ကျန်းမာပျော်ရွှင်ပါစေ


ကျန်းမာပျော်ရွှင်ပါစေ

 

ကျွန်တော် အောင်မြင်ပျော်ရွှင်ချင်တယ်။ ဘဝမှာ လုပ်ကို လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်။ လုပ်သင့်တာတွေလည်း ရှိတယ်။ နောက်ပြီး လုပ်ချင်တဲ့ အရာတွေလည်း စိတ်ပျော်ကိုယ်ပျော် လုပ်နိုင်ဖို့ လိုသေးတယ်။ အဲဒီအတွက် အရေးကြီးဆုံးဆိုပေမယ့် အရေးမကြီးဘူးထင်ပြီး လစ်လျူရှုမိတဲ့ အရာတစ်ခုရှိတယ်။ အဲဒါ ကျန်းမာရေးပဲ။ ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေလည်း ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။ ဒီနေ့ကစပြီး ကျန်းမာရေးကောင်းစေမယ့် အပြုအမူတွေကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလို သဘောထားပြီး နည်းနည်းချင်း လုပ်သွားစေချင်ပါတယ်။ ဥပမာ - ဆေးလိပ်သောက်တတ်ရင် မဖြတ်နိုင်တောင် တစ်လိပ်လောက် လျှော့သောက်တာမျိုးပေါ့။ (အရက်သောက်တတ်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ သုံးလလောက် မသောက်ဘဲ အဓိဌာန်ထားတာ ဟိုတစ်နေ့က အောင်မြင်သွားပါတယ်။ အခု ဆက်လုပ်နေပါတယ်။) အောင်မြင်ပျော်ရွှင်နေတဲ့ မိတ်ဆွေတွေ၊ အောင်မြင်ချမ်းသာလာမယ့် သူငယ်ချင်းတွေကို ကျန်းမာရွှင်လန်းစွာ ရှိနေတာကို မြင်ချင်ကြားချင်ပါတယ်။ ကျွန်တော်လည်း ကျန်းမာရေးကို ဂရုစိုက်ပါမယ်။ သူငယ်ချင်း မိတ်ဆွေတို့လည်း ကျန်းမာရေးကို ဂရုစိုက်ပါ။ ကမ္ဘာကြီးပေါ်မှာ ကောင်းမြတ်တာတွေကို လက်ကမ်းမျှဝေချင်တဲ့ သူတွေကိုယ်တိုင်က ကျန်းမာပျော်ရွှင်ဖို့ လိုတယ်မဟုတ်လား။

 

ထူးအောင်ဝင့်

(၁၃.၅.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်