“Drop in” = ချက်တစ်ဖြုတ်၊ ခဏတဖြုတ်၊ ခေတ္တခဏ

“Drop in” = ချက်တစ်ဖြုတ်၊ ခဏတဖြုတ်၊ ခေတ္တခဏ

          သူငယ်ချင်းအိမ် သို့မဟုတ် ဆွေမျိုးအိမ်ကို အကြောင်းမကြားဘဲ၊ ချိန်းဆိုထား ခြင်း မရှိဘဲ ရုတ်တရက် အလည်သွားခြင်း၊ အလည်ဝင်ခြင်း စသည်ဖြင့် သုံးချင်လျှင် ‘drop in’ ကို သုံးသည်။ ‘drop by’ နှင့် အဓိပ္ပါယ် ဆင်တူသော်လည်း သူက ‘informal’ သဘော၊ ရင်းနှီးခင်မင် ဟန်သဘော ပိုဆန်သည်။

Feel free to drop in for a cup of tea anytime.

လက်ဖက်ရည်သောက်ရအောင် ဘယ်အချိန်ပဲဖြစ်ဖြစ် အလည်ဝင်ခဲ့ဗျ။

My parents often drop in on us without calling first.

ဖုန်းမဆက်၊ ဘာမဆက်နဲ့ ကျွန်တော့်မိဘတွေက အလည်ရောက်လာတတ်တယ်ဗျ။

I thought I’d drop in on you on my way home from work.

အလုပ်ကအပြန် မင်းဆီခဏဝင်လည်မလို့ တွေးလိုက်မိသေးတယ်။

Drop in on + someone = တစ်ဦးတစ်ယောက်ဆီ ရုတ်တရက် အလည်သွားသည်

Drop in on my friend.

(မိမိ၏ သူငယ်ချင်းထံသို့ ရုတ်တရက် သွားလည်သည်။)

* မိတ်ဆွေ အပေါင်းအသင်းကြားတွင် ပေါ့ပေါ့ပါးပါးသုံးသည့် စကားစု ဖြစ်သည်။

Feel free to drop in anytime. 

ဘယ်အချိန်ပဲဖြစ်ဖြစ် အလည်ဝင်ပါ။

She dropped in to see her grandmother.

သူမအဖွားကိုတွေ့ဖို့ အကြောင်းမကြား၊ ဘာမကြားနဲ့ အလည်ဝင်ခဲ့တယ်။

He dropped in to see his grandfather.

သူကအဖိုးကိုတွေ့ဖို့ အကြောင်းမကြား၊ ဘာမကြားနဲ့ အလည်ဝင်ခဲ့တယ်။

She dropped in without calling first.

ဖုန်းမဆက်ဘဲ  သူမ ရုတ်တရက်ကြီး အလည်ဝင်ခဲ့တယ်။

My friend dropped in to say hello.

ကျွန်တော့်သူငယ်ချင်းက နှုတ်ဆက်ဖို့  ရုတ်တရက်ကြီး ဝင်လာခဲ့တယ်။

They dropped in for a short visit yesterday.

သူတို့ မနေ့က ခဏတဖြုတ်လာလည်ခဲ့ကြတယ်။

I’ll drop in whern I’m in the neighbourhood.

အနီးအနားရောက်တဲ့အခါ ကျွန်တော် အလည်ဝင်ပါ့မယ်။

She often drops in to check on her parents.

သူမ မိဘတွေကို ကြည့်ရှုဖို့ မကြာခဏ သူမ ရုတ်တရက် သွားလည်တတ်တယ်။

Can I drop in for a minute?

ကျွန်တော် ခဏတဖြုတ်လောက် လာလို့ရမလား။

He dropped in just to give me a gift.

ကျွန်တော့်ကို လက်ဆောင်ပေးဖို့  သူ ရုတ်ချည်းလာလည်တယ်။

We dropped in while we were passing by.

ဖြတ်သွားချိန် ခဏတဖြုတ် ကျွန်တော်တို့ အလည်ဝင်ခဲ့ကြတယ်။


Htoo Aung Wint

Wisdom Treasure

English Language Academy

No. (4/9), Pyone Yeik Tharyar Family, Kant Kaw Street, Bhone Soe Quarter, Monywa

Mail: htooaungwint.mm@gmai.com

Ph: 09-400308443

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

1. Noun (နာမ်) (၅)

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ