2.Wh-type questions (၁၆)


How much ဖြင့် မေးခွန်းလုပ်နည်း (၂)

*** How much နှင့် How many သည် အရေအတွက်ကို မေးခြင်း ဖြစ်သည်။

*** How much ကို Uncountable Noun မေးရာတွင် သုံးသည်။

*** How much ကို Verb to be နှင့် တွဲမေးလျှင် အများအားဖြင့် ဈေးမေးသည့်နေရာတွင် သုံးသည်။

*** How much နောက်တွင် Money ရှိသော်လည်း ဈေးမေးမှန်းသိသဖြင့် ထည့်မပြောတော့ပါ။

*** ဈေးမေးခြင်း မဟုတ်လျှင် How much နောက်တွင် မေးလိုသည့် နာမ် (Uncountable Noun) ကပ်လိုက်ရသည်။

*** (I, We, You, They) နှင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ထက်ပိုသည့် Subject တွေဆိုလျှင် (do) သုံးရမည်။

*** (He, She, It) နှင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက် Subject တွေဆိုလျှင် (does) သုံးရမည်။

How much + Uncountable Noun ? ဘယ်လောက် ရှိသလဲ။

 

(1) How much milk is in the fridge? (ရေခဲသေတ္တာထဲမှာ နွားနို့ဘယ်လောက် ရှိသလဲ။

(2) How much traffic was there on the way to work? (အလုပ်သွားရာလမ်းမှာ ယာဉ်ကြော အခြေအနေ ဘယ်လိုရှိသလဲ။) *** ကားတွေ ဘယ်လောက်ရှိခဲ့သလဲ။

(3) How much space is on your computer? (မင်း ကွန်ပျူတာမှာ နေရာ ဘယ်လောက် ရှိသလဲ။)

(4) How much time do we have to finish the test? (စာမေးပွဲပြီးဖို့ အချိန်ဘယ်လောက် ရှိသေးလဲ။) *** Verb to be နှင့် မေးခြင်းမဟုတ်၊ Subject အများဖြစ်၍ အကူကြိယာ do သုံးသည်။

(5) How much sugar do you like in your coffee? (မင်း ကော်ဖီထဲမှာ သကြားဘယ်လောက် ထည့်ချင်သလဲ။) *** သူငယ်ချင်းကို မေးတဲ့အခါ သုံးပါတယ်။

(6) How much sugar would you like in your coffee? *** ယဉ်ကျေးတဲ့ အသုံးအနှုန်း

(7) How much paper do you need? (မင်း စာရွက် ဘယ်နှစ်ရွက် လိုသလဲ။)

Two pieces of paper = စာရွက်နှစ်ရွက်

*** Two paper လို့ မသုံးရပါ။ How many paper do you need? လို့လည်း မသုံးရပါ။

(8) How much milk do they buy daily? (သူတို့ နေ့တိုင်း နွားနို့ဘယ်လောက် ဝယ်လေ့ ရှိသလဲ။)

(9) How much time does she need to arrive here? (သူမ ဒီကိုရောက်ဖို့ အချိန်ဘယ်လောက် လိုသလဲ။) *** Subject အနည်းမို့ does သုံးထားသည်။

(10) How much water does you child drink a day? (မင်းရဲ့ ကလေးက တစ်နေ့ကို ရေဘယ်လောက် သောက်လေ့ရှိသလဲ။) *** Subject အနည်းမို့ does သုံးထားသည်။

(a day / daily = တစ်နေ့ / နေ့စဉ် နေ့တိုင်း)

(11) How much oil does your mother use a month? (မင်းအမေက တစ်လကို ဆီဘယ်လောက် သုံးလေ့ရှိသလဲ။)

(12) How much does it cost? (အဲဒါ ဘယ်လောက် ကျသလဲ။)

(13) How much do you spend a month more or less? (တစ်လမှာ မင်း ပိုက်ဆံဘယ်လောက် သုံးသလဲ။) *** How much နောက်တွင် money ကို မြှုပ်ထားသည်။

(more or less = လောက်၊ အနည်းနဲ့ အများ)

(14) How much does she need to cover the monthly expenses? (လစဉ် ကုန်ကျစားရိတ် ကာမိဖို့ သူမဘယ်လောက် လိုသလဲ။)

(monthly expenses = လစဉ် ကုန်ကျစားရိတ်)

(15) How much money do you have? (မင်းမှာ ငွေဘယ်လောက် ရှိသလဲ။)

How many dollors do you have? (မင်းမှာဒေါ်လာ ဘယ်လောက် ရှိသလဲ။)

*** Currency ဖြင့် သုံး၍ How many ဖြင့် မေးသည်ကို သတိပြုပါ။

ထူးအောင်ဝင့်

Comments

Popular posts from this blog

မင်္ဂလာပါ

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 5 - Polite Explanation and Apology)