နောင်တမရအောင်နေ

နောင်တမရအောင်နေ 

            သူငယ်ချင်းတချို့နဲ့ လမ်းကွဲသွားတာ၊ လမ်းခွဲသွားတာမျိုးကို အားလုံးကြုံဖူးကြမှာပါ။ စိတ်မကောင်း မဖြစ်ပါနဲ့။ ထွက်သွားသူကို ဆွဲထားရတာ ပိုပင်ပန်းပါတယ်။ ပိုနာကျင်ရပါတယ်။ ဒါက ကိုယ့်ဘက်က ခံစားချက်ပါ။ သူ့ဘက်က စဉ်းစားကြည့်တဲ့အခါ အယူအဆမတူတဲ့သူ၊ ဘက်မတူတဲ့သူနဲ့ ဆက်လက်ခင်မင်ရတာ၊ ပတ်သက်ရတာ စိတ်ညစ်စရာပါ။ (ကိုယ်ဟာ သူ့အတွက် အမြင်ကတ်စရာ၊ အနှောက်အယှက်ဖြစ်စရာကြီး ဖြစ်နေပြီလေ။) သူ့ဘက်ကိုဖြည့်တွေးပြီး လွတ်လပ်စွာထွက်သွားတာကို ကျေနပ်လိုက်ပါ။ ကျွန်တော့်ရဲ့ ခံယူချက်ကို မျှဝေလိုပါတယ်။ နှစ်သက်လျှင် ယူသုံးပါ၊ မနှစ်သက်လျှင်တော့ မေ့ပစ်လိုက်ပါ။

“ အတုအယောင်တွေ ထွက်သွားတဲ့အခါ အစစ်အမှန်တွေပဲ ကျန်ခဲ့တယ် ”

ကျွန်တော့်မှာ ကျန်ရှိနေတဲ့ သူငယ်ချင်းတွေကို၊ မိတ်ဆွေတွေကို ဒီလိုနည်းနဲ့ ပိုအလေးထားလိုက်တယ်၊ ပိုချစ်လိုက်တယ်။ သူတို့အတွက် ကျွန်တော်တတ်နိုင်တာဆို အမြဲကူညီလိုက်တယ်။ အတတ်ပညာ၊ အသိပညာနဲ့ပတ်သက်ရင်လည်း အမြဲမျှဝေခဲ့တယ်။ အဲဒီတော့ လမ်းခွဲသွားတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပတ်သက်လို့ ကျွန်တော်မှာ “ နောင်တ ” ဆိုတဲ့ ဝေါဟာရ မကျန်ခဲ့တော့တာ အသေအချာပဲလေ။

ထူးအောင်ဝင့်

(၂၄.၃.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်