စာသင်နှစ်ပြီးဆုံးသွားသည့်အခါ
စာသင်နှစ်ပြီးဆုံးသွားသည့်အခါ ကျွန်ုပ်၏သင်ကြားခြင်းမှ ကျောင်းသား၊ ကျောင်းသူတို့ရနိုင်စေမည့် အကျိုးကျေးဇူးတို့ကို အာမခံကတိပေးခြင်း
ကျွန်တော်သည် 4 Skills သင်ကြားပေးနေသည့် Freelance ဆရာတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် စာသင်နှစ်ပြီးသွားသည့်အခါ ကျောင်းသား၊ ကျောင်းသူတို့ နားလည်တတ်မြောက် သွားစေမည့်၊ ရရှိသွားမည့်အကျိုးကျေးဇူးတို့ကို အောက်ပါအတိုင်း ကတိပြုပါသည်။
(၁) သင်ရိုးရှိ အတန်းသင်ခန်းစာများအားလုံးကို
ကျေညက်စွာ တတ်မြောက် နားလည်စေရပါမည်။
(၂) English Grammar နှင့် ပတ်သက်သော် ကျောင်းပြီး
ဘွဲ့ရ၍ လုပ်ငန်းခွင် ဝင်သည့်တိုင်အောင် အသုံးချတတ်မြောက်စေရပါမည်။
(၃) မသင်ဖူး၊ မဖတ်ဖူးသော်လည်း အင်္ဂလိပ်ဘာသာနှင့်ရေးထားသည့်
မည်သည့် စာကိုမဆို ဖတ်ဝံ့စေရမည်၊ ဖတ်နိုင်စေရပါမည်။
(၄) အတန်းသင်ခန်းစာများနှင့် ဆက်စပ်၍သော်လည်းကောင်း၊ မဆက်စပ်ဘဲနှင့် သော်လည်းကောင်း ကျောင်းသား၊ ကျောင်းသူတို့ သိသင့်သိထိုက်သည့် Extra-Knowledge များကို များစွာရရှိစေရပါမည်။
ထူးအောင်ဝင့်
(၁၇.၇.၂၀၂၄)

Comments
Post a Comment