မမျှော်လင့်သော ခရီးရှည် သို့မဟုတ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပ္ပတ္တိ


သို့မဟုတ်


 

          ခေတ်သစ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သမိုးတစ်ခု ရေးထိုးခဲ့ကြသူပေါင်း များစွာရှိပါသည်။ ဤစာအုပ်သည် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် (၂)နှစ်ကျော်ကာလ အပိုင်းအခြားကို တာဝန်ယူဆောင်ရွက်သွားခဲ့သော မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါသည်။

          နိုင်ငံရေးသမား မိဘနှစ်ပါးမှ မွေးဖွားလာခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းနှင့် ကြုံတွေ့ခဲ့ရသော ညီအစ်ကိုနှစ်ယောက်၏ ဆန်းကြယ်သောဘဝမှသည် တပ်မတော်သားဘဝနှင့် တောက်လျှောက်တွဲစပ်လာ သော နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက် ထမ်းဆောင်ခဲ့ရသော တာဝန်များနှင့် အတွေ့အကြုံများကို တင်ပြထားပါသည်။

          သာမန်တပ်မတော်သား အရာရှိလောင်းဘဝမှသည် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ သည်အထိ ဖြတ်သန်းခဲ့ရာ ဘဝတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ရသော ပြဿနာများနှင့် အောင်မြင်မှု ဆုံးရှုံးမှုများ၊ အနစ်နာခံမှုများ၊ စတေးခံရမှုများ၊ သက်စွန့်ဆံဖျား စွန့်လွှတ်စွန့်စားရမှုများကို ကဏ္ဍအလိုက် အသေးစိတ်ဖော်ပြထားသည်။

          (၁၉၈၇)ခုနှစ်မှ စတင်ပြောင်းလဲလာခဲ့သည့် မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်များကို ရက်စွဲအလိုက် နောက်ဆက်တွဲဖြင့် ဖော်ပြပေးထားသည်။

တရားမပျက်၊ မေတ္တာဆက်၍

မဖျက်ဆီးမှု၊ ချီးမြှောက်ပြုလော့

သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏

ယွင်းဖောက်အလို၊ ဝန်မတိုနှင့်

သူ့ကိုဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏။ 

(မန်လည်ဆရာတော်= မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၈၅)

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint

(၁၇.၁၀.၂၀၁၇ နံနက် ၁၁း၂၈ မိနစ်)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်