ပညာဖြစ်ပါစေ

ပညာဖြစ်ပါစေ 

စာအုပ်တွေ ဖတ်ပြီး လေ့လာတာ ကောင်းတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်တာ ပိုကောင်းတယ်။ တတ်သိနားလည်တဲ့ပုဂ္ဂိုလ်တွေဆီက မေးမြန်းသင်ယူတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် မပြည့်စုံသေးပါဘူး။ ခင်ဗျား လေ့လာမှတ်သား ထားသမျှတွေဟာ သညာတွေပါ။ အဲဒီ သညာတွေကို လက်တွေ့ဘဝ လုပ်ငန်းခွင်မှာ ဆက်စပ်ပါ၊ ထည့်သွင်းအသုံးချပါ။ (မလိုတာတွေကို ဖယ်ပစ်နိုင်ရင် စာအုပ်ကြီးသမား အဖြစ်က ရှောင်လွှဲနိုင်ပါလိမ့်မယ်)။ ပညာဖြစ်လာပါလိမ့်မယ်။ လုပ်ငန်းတိုးတက် အောင်မြင် လာပါလိမ့်မယ်။

ထူးအောင်ဝင့်

(၃.၅.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်