ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

ကိုယ့်ဘဝရဲ့ လက်ရှိအခြေအနေကို သုံးသပ်ကြည့်လိုက်တော့ ကျွန်တော်တို့က တခြားသူကို ကိုယ့်ကိုယ်ကိုယ်ထက် ယုံကြည်အားကိုးနေတာပဲဆိုတာ တွေ့လိုက်ရတယ်။ မှန်လား၊ မှားလား ဆိုပြီး မမေးပါနဲ့။ လက်ရှိအခြေအနေကို ကျေနပ်လား၊ မကျေနပ်ဘူးလားဆိုတာ ကိုယ့်ဘာသာ ရိုးရိုးသားသား ဖြေကြည့်ပေါ့။ ရောက်သင့်တဲ့အဆင့်၊ ရသင့်တဲ့အခြေအနေထက် နိမ့်နေတယ်ဆိုရင်တော့ ပထမဆုံး တခြားသူကို ယုံသလို ကိုယ့်ကိုယ်ကိုယ် ယုံပါလို့ အကြံပြုချင်ပါတယ်။ အဲဒီနောက်တော့ တခြားသူထက် ကိုယ့်စွမ်းအားကို ပိုအသုံးပြုကြည့်ပါ။ အခြေအနေတွေ တိုးတက်လာတာ မတွေ့ရသေးခင်မှာတောင် ခင်ဗျားရဲ့ အရည်အသွေးတွေ တိုးတက်လာတာ ကိုယ်တိုင် သိလာပါလိမ့်မယ်။

ထူးအောင်ဝင့်
(၂၁.၃.၂၀၂၂)

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 3 - Taking Reservation)