Hospitality Industry or Sympathy Industry

Hospitality Industry or Sympathy Industry

           လွယ်​ကူသည်​ သက်​သာသည်​ အကျင့်​ပျက်​သည်​ ဆိုသည်အများတကာ​ပြော တံ​တွေးကွက်​​တော မှာ   ​မျော​နေသည့်​ဧည့်​ဝတ်​ပြုလုပ်​ငန်းဆိုသည်​ကို ကျွန်​​တော့ဘာ​ကြောင့်​များ​ရွေးချယ်​မိပါလိမ့်​။ လွယ်​ကူရဲ့လား ဟိုတယ်​ဧည့်​ကြိုခန်းမတံခါးဝမှာ အလုပ်​ရှိရှိမရှိရှိ အလုပ်​ချိန်​(၈း၀၀) နာရီလုံးလုံး မတ်​တက်​ရပ်​လိုက်​ လမ်း​လျှောက်​လိုက်​ ကူညီ​ဖေးမလိုက်​နဲ့။ သက်​သာရဲ့လား။

           သူတစ်​ပါးမစင်​စွန့်​တဲ့ Bidet တို့ Urinal တို့ဆိုတဲ့ ခွက်​​တွေကို​ ​ဆေး​ကြောရ အိမ်​မှာအ​မေက ခင်း​ပေး တဲ့ အိပ်​ယာကို အခန့်​သားအိပ်​ခဲ့ပြီး ကိုယ်​ကျသူတပါးအိပ်​ဖို့ခင်း​ပေးရ အိမ်​သန့်​ရှင်း​ရေးလား ပျင်းလို့ပါ ဆိုသူ​တွေ သူတပါးအခန်းကို ​တောက်​​ပြောင်​​နေ​အောင်​သန်​ရှင်း​ပေးရတာ​တွေ။ ဒါ​တောင်​ ကံဆိုးမိုး​မှောင်​ကျလို့က​တော့ ပစ္စည်း​ပျောက်​လို့ဆိုပြီး ဧည့်​သည်​ကဘာမ​ပြောညာမ​ပြောပါးရိုက်​တာခံရ​သေးတယ်​။ လွယ်​တယ်​ထင်​သလား ဟိုတယ်​ဝန်​ထမ်းဘဝ။ ​ပေးကြစမ်းပါ။ ခင်​ဗျားတို့အတွက်​ ဒီ​လောက်​အနစ်​နာခံခဲ့သူ​တွေကို တန်ရာတန်​​ကြေး ​လေး​တွေ။
                  အိမ်​မှာ​တော့အ​မေခူးခပ်​​ကျွေးတာစားခဲ့သူ​တွေလည်း စား​သောက်​ခန်းထဲမှာ​တော့ သူတစ်​ပါးကို လို​လေ​သေးမရှိ အစားအ​သောက်​ဝန်​​ဆောင်​မှု​ပေရတာ​တွေ။ ကဲ လာပြန်​ပြီ လွယ်ရဲ့လားလို့ထပ်​​မေး ပါရ​စေ။ ​ကောင်​တာမှာဆိုလို့ ​ဆေးရုံ​ဆေးခန်း​တွေလို ​လေသံမာမာနဲ့​ပြောလို့မရပြန်​ဘူးဗျ။ ဟုတ်​ကဲ့ yes,I"ll do. I apologize. Excuse me ​တွေတစ်​သီတစ်​တန်းကြီးသုံးပြီးမှ ကြားလိုက်​တာက ​ကျေးဇူးပဲတဲ့၊ ရလိုက်​တာက ​ပီတိ​တွေ ( ဒါ​တောင်​​ဒေါသ​တွေ ​ကျော်​သွားလို့​နော်​ )။ ရှက်​လို့ငိုချင်​တာ​တောင်​ မမြင်​ကွယ်​ရာသွားငိုချပြီးမှ ​ပြန်​လာရတယ်​။ အဲဒါ​တွေ ခင်​ဗျားတို့မြင်​မှာမဟုတ်​ပါဘူး။ ဘာလို့လဲဆို​တော့ ခင်​ဗျားတို့က သူတို့​လေး​တွေပြုံး​နေတာပဲမြင်​ခဲ့ရတာကို။ ကဲ လုပ်​ကြည့်​ဦးမလားဟိုတယ်​ဝန်​ထမ်း။ ကြိုဆိုပါတယ်​ဗျာ အ​တွေ့အကြုံ​လေးများရချင်​ရင်​ အလုပ်​​လေးများ​ပြောင်းလုပ်​ကြည့်​ချင်​ရင်​​ပေါ့။)

Credit: R Kar Linn 
Photo: Credit:

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်