စားသောက်ဆိုင်နှင့် ပတ်သက်သည့် အသုံးအနှုန်းများ(၁)




စားသောက်ဆိုင်နှင့် ပါတ်သက်သည့် အသုံးအနှုံးများ - အပိုင်း (၁)
  • Posted by Language Republic on October 14, 2015 at 11:09

  • À la carte
    - "according to the menu" အစားအသောက်စာရင်းတွင် ပါရှိသည့်အတိုင်း ဟု အဓိပ္ပါယ်ရသည့် ပြင်သစ်ဘာသာမှ မွေးစားထားသောစကား

(ဟင်းပွဲတစ်ခုချင်းစီအလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး တကွဲစီမှာယူရသော menu ကို ရည်ညွှန်းရာ၌လည်းကောင်း (၎င်းသည် စားသောက်ဆိုင်များလုပ်ရိုးလုပ်စဉ်ဖြစ်ပါသည် ၊ menu မှနေ၍ အစားအစာတစ်ခုကို ၎င်းချည်းသက်သက် မှာယူရာ၌လည်းကောင်း အသုံးပြုပါသည်။)

Bartender - ဘားကောင်တာနောက်မှနေ၍ အရက်နှင့်ဆိုင်သော သောက်စရာများကို စပ်၍ ပေးသောသူ၊ များသောအားဖြင့် လိုင်စင်ဖြင့် အရက်ရောင်းသောနေရာများတွင် လုပ်ကိုင်သည်။

Blue-plate special
- အမေရိကန်နိုင်ငံရှိ စားသောက်ဆိုင်များတွင် အသုံးပြုလေ့ရှိသော အသုံးအနှုန်းဖြစ်သည်။ အထူးသဖြင့် ကော်ဖီဆိုင်များနှင့် ညစာ စားသည့်ဆိုင်များတွင်ဖြစ်သည် (သို့သော်ထို နေရာများတွင်သာမက အသုံးပြုသည်)။ ထို အသုံးအနှုန်းသည် နေ့စဉ် အပြောင်းအလဲရှိပြီး ထူးခြားစွာ ဈေးသက်သာလွန်းသော ဟင်းပွဲကို ရည်ညွှန်းပါသည်။ ပုံမှန်အားဖြင့် “meat and three” (အသားနှင့် ဟင်းသီးဟင်းရွက် သုံးမျိုး) ပါဝင်ပြီး သီးခြား ဟင်းပန်ကန်ပြားများဖြင့် ပြင်ဆင်ခြင်းထက် အကန့်များပါသော ပုံစံခွက်ကဲ့သို့ ပန်းကန်ပြား တစ်ချက်တည်းပေါ်၌ ပြင်ဆင်ပေးသည်။

BYOB
– (Bring your own bottle) ကိုယ့်ပုလင်းကိုယ် ယူလာပါ၊ (bring your own beer) ကိုယ့်ဘီယာကိုယ် ယူလာပါ (bring your own beverage) ကိုယ့်သောက်စရာကိုယ် ယူလာပါ၊ (bring your own booze) ကိုယ့်အရက်နှင့်ကိုယ်လာပါ ဟု အဓိပ္ပါယ်ရသော အစစာလုံးများဖြစ်သည်။

Chef -
အစားအသောက် ပုံစံတစ်မျိုးကို ဘက်ပေါင်းစုံမှ ပြင်ဆင်တတ်စေရန် အဆင့်အတန်းမြင့်စွာ လေ့ကျင့်ထားသော၊ ကျွမ်းကျင်သည့် အချက်အပြုတ်ပညာရှင်။

Chef’s table -
အလွန်အရေးကြီးသည့် ပုဂ္ဂိုလ်များနှင့် အထူးဧည့်သည်တော်များအတွက် သီးသန့်ဖယ်ထားသော စားသောက်ဆိုင်တစ်ခု၏ မီးဖိုချောင်တွင် တည်ရှိနေသော စားပွဲခုံ။ ဆိုင်ကို အားပေးထောက်ပံ့သူများကို ခေါင်းဆောင် စားဖိုမှုး ပြင်ဆင်ထားသည့် စားသောက်ဖွယ်စားရင်းဖြင့် တည်ခင်းဧည့်ခံလေ့ရှိသည်။ စားသောက်ဆိုင်များသည် အနည်းဆုံးရှိရမည့် လူဦးရေ ကိုတောင်းဆိုနိုင်ပြီး မြင့်မားပြီး မပြောင်းလဲသည့် ဈေးနှုန်းကို တောင်းခံနိုင်ပါသည်။ မီးဖိုချောင်ပစ္စည်းများကို အသုံးပြုရန် လိုအပ်သည့်အတွက် chef’s table များသည် ယေဘုယျအားဖြင့် ဧည့်သည်အ၀င်နည်းသည့် အချိန်များတွင်သာ ရနိုင်ပါသည်။

Dine and dash
- လိမ်လည်ခြင်းဖြင့် ခိုးခြင်း (theft by fraud) ပုံစံတစ်မျိုးဖြစ်ပါသည်။ စားသောက်သူတစ်ဦးက စားသောက်ဆိုင် (သို့) အလားတူ အဆောက်အအုံတစ်ခုမှ ငွေရှင်းရန် ရည်ရွယ်ချက်မရှိဘဲနှင့် အစားအသောက်ကို မှာယူစားသောက်ခြင်း ဖြစ်ပါသည်။

Early bird dinner
- စားနေကျအချိန်ထက် ပိုမိုစောလျင်စွာ တည်ခင်းဧည့်ခံပေးသည့် ညစာ - အထူးသဖြင့် စားသောက်ဆိုင်များတွင် ဖြစ်သည်။ ပုံမှန်ညစာ menu ထက် ရွေးချယ်မှု ကန့်သတ်ထားသော်လည်း ဈေးနှုန်းလျှော့ထားသော menu နှင့်အတူ နေရာထိုင်ခင်းများ ပြုလုပ်ပေးကြပါသည်။ တချို့သောဆိုင်များက “early bird special” ဟု ခေါ်သော သတ်မှတ်ထားသော အစားအစာများ (သို့) ရွေးချယ်ရသော အစားအစာကိုလည်း ရောင်းချတတ်ပါသည်။

Fast food
- အမေရိကန် ပြည်ထောင်စုတွင် ၁၉၅၀ ပြည့်နှစ်များတွင် စတင်လူသိများထင်ရှားလာသည့် အစားအသာက်များကို လျင်မြန်စွာ ပြင်ဆင်ပြီး တည်ခင်းသည်ကို ဆိုလိုသည့် အသုံးအနှုန်းဖြစ်သည်။ ပြင်ဆင်သည့် အချိန်အနည်းငယ်သာ ရယူသည့် မည်သည့် အစားအစာမဆို Fast food ဟုခေါ်ဆိုနိုင်သောလည်း ထို အသုံးအနှုန်းသည် စားသောက်ဆိုင်(သို့) စတိုးဆိုင် တစ်ခုခုတွင် ကြိုတင်အပူပေးထားပြီး (သို့) ကြိုတင်ချက်ပြုတ်ထားပြီး စားသုံးသူများကို ထုပ်ပိုးပြီးပုံစံဖြင့် ရောင်းချသော အစားအစာကို ရည်ညွှန်းပါသည်။ Fast food စားသောက်ဆိုင်များသည် ကားပေါ်မှနေ၍ ဆိုင်၏ ပြတင်းပေါက်မှတစ်ဆင့် မှာယူစားသောက်နိုင်စေသည့် စနစ် (drive-through) ဖြင့် အခြားဆိုင်များနှင့် မတူ တမူ ကွဲပြားပါသည်။

Gueridon service
- စားသောက်ဆိုင်များမှနေ၍ ၎င်းတို့၏ ဧည့်သည်များကို တည်ခင်းသည့် အစားအသောက်ပုံစံတစ်မျိုးဖြစ်သည်။ ဤကဲ့သို့သော ၀န်ဆောင်မှုမျိုးတွင် ဧည့်သည်များရှေ့တွင် “gueridon” ကိုသုံး၍ အစားအစာများ (အဓိကအားဖြင့် အသုပ်၊ ဒိန်ချဉ်နှင့် အမဲကြော် (သို့) အချိုပွဲများ) ကို တိုက်ရိုက်ပြင်ဆင်ပေးခြင်း ပါဝင်ပါသည်။ Gueridon သည်အစားအစာကို ပြင်ဆင်ချက်ပြုတ်နိုင်ရန် ပစ္စည်းကိရိယာ တန်ဆာပလာများ တပ်ဆင်ထားသော လက်တွန်းလှည်းတစ်ခု ဖြစ်ပါသည်။ ၎င်းပေါ်တွင် ဓါတ်ငွေ့မီးဖို၊ စဥ့်နီတုံး အပြား၊ ဇွန်း၊ ခက်ရင်း၊ ဓါး အစရှိသည်တိုကကို ထည့်သော အံ (တွန်းလှည်း အမျိုးအစားပေါ်မူတည်၍) အအေးသိုလှောင်ရန်အရာနှင့် ချက်ပြုတ်ရန်နေရာတို့ ပါပါသည်။

Happy hour
- စားသောက်ဆိုင်၊ ဘား၊ ဘိုးလင်းပစ်သည့်နေရာ၊ အားကစားရုံ အစရှိသော အများပြည်သူဆိုင်ရာ နေရာများဤ ဘီယာ၊ ၀ိုင်နှင့် အရက်စုံယမကာကဲ့သို့သော အရက်ပါသော ဖျော်ရည်များကို လျှော့ဈေးဖြင့် ရောင်းရာ၌ အသုံးပြုသော ဝေါဟာရဖြစ်သည်။ Happy hour အတွင်း အခမဲ့ အမြည်းပွဲများနှင့် ဈေးလျှော့ထားသော menu ပါ စားစရာများကို ရောင်းချ တည်ခင်းလေ့ရှိပါသည်။

Wikipeida မှ List of restaurant terminology ကို ကိုးကားဘာသာ ပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်