ကော်ဖီနှင့် ဆက်စပ်နေသော ဝေါဟာရ အခေါ်အဝေါ်များ


  • Posted by Soe Soe Win on September 7, 2015 at 17:54
  •  
  • ကော်ဖီသည် ကမ္ဘာပေါ်ရှိ လူကြိုက်အများဆုံးသော သောက်ဖွယ်ရာအရည်တစ်မျိုးဖြစ်ပါသည်။ ဤ vocabulary သင်ခန်းစာတွင် ကော်ဖီနှင့် ဆက်စပ်နေသော ဝေါဟာရများကို ဖော်ပြသွားမှာဖြစ်ပါသည်။
Caffeine (ကဖိန်းဓာတ်)
ကော်ဖီစေ့၌ ပါရှိသော ဗဟိုအာရုံကြောစနစ်နှင့် ကိုယ်ခန္ဓာ၏ ဇီဝတွင်းဖြစ်ပျက်မှုတွေကို နိုးကြွစေသော ဓာတုဓာတ်ပေါင်း။

caffè Americano (ကော်ဖီအမေရိကာနို)
ကော်ဖီကြမ်းပျစ်ပျစ်ခါးခါးတွင် ရေနွေးထည့်၍ ဖျော်သောကော်ဖီအမျိုးအစား။

caffè macchiato
caffè  macchiato ကို တစ်ခါတစ်ရံ espresso macchiato လို့လည်း ခေါ်ပါတယ်။ ၄င်းသည် ကော်ဖီကြမ်းပျစ်ပျစ် ခါးခါးကို နို့အနည်းငယ်ရောထားခြင်းဖြစ်သည်။ အီတလီဘာသာစကားအရ macchiato ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ အရောင်တင်ထားသော ကော်ဖီ (သို့) နို့အနည်းငယ်ပါသော ကော်ဖီဟု အဓိပ္ပာယ်ရပါသည်။

cappuccino (ကာပူချီနို)
Cappuccino သည် အီတလီကော်ဖီဖြစ်ပါတယ်။  အစဉ်အလာအားဖြင့် ၄င်းကို ကော်ဖီကြမ်းပျစ်ပျစ်ခါးခါး၊ နွားနို့ပူပူနှင့် ပေါင်းထားသော နွားနို့အမြှုပ်တို့ဖြင့် ဖျော်ပါသည်။

coffee beans(ကော်ဖီစေ့များ)
ကော်ဖီပင်မှ ရရှိသော အစေ့ဖြစ်ပါသည်။ ၄င်းကို မှည့်တာနှင့် တပြိုင်နက် ခူး၊ ပြုပြင်ပြီး အခြောက်လှမ်းပါသည်။

black coffee (ဘလက်ကော်ဖီ)
Black coffee ဆိုသည်မှာ မလိုင်ရောနို့ပါ ထည့်ထားခြင်းမရှိသော ကော်ဖီကို ခေါ်ပါသည်။

decaffeinated coffee (ကဖိန်းဓာတ်မပါသောကော်ဖီ)
Decaffeinated coffee ဆိုသည်မှာ ကော်ဖီအစေ့များက ကဖိန်းဓာတ်များ ဖယ်ရှားရန် ပြုပြင်ပြောင်းလဲမှုခံယူပြီးသား ကော်ဖီဖြစ်ပါသည်။ Decaf ဟုလည်းအတိုခေါ်ကြပါသည်။

drip coffee (စစ်ထားသော ကော်ဖီ)
၎င်းကို filtered coffee ဟုလည်း ခေါ်ပါသည်။ အစစ်(filter) တစ်ခုထဲမှ ထည့်ထားသော လှော်ပြီးအမှုန့်ကြိတ်ထား သော ကော်ဖီစေ့များအပေါ်မှ ရေကို လောင်းထည့်ခြင်းဖြင့် ရရှိသော ကော်ဖီဖြစ်ပါသည်။

Espresso (ကော်ဖီကြမ်းပျစ်ပျစ်ခါးခါး)
ပြင်းပြီးနက်မှောင်သော ကော်ဖီဖြစ်ပါသည်။ နုမှုန့်နေအောင် ကြိတ်ထားတဲ့ ကော်ဖီစေ့များထဲကို ဖိအားပေးထားသည့် ဆူလုနီးပါးရှိသော ရေပမာဏအနည်းငယ်ကို အရှိန်ဖြင့် ဖြတ်သန်းစေခြင်းဖြင့် ရရှိသော ကော်ဖီဖြစ်ပါသည်။

flat white
Flat white သည် ၁၉၇၀-၁၉၈၀ ၀န်းကျင်ခန့်တွင် နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံများ၌ တီထွင်ခဲ့သော ကော်ဖီ တစ်မျိုးဖြစ်ပါသည်။ Espresso တစ်အောင်စ (သို့) နှစ်အောင်စအပေါ်သို့ microfoam (အလွန်သေးငယ်သော အမြှုပ်) လို့ခေါ်သော အလွန်သေးငယ်သည့် လေပူပေါင်းလေးများပါရှိပြီး ကြွေရောင်ထပြီး ကတ္တီပါလို နူးညံ့သည့် ပေါင်းခံထား သည့် နို့ကို လောင်းချခြင်းဖြင့် ရရှိသော ကော်ဖီဖြစ်ပါသည်။

instant coffee (အသင့်သောက်ကော်ဖီ)
Instant coffee သည် ပျော်ဝင်နိုင်သော အမှုန့်အဖြစ် ပြုပြင်စီမံထားသော ကော်ဖီမှုန့် (သို့) ရေနွေးထဲတွင် မြန်မြန်ပျော်နိုင်သော ခဲသွေ့ (freeze-dried)ထားသော အမှုန့်ခဲများဖြစ်ပါသည်။ ကိုယ့်ကော်ဖီကိုယ်ဖျော် မသောက်ချင်သော သုံးစွဲသူများ အဆင်ပြေစေရေးအတွက် တီထွင်ထားခြင်းဖြစ်ပါသည်။

Latte
ကော်ဖီကြမ်းပျစ်ပျစ်ခါးခါးကို ပေါင်းခံထားသော နို့နှင့် ဖျော်ထားသော ကော်ဖီဖြစ်ပါသည်။

long black
Long black ကော်ဖီသည် espresso (၂)အောင်စကို ရေနွေးထဲသို့ သွန်ထည့်ခြင်းမှ ရလာသော ကော်ဖီဖြစ်သည်။

mocha
ပျစ်နှစ်ပြီး အနံ့စူးရှသော ထူးကဲသည့် အာရေဗျကော်ဖီ (သို့) နို့၊ သကြားနှင့် ကိုးကိုးအရသာများထည့်ထားသော ကော်ဖီ ကို ခေါ်ခြင်းဖြစ်ပါသည်။

skinny coffee
မလိုင်ထုတ်ပြီးသား နွားနို့ဖြင့် ဖျော်ထားသော ကော်ဖီကို ခေါ်ခြင်းဖြစ်သည်။

white coffee
အင်္ဂလိပ်စကားပြောသော တိုင်းပြည်အများစုတွင် white coffee ဆိုသည်မှာ ပုံမှန် ကော်ဖီကြမ်းစစ်စစ်ကို နို့၊ မလိုင် (သို့) တခြား နို့၊ မလိုင်အစားထိုး အမှုန့်များဖြင့် ဖျော်ထားသော ကော်ဖီဖြစ်သည်။

ဒီကော်ဖီကိုပဲ US ရှိ New York ဒေသမှာ "coffee light" လို့ ခေါ်ကြပြီး New England ဒေသမှာတော့ "coffee with milk" (သို့) "regular coffee" လို့ ခေါ်ကြပါတယ်။

အထက်တွင် ဖောပြထားခြင်း မရှိသည့် ကော်ဖီနှင့် ပတ်သက်သော အခေါ်အဝေါ်များ၊ အမျိုးအစားများအား သင်သိပါသလား။ သိလျှင် အောက်တွင် comment ရေး၍ မျှဝေပေးပါ။

Myenglishpages.com မှ Coffee Vocabulary ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်