လုပ်ငန်းရှင်တစ်ယောက် သို့မဟုတ် လုပ်ငန်းရှင်လောင်းတစ်ယောက်တွင် ရှိထားရမည့် ဂုဏ်အရည်အချင်းများ

လုပ်ငန်းရှင်တစ်ယောက် သို့မဟုတ် လုပ်ငန်းရှင်လောင်းတစ်ယောက်တွင် ရှိထားရမည့် ဂုဏ်အရည်အချင်းများ

(၁) ရိုးသားရမည်။

(၂) ကြိုးစားရမည်။

(၃) ဆန်းသစ်တီထွင်နိုင်ရမည်။

(၄) သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်ရမည်။

(၅) ကိုယ့်အလုပ်နှင့်ပတ်သက်၍ ကျွမ်းကျင်နိုင်နင်းရမည်။

(၆) ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရမည်။

(၇) အမြဲတမ်း ပြုံးရွှင်စွာ ဆက်ဆံနိုင်ရမည်။

(၈) ပြဿနာကြုံလျှင် ဖြေရှင်းနိုင်စွမ်းရှိရမည်။

(၉) စကားပရိယာယ် ကြွယ်ဝရမည်။

(၁၀) ဖြတ်ထိုးဉာဏ် ကောင်းရမည်။

(၁၁) ကတိတည်ရမည်။

(၁၂) တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်။

(၁၃) လူမှုရေးနှင့် စီးပွားရေး ခွဲခြားထားရမည်။

(၁၄) အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရမည်။

(၁၅) လောင်းကစားနှင့် မူးယစ်ဆေးဝါး ရှောင်ရမည်။

(၁၆) ကြွားဝါပလွှားမှုနှင့် အပျော်အပါးခုံမင်မှုကို ရှောင်ရမည်။

(၁၇) ရည်မှန်းချက်ပန်းတိုင် ချမှတ်ထားရမည်။

(၁၈) သင်ယူလေ့လာမှု မပြတ်ပြုရမည်။

ထူးအောင်ဝင့်

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 3 - Taking Reservation)