“Drop by” = ချက်တစ်ဖြုတ်၊ ခဏတဖြုတ်၊ ခေတ္တခဏ
“Drop by” = ချက်တစ်ဖြုတ်၊ ခဏတဖြုတ်၊ ခေတ္တခဏ
နေရာတစ်ခုခုကို
ခေတ္တခဏ သွားလည်သည်၊ လာလည်သည် စသည်ဖြင့် သုံးချင်လျှင် ‘drop by’ ကို သုံးသည်။
Can you drop by my office this
afternoon?
ဒီနေ့ နေ့လည်ခင်း ခင်ဗျား ကျွန်တော့်ရုံးကို
ခဏလောက် လာခဲ့(ဝင်ခဲ့)ပါလား။
(Can you come to my office briefly?)
I dropped by the library to return a
book.
စာအုပ်ပြန်အပ်ဖို့ ကျွန်တော် စာကြည့်တိုက်ကို
ခဏတဖြုတ် သွားခဲ့တယ်။
(I visited the library for a short
time to return a book.)
She dropped by her friend’s house
after work.
အလုပ်ပြီးသွားတော့ သူမက သူမသူငယ်ချင်းအိမ်ကို
ခဏတဖြုတ် ဝင်ခဲ့တယ်။
(She visited her friend's house for a
brief moment.)
If you’re free, drop by anytime!
မင်းအားတဲ့အခါ ဘယ်အချိန်ပဲဖြစ်ဖြစ် လာလည်ပါ။
(Come visit whenever you like for a
short time.)
They dropped by the store to buy some
snacks.
မုန့်တချို့ဝယ်ဖို့ သူတို့ စတိုးဆိုင်ထဲ
ချက်တစ်ဖြုတ် ဝင်ခဲ့ကြသေးတယ်။
(They visited the store quickly to
get snacks.)
He dropped by just to say hello.
နှုတ်ဆက်ဖို့ ခဏတော့ သူဝင်ခဲ့သေးတယ်။
(He visited for a short time to greet
me.)
I’ll drop by your house later.
နောက်မှ ကျွန်တော် ခင်ဗျားအိမ် အလည်လာပါ့မယ်။
We dropped by the store for some
milk.
နွားနို့ဝယ်ဖို့ ကျွန်တော်တို့ စတိုးဆိုင်ကို
ခဏသွားခဲ့ကြတယ်။
I’ll drop by your school this
afternoon.
ဒီနေ့ နေ့ခင်း ခင်ဗျားတို့ကျောင်းကို ခဏတဖြုတ်လာခဲ့ဦးမယ်။
She dropped by the post office to
mail a letter.
သူမက စာပို့ဖို့ စာကြည့်တိုက်ကို ခဏလောက်
သွားခဲ့တယ်။
Can you drop by my classroom later?
နောက်မှ ကျွန်တော့်အတန်းကို ခဏတဖြုတ် လာလည်ပေးနိုင်မလား။
They dropped by the shop to buy some
bread.
ပေါင်မုန့်တချို့ဝယ်ဖို့ သူတို့ ဈေးဆိုင်ကို
ခဏတဖြုတ် သွားခဲ့ကြတယ်။
We dropped by the library to borrow a
book.
စာအုပ်တစ်အုပ်လောက် ငှါးဖို့ ကျွန်တော်တို့
စာကြည့်တိုက်ကို ခဏသွားခဲ့ကြတယ်။
He dropped by the gym to check the
schedule.
သူ အချိန်ဇယား စစ်ကြည့်ဖို့ အားကစားရုံကို
ခဏ သွားခဲ့လိုက်တယ်။
I dropped by their house to return
the keys.
သော့တွေ ပြန်ပေးဖို့ ကျွန်တော် သူတို့အိမ်ကို
ခဏတော့ သွားခဲ့လိုက်တယ်။
Please drop by my office if you need
help.
အကူအညီလိုရင် ကျွန်တော့်ရုံးခန်း ကျေးဇူးပြု၍
ဝင်ခဲ့ပါဗျ။
She wants to drop by the cafe before
work.
အလုပ်မသွားခင် ကဖေးဆိုင်ကို ခဏလောက်တော့
သူမဝင်ချင်တယ်။
We will drop by the bank on our way
home.
အိမ်ပြန်လမ်းမှာ ဘဏ်ကို ခဏလောက် ကျွန်တော်တို့
ဝင်ကြလိမ့်မယ်။
Drop by = visit a place briefly.
Drop in က to visit a person
informally. နောက်တစ်ခါမှ drop in နဲ့ ပတ်သက်တာလေးတွေ တင်ပေးပါဦးမယ်။
Htoo Aung Wint
Wisdom Treasure
English Language Academy: No. (4/9) Pyone Yeik Tharyar Family, Kant Kaw Street, Bhone Soe Quarter, Monywa.
Mail: htooaungwint.mm@gmail.com
Ph: 09-400308443

Comments
Post a Comment