ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ဘဝမှတ်တိုင် အကျဉ်းချုပ်


ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ဘဝမှတ်တိုင် အကျဉ်းချုပ်

(၁၀ မေ ၁၉၄၉) တွင် တောင်ကြီးမြို့၌ မွေးဖွားသည်။

(၆ ဇွန် ၁၉၆၆) စစ်တက္ကသိုလ် အမှတ်စဉ်(၁၂)သို့ တက်ရောက်သည်။

(၂၃ ဧပြီ ၁၉၇၀) သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) B.sc (D.S.A) ရရှိသည်။ 

   

(၂၃ ဧပြီ ၁၉၇၀) ဒုတိယဗိုလ်၊ အမှတ်(၈၉) ခြေလျင်တပ်ရင်း (မိတ္ထီလာ၊ နောင် ကလေးမြို့)။

(၂၃ ဧပြီ ၁၉၇၂) ဗိုလ်အဆင့် တိုးမြှင့်ခံရသည်။

(၁ ဇွန် ၁၉၇၂) ဒေါ်သန်းသန်းနွဲ့နှင့် လက်ထပ်သည်။

(၂၉ ဇွန် ၁၉၇၃) အမှတ် (၁၂)ခြေလျင်တပ်ရင်း (လွိုင်လင်)။

(၂၃ ဧပြီ ၁၉၇၅) ဗိုလ်ကြီးအဆင့် တိုးမြှင့်ခံရသည်။

(၁၇ စက်တင်ဘာ ၁၉၇၈) စစ်ဦးစီးမှူး (တတိယတန်း) (စစ်ဆင်ရေး) အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ (မိတ္ထီလာ) ရှေ့တန်းတပ်မဌာနချုပ် (ကွတ်ခိုင်)။

(၁၂ ဧပြီ ၁၉၈၃) အမှတ် (၇၂)ခြေလျင်တပ်ရင်း။

(၂၀ ဩဂုတ် ၁၉၈၄) ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)။ အမှတ် (၁၀၁)ခြေလျင်တပ်ရင်း (အင်းတကော်)။

(၂၀ ဩဂုတ် ၁၉၈၅) ဗိုလ်မှူး။ ဦးစီးအရာရှိ(ဒုတိယတန်း)။

(၂၄ အောက်တိုဘာ ၁၉၈၅) ဦးစီးအရာရှိ(ဒုတိယတန်း)။ (စစ်ရေးနှင့် စစ်ထောက်)၊ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (ကလော)။

(၂၈ မေ ၁၉၈၆) စစ်ဦးစီးမှူး (ဒုတိယတန်း)၊ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (ကလော)။

(၂၄ စက်တင်ဘာ ၁၉၈၇) ဒုတိယတပ်ရင်းမှူး၊ အမှတ် (၂၀၇) ခြေလျင်တပ်ရင်း (သိမ်ဇရပ်)။

(၃ ဇူလိုင် ၁၉၉၀) ယာယီတပ်ရင်းမှူး၊ အမှတ် (၂၂၆)ခြေလျင်တပ်ရင်း (လွယ်မွေ)။

(၁၇ ဇူလိုင် ၁၉၉၁) ဒုတိယဗိုလ်မှူးကြီး၊ တပ်ရင်းမှူး၊ အမှတ် (၂၂၆)ခြေလျင်တပ်ရင်း (လွယ်မွေ)။

(၂၄ မေ ၁၉၉၃) စစ်ဦးစီးမှူး (ပထမတန်း) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (မန္တလေး)

(၂၉ ဒီဇင်ဘာ ၁၉၉၃) ယာယီနည်းဗျူဟာမှူး၊ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်။

(၁၅ ဖေဖော်ဝါရီ ၁၉၉၅) ဗိုလ်မှူးကြီး။

(၂၀ နိုဝင်ဘာ ၁၉၉၅) ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ အမှတ်(၄) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်။

(၂၀ မတ် ၁၉၉၆) တပ်မမှူး၊ အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ်(ပြည်)။

(၂၀ မတ် ၁၉၉၇) ဗိုလ်မှူးချုပ်။

(၁၄ နိုဝင်ဘာ ၁၉၉၇) တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ)။ အဖွဲ့ဝင်၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ။

(၁၁ နိုဝင်ဘာ ၁၉၉၈) ဗိုလ်ချုပ်။

(၉ နိုဝင်ဘာ ၂၀၀၁) လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့မှူး၊ ကာကွယ်ရေးဝန်ကြီးဌာန။

(၁၉ နိုဝင်ဘာ ၂၀၀၂) ဒုတိယ ဗိုလ်ချုပ်ကြီး။

(၁ ဖေဖော်ဝါရီ ၂၀၀၃) အတွင်းရေးမှူး(၂)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ။

(၂၅ ဩဂုတ် ၂၀၀၃) အတွင်းရေးမှူး(၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ။

(၁၉ အောက်တိုဘာ ၂၀၀၄) နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်။

(၂၁ ဇွန် ၂၀၀၅) ဗိုလ်ချုပ်ကြီး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ၏ စစ်ဘက်အကြံပေးအရာရှိ။

(၁၂ အောက်တိုဘာ ၂၀၀၇) တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

(မှတ်ချက်။        ။ စာရေးဆရာ မြင့်သူ ရေးသားသည့် မမျှော်လင့်သော ခရီးရှည်(ဗိုလ်ချုပ်ကြီးစိုးဝင်း အတ္ထုပ္ပတ္တိ)စာအုပ် စာမျက်နှာ ၅၇၅-၅၇၆ မှ စာစီကူးယူဖော်ပြပါသည်။)

ထူးအောင်ဝင့်

(၂၇.၈.၂၀၂၁ နေ့လည် ၁၂ နာရီ ၄၈ မိနစ်)

 

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်