အင်္ဂလိပ်လို ချီးမွမ်းရအောင်


  • Posted by Betty on February 27, 2015 at 10:50
  •  
  • သူငယ်ချင်းတစ်ယောက်က သူကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ရွှေတောင်ခေါက်ဆွဲဖိတ်ကျွေးတယ်။ စားကြည့်တော့ အရမ်းကောင်းလွန်းလို့ လျှာလည်သွားတယ်။ သူ့လက်ရာကို မချီးမွမ်းဘဲမနေနိုင်ဘူး။ တစ်လောက ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ ၃ နှစ်အရွယ်ကလေးငယ်လေးတစ်ဦးက Jason Mraz ရဲ့သီချင်းတစ်ပုဒ်ကို ဂစ်တာသေးသေးလေးနဲ့ဟန်ကျပန်ကျ တီးပြီးအသံနေ အသံထားမှန်မှန်နဲ့ ဆိုသွားတာကို ကြည့်လိုက်ရတယ်။ တစ်ကယ့် အဆိုတော် တစ်ယောက်အတိုင်း ဆိုသွားတာ ဒီကလေးကို အပြင်မှာသာတွေ့ခဲ့ရင် လက်ဆွဲနှုတ်ဆက်ပြီးချီးမွမ်းစကားပြောမိမှာအသေအချာပါဘဲ။ ကျွန်တော်တို့ နေ့စဉ် ဘဝထဲမှာအစားအသောက်၊ အဝတ်အစား၊ အပြောအဆို၊ အလုပ်အကိုင် စတာတွေနဲ့ ပတ်သက်ပြီးတစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ချီးမွမ်းပြောဆိုကြတာတွေ စာဖတ်သူတို့ ကြားကြမှာပါ။ ဒီလိုပြုမူတာတွေကလည်းကောင်းတဲ့ လုပ်ရပ်တစ်ခုကို ထောက်ခံအားပေးတာ၊ တစ်စုံတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတာ၊ ဒါမှမဟုတ် အနည်းဆုံး တစ်စုံတစ်ယောက်ရဲ့ စိတ်ကို ကြည်နှုးမှု ဖြစ်စေတာတွေ အတွက်ဘဲမဟုတ်လား။

အဲ့ဒီတော့ ဒီကနေ့ ကျွန်တော်တို့ အင်္ဂလိပ်လို ဘယ်လိုတွေ ချီးမွမ်းပြောဆိုရမလဲဆိုတာ ပြောဆိုပုံ အခြေအနေ situation လေးတွေ ခွဲပြီး လေ့လာလိုက်ရအောင်။

အဝတ်အစားနှင့် အသွင်အပြင်
ကိုယ်နဲ့ သိတဲ့သူတစ်ယောက်ယောက် သို့မဟုတ် informal အခြေအနေမှာ တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့အခါ သူတို့ ဝတ်ဆင်ထားတဲ့ အဝတ်အစား သို့မဟုတ် သူတို့ ပြင်ဆင်ထားပုံ၊ ပုံပန်းသဏ္ဍန်ကိုဒီလို expression တွေနဲ့ချီးမွမ်းပြောဆိုလို့ရတယ်။
  • That's a nice dress.
  • That's a smart jacket you're wearing.
  • What a pretty dress.
  • I love your haircut.
  • I love your shoes. Are they new?

နောက်ပြီးတော့ ဒီလိုလဲပြောနို်င်သေးတယ်။
  • You look nice.
  • You are looking very smart today.

သင်ပြောချင်တဲ့ အရာကိုပိုပြီးလေးနက်စေချင်တယ် ဆိုရင် adjective တွေဖြစ်တဲ့ 'great' တို့ 'terrific' တို့ ထပ်ပေါင်းထည့်ပြောလို့ရပါတယ်။
  • You're looking very glamorous.
  • You are looking terrific.

တစ်စုံတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍန်၊ ဥပမာ - သူတို့ ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်တယ်လို့ ပြောချင်တယ်ဆိုရင် ဒီလိုပြောရပါတယ်။
  • I love you in that dress, it really suits you. (suits = လိုက်ဖတ်တယ်)

ဗြိတိန်မှာဆိုရင် ယောင်္ကျားတွေ၊ အထူးသဖြင့် အသက်ကြီးသူများက တစ်ယောက်ရဲ့ ပုံပန်းသဏ္ဍန်ကို တစ်ယောက်က ချီးမွမ်းပြောဆိုလေ့ မရှိကြဘူးနော်။

အစားအသောက်
တစ်စုံတစ်ယောက်က ထမင်းစားဖိတ်ကျွေးလို့ သွားစားတဲ့အခါမျိုးမှာ ထမင်းစားနေတုန်းမှာ 'This is delicious.'  ဒါမှမဟုတ် ထမင်းစားပြီးသွားတဲ့အခါ 'That was delicious.' လို့ ပြောလို့ ရပါတယ်။
  • This is delicious, Ginny.
  • He took a bit of meat, chewed it, savoured it, and said, 'Fantastic!'
  • Mm, that was lovely.

ကျွမ်းကျင်မှု

တစ်စုံတစ်ယောက်က တစ်ခုခုလုပ်တာတော်လို့ သူ့ရဲ့ စွမ်းဆောင်ရည်ကိုချီးမွမ်းတဲ့အခါ exclamation အာမေဍိတ်နဲ့ သုံးပြီး ဒီလိုလေးတွေ ပြောလို့ရတယ်။
  • What a marvellous memory you have got! (ကောင်းလိုက်တဲ့မှတ်ညဏ်)       
  • Oh, that's true. Yes, what a good answer! (ကောင်းလိုက်တဲ့အဖြေ)
  • 'Look- there's a boat.'- 'Oh, yes- well spotted!' (ကောင်းလိုက်တဲမျက်လုံး)

ဆရာ/ ဆရာမကလည်းကျောင်းသားဖြေတဲ့ အဖြေမှန်လို့ ချီးမွမ်းချင်ရင်လည်း “Good” လို့ ပြောကြတယ်။
  • 'What sort of soil do they prefer?' – 'Acid soil.'- 'Good!'

အောင်မြင်မှု

တစ်စုံတစ်ယောက်ကို သူတို့ရဲ့ အောင်မြင်မှု တစ်ခုခုအတွက် ဂုဏ်ပြုချင်ရင် “Congratulations” လို့ ပြောရတယ်။ ဒီမှာသတိပြုဖို့ကတော့ congratulation မှာအမြဲတမ်း ' s ’ ထည့်ဖို့ ပါဘဲ။ “Congratulation” ဆိုရင် မှားတယ်နော်။
  • Well, congratulations, Ginny. You have done it.
  • Congratulations to all three winners.

အောင်မြင်မှုတင် မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို ကောင်းတာလေးတွေ တစ်ခုခု ဖြစ်တယ်၊ သတင်းကောင်းရတယ် ဆိုရင်လည်း “Congratulations” လို့ ပြောလို့ရပါတယ်။
  • 'I'm being discharged tomorrow.'- 'That's good news. Congratulations.' (discharge= ဆေးရုံကဆင်းတယ်)
  • 'Congratulations.' the doctor said. 'You have a son.' (သားလေးမွေးတယ်)

အောက်မှာတော့ ဂုဏ်ပြုတာ congratulate လုပ်ရင် ပြောဆိုပုံ အမျိုးမျိုးကို ဖေါ်ပြလိုက်ပါတယ်။ (Congratulate ရဲ့အနောက်မှာ on လိုက်တယ်။)
  • I must congtatulate you on your new job.
  • Let me offer you my congratulations on your success.
  • Let me be the first to congratulate you on a wise decision, Mr Dorf.
  • May I congratulate you again on your excellent performance.
  • I would like to congratulate you on your stand. You have courage and integrity.
  • Very good. I congratulate you. A beautiful piece of work.

ရိုးရိုးရှင်းရှင်းဂုဏ်ပြုချင်ရင် ဒီလိုလေးပြောလိုက်ရင်လည်း ရပါတယ်။ “Well done!”
  • I then attached the syringe and injected 10 cc of the stuff. 'Well done,' said the vet.

ဒါတွေကတော့ ချီးမွမ်းတဲ့အခါ ပြောဆိုရတဲ့ စကားပြောတွေနဲ့ ပြောတဲ့ အခြေအနေတစ်ချို့တို့ကို ဖေါ်ပြခဲ့တာပါ။ဆက်လက်ပြီးတော့ အချီးမွမ်းခံရသူက ဘာတွေပြန်ပြောရသလဲဆိုတာ တင်ပြပါ့မယ်။

ကိုယ့်ကို တစ်စုံတစ်ယောက်ကချီးမွမ်းစကားပြောတယ်။ ဂုဏ်ပြုစကားဆိုတယ်ဆိုရင် သူ့ပြောစကားကို ယဉ်ယဉ်ကျေးကျေးနဲ့ accept လုပ်ပြီး ပြန်ပြောရမယ့်  expression အမျိုးမျိုးရှိပါတယ်။ လွယ်လွယ်နဲ့ ဆိုရင် ဒီလိုလေးတော့ ပြန်ပြောပါ။
  • Oh, thanks!
  • It's very nice of you to say so.
  • I'm glad you think so.

တစ်ယောက်ယောက်က သင့်ဝတ်စားထားပုံလေးကို ချီးမွမ်းခန်းဖွင့်လာတယ်ဆိုရင် ဒီလိုပြောပါလေ။
  • It's nice, isn't it? 
  • 'I do like your dress.'- 'Yes, it's nice, isn't it?'

နောက်တစ်မျိုးကတော့ ကိုယ့်ဆီမှာ ဒါလေးကတော့ ဘယ်တုန်းကတည်းက ရှိနေတာ၊ ဘယ်ကရခဲ့တာ စတာလေးတွေ ထည့်ပြောလို့ ရပါတယ်။
  • 'That's a nice blouse.'- 'Have you not seen it before? I've had it for years.'
  • 'That's a nice piece of jewellery.'- 'Yeah, my ex-boyfriend bought it for me.'

တစ်စုံတစ်ယောက်က သင့်လုပ်ကိုင်ပုံ ကျွမ်းကျင်မှုကို ချီးမွမ်းတယ်ဆိုရင် ကိုယ့်ကိုကိုယ် နှိမ့်ချတဲ့ ပုံစံလေးနဲ့ “ဒါလောက်လဲမဟုတ်ပါဘူး” ဆိုပြီးပြောလို့ ရပါသေးတယ်။
  • Oh, there's nothing to it.
  • 'Terrific job!'- 'Well, I don't know about that.'

တစ်စုံတစ်ယောက်ကကိုယ့်ကိုဂုဏ်ပြုစကားပြောတယ်ဆိုရင် ပုံမှန်အားဖြင့် “Thanks” သို့မဟုတ် “Thank you” ပြောရပါတယ်။
  • 'I hear your voice is back as good as ever and you've got all your old fans back. Congratulations.'- 'Thanks.'

ကဲ…..ဒီလောက်ဆိုရင် ဂုဏ်ပြု ချီးမွမ်းစကားတွေ ဘယ်လိုပြော၊ ဘယ်လိုလက်ခံရမလဲ ဆိုတာ သဘောပေါက်သွားပြီလို့ ထင်ပါတယ်။ အားလုံးကံကောင်းပါစေ။ Thank you.

Collins COBUILD English Usage စာအုပ်မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်