ဆက်ဆံရေးပြေပြစ်ပါစေ


ဆက်ဆံရေးပြေပြစ်ပါစေ

 

ခင်ဗျားဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေး အဆင်ပြေရဲ့လား။ ဘဝဆိုတာ အချိန်ပြည့် နာကျင်နေဖို့ မလိုသလို အမြဲတမ်းစိတ်တိုဒေါသထွက်နေရရင်လည်း နေပျော်တဲ့ဘဝ မဟုတ်တာတော့ သေချာပါတယ်။ အနည်းဆုံးတော့ မိဘဆွေမျိုးတွေနဲ့ အဆင်ပြေနေစေချင်ပါတယ်။ အားလုံးနဲ့ အဆင်ပြေနေတယ်ဆိုရင်တော့ ခင်ဗျားဟာ အောင်မြင်နေသူ တစ်ယောက်ဆိုတာ သတိပြုမိပါစေ။ အားလုံးနဲ့ အဆင်ပြေအောင် နေနေရတယ်ဆိုရင်လည်း ခင်ဗျားရဲ့ လက်ရှိအခြေအနေကို နားလည်နိုင်ပါစေ။ ပျော်ရွှင်ခြင်းဟာ ခင်ဗျားကိုပဲ ဗဟိုပြုတယ်ဆိုပေမယ့် ဆက်ဆံရေးကောင်းတဲ့သူတွေမှာ ပျော်ရွှင်ခြင်းဟာ ကြာကြာနေလေ့ ရှိပါတယ်။

 

ထူးအောင်ဝင့်

(၁၇.၅.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်