစဉ်တွင်
ဗဟိုပြုထားပြီး ၎င်းတို့၏ လိုအပ်ချက်၊ စိတ်ဝင်စားမှုနှင့် အတွေ့အကြုံများကို အသိအမှတ်ပြုထားသည်။
Ethics ကို တန်ဖိုးထားပြီး လူမှုရေးဝတ္တရားများ ဖွံ့ဖြိုးတိုးတက်စေသည်။ ကျောင်းသား၊
ကျောင်းသူတို့ကို ဘေးကင်းလုံခြုံသည်ဟု ခံစားရစေသည်။ သင်ယူမှုတွင် အပြုသဘောဆောင်သော
သဘောထားကို ဖြစ်စေသည်။ စူးစမ်းချင်စိတ်နှင့် သင်ယူမှုကို ချစ်မြတ်နိုးစေခြင်းဖြင့်
တစ်သက်တာသင်ယူမှုကို အားပေးထောက်ပံ့သည်။
သင်ကြားမှုလုပ်ငန်းစဉ်တွင် Humanism ကို ကျင့်သုံးခြင်း
ကျောင်းသား၊ ကျောင်းသူတို့ကို တန်ဖိုးထားသည့်
ခံစားမှုကိုရသည့် စာသင်ခန်းတစ်ခု(ဝန်းကျင်)ကို ဖန်တီးပါသည်။ ပွင့်လင်းမြင်သာစွာ ဆက်ဆံပြောဆိုမှု
ကို အားပေးပါသည်။
ကျောင်းသား၊ ကျောင်းသူတို့၏
တစ်ဦးချင်း (special need) များ၊ စိတ်ဝင်စားမှုများနှင့် သင်ယူမှုပုံစံများကို
နားလည်နိုင်ရန် ကြိုးစားပါသည်။
ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့်
ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးမြှင့်ပေးရန် လက်ရှိ ကမ္ဘာကြီးတွင် ကြုံတွေ့နေရသည့်
အခက်အခဲတို့ကို တင်ပြကာ ကျောင်းသား၊ ကျောင်းသူတို့ကို ဆွေးနွေးစေပါသည်။
ကျောင်းသား၊ ကျောင်းသူတို့၏
လုပ်ရပ်များနှင့် အခြားသူများအပေါ် ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို တွေးတောတတ်စေရန်
အားပေးတိုက်တွန်းပါသည်။ ကျင့်ဝတ်နှင့် သိက္ခာကို သေချာစွာ သင်ကြားပေးပါသည်။
ကျောင်းသား၊ ကျောင်းသူတို့ကို
အဖွဲ့လိုက်လုပ်ဆောင်ရသည့် အစီအစဉ်များ၊ တစ်ဦးတည်း ဖန်တီးရသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်စေခြင်းဖြင့်
၎င်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ကိုယ်ရည်ကိုယ်သွေးကို သိစေကာမြှင့်တင်စေပါသည်။
စိတ်ခံစားချက်ကို
စီမံခန့်ခွဲနည်းနှင့် အခြားသူများကို စာနာနားလည်တတ်စေရန် ကျောင်းသား၊ ကျောင်းသူတို့၏
စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ပြဿနာများကို အာရုံစိုက်ပါသည်။ လိုအပ်ပါက ပံ့ပိုးကူညီပေးခြင်းဖြင့်
စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည် ဉာဏ်သွေးများ တိုးတက်စေပါသည်။
နိဂုံး
Humanism သည်
ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူတို့၏ ပညာရေးတွင်
အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ပညာရေးတွင် Humanistic Learning ကို ကျင့်သုံးခြင်းဖြင့်
ပညာတတ်ကျောင်းသား၊ ကျောင်းသူများကို ဘဝလမ်းခရီးတွင် ကြုံတွေ့လာနိုင်သည်တို့ကို ရင်ဆိုင်ဖြေရှင်းတတ်
စေပါသည်။ စာနာနားလည်စိတ်နှင့် ဝေဖန်ပိုင်းခြားနိုင်သူများလည်း ဖြစ်လာစေပါ သည်။
ထူးအောင်ဝင့်
(၉.၉.၂၀၂၄)

Comments
Post a Comment