ရည်မှန်းချက်ကြီးကြီးထားပါ

ရည်မှန်းချက်ကြီးကြီးထားပါ

မအောင်မြင်ခြင်းသည် အပြစ်တင်စရာမဟုတ်၊ ရည်မှန်းချက်နိမ့်ကျခြင်းသည်သာလျှင် တကယ့်ပြစ်မှု ဖြစ်သည် ဟူသော စာသားကို ဖတ်ခဲ့ဖူးပါသည်။ အိပ်မက်ကြီးကြီး မက်ပါ။ အိပ်မက်ကြီးကြီးမက်ခြင်းသည် အိပ်မက်သေးသေးမက်ခြင်းနှင့် အားထုတ်ရမှု အတူတူပင် ဖြစ်သည်။ ထို့နောက် အိပ်မက်ကို အကောင်အထည်ဖော်ပါ။ စိတ်ကူးယဉ် အိပ်မက်သမားနှင့် လက်တွေ့သမားသည် အကောင်အထည်ဖော်သည့်နေရာတွင် ကွာခြားသွားသည်။ အိပ်မက်ကို အကောင်အထည်ဖော်ရာတွင် ဖြစ်နိုင်သည့်နေရာတွင် ဖြစ်နိုင်သည့် ပုံစံနှင့် စ-လိုက်ပါဟု အကြံပေးရင်း ... ။
ထူးအောင်ဝင့်
(၁၃.၆.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်