မသိရင်မေး


မသိရင်မေး
  • Posted by Betty on February 11, 2015 at 11:04
  •  
  • လူသား အချင်းချင်း ဆက်သွယ်တဲ့အခါ နှုတ်နဲ့ သို့မဟုတ် အရေးအသားနဲ့ ဆက်သွယ်ကြပါတယ်။ စာရွက်ပေါ် ရေးသား ဆက်သွယ်တဲ့အခါ နားမလည်ရင် အပြန်ပြန် အလှန်လှန် ပြန်ဖတ်ကြည့်လို့ ရပေမဲ့ စကားနဲ့ ပြောဆိုတဲ့အခါမှာတော့ နားမလည်ရင်၊ မကြားလိုက်ရင် ပြောသူက  ပြန်ပြော “repeat”  လုပ် ရပါတယ်။
အင်္ဂလိပ်စကားနဲ့ ဆက်သွယ် ပြောဆိုရာမှာ မိမိက မကြားလိုက်တဲ့အခါ နားမလည်တဲ့ အခါ ဒါမှမဟုတ် ကိုယ်ကြားလိုက်ရတဲ့ စကားဟာ ရီစရာ သို့မဟုတ် စိတ်ဆိုးချင်စရာ ဖြစ်တယ်ဆိုရင် ပြောသူကို ပြန်ပြောခိုင်းလေ့ ရှိပါတယ်။ ပြောသူနဲ့ နားထောင်သူ နှစ်ဦးတို့ကြားက ရင်းနှီးမှုကို မူတည်ပြီး ပြောဆိုပုံ ကွာခြားပါတယ်။ အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ်နားမလည် မကြားလိုက်ရလို့ ပြန်ပြောဖို့ ဘယ်လို တောင်းဆိုမလဲ။ ကြည့်လိုက်ရအောင်နော်။

ရင်းနှီးတဲ့ ပုံစံ
စကားပြောနေရင်း မကြားလိုက်ရဘူး၊ နားမလည်ဘူး ဆိုရင် ရင်းနှီးတဲ့ ပုံစံနဲ့ ဆိုရင် “Sorry?” ၊ “ I’m sorry?” သို့မဟုတ် “Pardon?”   စတဲ့ short fixed expressions တွေနဲ့ ပြောတယ်။ မေးခွန်းပုံစံမို့လို့ အသံအဆုံးကို မြှင့်လိုက်ရမယ်နော်။

အောက်မှာ ဥပမာလေးတွေ ထပ်ဖေါ်ပြလိုက်ပါတယ်။ အသံထွက် ဖတ်ကြည့်နော်။ အဲ့ဒါမှ အသက်ဝင်မှာ။ ပိုလည်း ရှင်းမှာပေါ့။
  • “Have you seen the health guide book anywhere?”- “Sorry?”-  “Seen the health guide book?”
  • “Well, what about it?”- “I’m sorry?”-  “What about it?”
  • “How old is she?”- “Pardon?”-  “I said how old is she?”

တစ်ချို့က ဒီလို ပြောတယ် “Come again?” ။ ဒါက “ပြန်လာခဲ့” လို့် ပြောတာ မဟုတ်ဘူးနော်။ “ပြန်ပြောပါဦး”တဲ့။
  • “It’s on Monday.”- “Come again?”- “Monday.”

အမေရိကန်တွေကတော့ “Excuse me?” လို့ ပြောလေ့ ရှိပါတယ်။ တစ်ချို့ကလည်း “Pardon me?” လို့ ပြောကြပါတယ်။
  • “You do see him once in a while, don’t you?”- “Excuse me?”- “ I thought you saw him sometimes.”

တစ်ချို့တွေက “What?”  “You what?”  သို့မဟုတ် “Eh?”  လို့ သုံးကြတယ်။ မြန်မာလို ပြန်တွေးကြည့်ရင် “ဘာ”၊ “ဘာပြောတယ်”၊  “ဟင်” တို့လိုမျိုး ပေါ့နော်။ အဲ့ဒီလိုမျိုးက အရမ်းရမ်းရင်းနှီးတဲ့ လူတွေအချင်းချင်းမှာဘဲ သုံးကြတာမို့လို့ အခြားသူတွေနဲ့ ပြောရင် လုံးဝ မသုံးမိဖို့ သတိထားနော်။ မယဉ်ကျေးလို့ပါ။
  • “Do you want another coffee?”- “What?”-  “Do you want another coffee?”
  • “Well, I still have a cheque book.”- “Eh?”- “I said I still have a cheque book.”

အပေါ်ကလောက် မဆိုးဘဲ သုံးလို့ ရတဲ့ “Wh-”  စကားလုံးတွေနဲ့ တစ်ယောက်ယောက်က ပြောတဲ့စကားကို check လုပ်နိုင်တယ်။
  • “Can I speak to Nikki, please?”- “Who?”-  “Nikki.”
  • “We have got a special offer in April for Chaung Tha.”- “For where?”-  “Chaung Tha.”
  • “I don’t like the tinkling.”- “The what?”-  “The tinkling.”

တစ်ခါတစ်လေ တစ်ယောက်ယောက် ပြောလိုက်တဲ့ စကားကို ကြားတော့ ကြားလိုက်တယ်။ ဒါပေမဲ့ မသေခြာဘူး။ ဒါမှမဟုတ် အံ့သြသွားတယ်ဆိုရင် သူပြောတဲ့ စကားလုံး အတွဲလိုက်ကို သော်လည်းကောင်း၊ အစိတ်အပိုင်း တစ်ခုသော်လည်းကောင်း၊ မေးခွန်းပုံစံ လေသံနဲ့ သံယောင်လိုက် ပြောနိုင်တယ်။
  • “I just told her that rain’s good for her complexion.”- “Rain?”
  • “I have a message for you.”- “A message?”

တစ်စုံတစ်ယောက်က မကြာသေးခင်လေးကဘဲ ပြောခဲ့တဲ့ဟာ တစ်ခုခုကို ခဏကြာတော့ ကိုယ်က မေ့သွားခဲ့ရင် မေးခွန်းနောက်မှာ ‘again’ ထည့်ပြီး ပြန်မေးတာလည်း ရှိပါသေးတယ်။
  • What’s his name again?
  • Where are we going again?

ယဉ်ကျေးတဲ့ပုံစံ
 နောက်တစ်ခုက သင်နှင့် သိပ်မရင်းနှီးတဲ့ သူနဲ့ (ဥပမာ၊ ဖုန်းပေါ်မှာ) စကားပြောတယ်ဆိုပါစို့။ အဲ့ဒီအခါ တစ်ခုခုကို နားမလည်ရင်တော့ longer expression  ဖြစ်တဲ့ မေးခွန်းတွေ သုံးပြီး မေးရတယ်။ အောက်မှာ ဖေါ်ပြတဲ့ expressions တွေက အရမ်း အသုံးဝင်တာမို့ အလွတ် ကျက်မှတ် လေ့ကျင့် နိုင်ပါတယ်။
  • “Sorry, what did you say?”
  • “I’m sorry, I didn’t quite catch that.”
  • “I’m sorry, I didn’t hear what you said.”
  • “I’m sorry, would you mind repeating that again?”
  • “Would you repeat that, please?”

အောက်မှာ ဥပမာလေးတွေ ထပ်ဖေါ်ပြလိုက်ပါတယ်။
  • “What about tomorrow at three?”- “Sorry, what did you say?”- “I said, what about meeting tomorrow at three.”
  • Would you repeat that, I didn’t quite catch it.

နောက်ပြီး expression တွေဖြစ်တဲ့ “Beg your pardon.”  “I beg your pardon.” တို့ကိုလည်း တစ်ခါတစ်ရံ သုံးတတ်ကြပါတယ်။ ဒါပေမဲ့ ဒါတွေက အရမ်း ယဉ်ကျေးပုံပေါက်ပြီး ရှေးဆန်လှသမို့ ခေတ်မှီတာကိုဘဲ ရွေးသုံးတာ ကောင်းတာပေါ့နော်။
  • “Did he listen to you?”- “Beg your pardon?”-  “Did he listen to you?”
  • “Did they have a dog?”- “I beg your pardon?”- “I said did they have a dog?”

အဲ တစ်ခု မှတ်ထားဖို့ ကတော့  “I beg your pardon.” ကို ဘယ်မှာ သုံးသေးလည်းဆိုတော့ တစ်စုံတစ်ယောက် ပြောတာကို အံ့သြသွားတယ် ဒါမှမဟုတ် စိတ်ဆိုးသွားတယ်ဆိုရင် ပြောတယ်။  “Beg” ဆိုတဲ့စကားလုံးပေါ်မှာ stress ထည့်ပြောရတယ်။
  • “Where the devil did you get her?”- “I beg your pardon?”

ပိုမှတ်မိအောင် အစအဆုံး နောက်တစ်ကြော့ ထပ်ဖတ်ပြီး repeat  လုပ်ကြည့်ပါနော်။

Collins COBUILD English Usage 1992 စာအုပ်မှ ကိုးကားဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်