2. Articles (၁)


2. Articles

* a, an, the ကို ပြောခြင်း ဖြစ်သည်။

* Determiners (နာမ်ညွှန်းစကားလုံးများ) ဟုလည်း ခေါ်သည်။

* a နှင့် an သည် Indefinite Article (မတိကျ) ဖြစ်ပြီး the သည် Definite Article (တိကျ) ဖြစ်သည်။

(1) “ a ” ကို “ ဗျည်းသံ ” နှင့်စသည့် စကားလုံးများရှေ့တွင် သုံးသည်။

Eg: A boy, A car, A drone, A fox, A glass

(2) a, e, i, o, u “ သရ ” တစ်ခုခုနှင့် စသော်လည်း “ ဗျည်းသံ ” ထွက်လျှင် “ a” ကိုသာ သုံးရသည်။

Eg: A university, a European, A ewe, A unicorn,

(3) “ an ” ကို “ သရသံ ” ဟု ခေါ်သည့် “ အ- သံ” နှင့် စသော စကားလုံးများ ရှေ့တွင် သုံးရသည်။

Eg: An arrow, An apple, An elephant, An orange, An umbrella

(4) “ ဗျည်း ” နှင့် စရေးထားသော်လည်း “ သရသံ ” ထွက်လျှင် “ an ” သုံးရသည်။

Eg: An hour, an heir, an honour

(5) ရေတွက်၍ မရသည့် နာမ်များနှင့် ရေတွက်၍ ရသည့် အများကိန်းနာမ်များရှေ့တွင် ဘာမျှမပါဘဲ သုံးသည်။ ထို့ပြင် ယေဘူယျအားဖြင့်ပြောသည့်အခါတွင်လည်း (A, An, The) မည်သည့် (Article) ကိုမျှ မသုံးချေ။ ဤသည်ကို 0  (zero article) ဟု ခေါ်သည်။

Eg: People, Dogs, Milk, Rice, Water

(6) Indefinite Article (a, an, 0) ကို အရေအတွက် “ တစ် ” ကို ဖော်ညွှန်းသော နာမ်များနှင့် “ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ဥစ္စာ ” ဟု တိတိကျကျ မရည်ညွှန်းသော နာမ်များ၏ရှေ့တွင် သုံးသည်။

Eg: I bought a house.

Ma Ma ate an apple.

Dogs are faitful animals.

 

(7) Definite Article “ the ” ကို “ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ဥစ္စာ ” ဟု တိတိကျကျ ရည်ညွှန်းသော နာမ်များ၏ရှေ့တွင် သုံးသည်။

***( ရေတွက်၍ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ တစ်ခုကိန်းဖြစ်စေ၊ အများကိန်းဖြစ်စေ)***

Eg: The dog is clever.

The girl is my friend.

The workers look tired.

 

*** “ ဗျည်းသံ ” ရှေ့မှာ “ a ” သုံးပါ။

*** “ သရသံ ” ရှေ့မှာ “ an ” သုံးပါ။

*** “ a ” နဲ့ “ an ” က မတိကျ။

*** တိတိကျကျ “ the ” သုံးရ။

ထူးအောင်ဝင့်

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်