လဲရင် ချက်ခြင်းထ

လဲရင် ချက်ခြင်းထ

ကျွန်တော်တို့က ခလုတ်တိုက်လဲသွားပြီ ဆိုပါစို့။ ချက်ခြင်း ပြန်ထဖို့ မကြိုးစားကြဖူးဗျ။ ပတ်ဝန်းကျင်က ဘယ်သူရှိလဲ၊ ဘယ်သူမြင်လဲဆိုတာ အရင်ဆုံးရှာကြည့်တာ။ ကိုယ်လဲတာကို သူများမြင်သွားမလားဆိုတဲ့ ရှက်စိတ်ကြောင့် မဟုတ်ဘူးဗျ။ အားကိုးစိတ်၊ သူများကို မှီခိုစိတ်နဲ့ ရှာတာ။ ဘယ်သူများ ထူမပေးမလဲဆိုတဲ့ စိတ်နဲ့ ရှာတာ။

လဲကျတာ ရှက်စရာ မကောင်းဘူး။ သူတပါး အားကိုးစိတ်နဲ့ ရှာမိတဲ့စိတ်က၊ အပြုအမူက ရှက်စရာကောင်းတာဗျ။ " ကိုယ်ထူကိုယ်ထ " ဆိုတဲ့ စကားလုံးလေးက သိပ်ကျက်သရေ ရှိတာပဲ။ အဖေကယ်ပါ၊ အမေကယ်ပါ၊ ဟိုလူကယ်ပါ၊ ဒီလူကယ်ပါ ဆိုတာက ကျက်သရေ မယုတ်တောင် ကျက်သရေ လျော့တာတော့ အမှန်ပါ။ လဲရင် ပြန်ထပါ။ အမြင်မတော်ရင်၊ ကူမယ့်သူ ရှိရင် သူ့ဘာသာသူ လာကယ်ပါလိမ့်မယ်။ လဲကျသွားတာနဲ့ ကယ်ပါစိတ်မွေးပြီး ကယ်ပါအဆင့် မရောက်ပါစေနဲ့။

ထူးအောင်ဝင့်
(၁၅.၁.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်