2.Wh-type questions (၁၃)

How many ဖြင့် မေးခွန်းလုပ်နည်း (၃)

*** How many ကို Countable Noun (ရေတွက်ရသည့် နာမ်) များ မေးရာတွင် သုံးသည်။

*** Verb to be နှင့် မေးနည်း၊ Verb to be မဟုတ်သည့် Verb များနှင့် မေးနည်းဟူ၍ ထပ်မံခွဲခြားနိုင်သည်။

*** Verb to be နှင့် မေးရာတွင် ဘယ်လောက်များများ ဟု အများကိန်းကို မေးခြင်းဖြစ်၍ (are, were) ကိုသာ သုံးရမည်။

Verb to be မဟုတ်သည့် Verb များနှင့် မေးရာတွင် (do, does) မလိုသည့် မေးနည်းနှင့် (do, does) လိုသည့် မေးနည်းဟူ၍ ထပ်မံခွဲခြားနိုင်သည်။

  How many + Object ဆိုလျှင် (do, does) လိုပါသည်။

 

*** (I, We, You, They) နှင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ထက်ပိုသည့် Subject တွေဆိုလျှင် (do) သုံးရမည်။

*** (He, She, It) နှင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက် Subject တွေဆိုလျှင် (does) သုံးရမည်။

 

E.g.: (1) How many siblings do you have? (siblings သည် Object ဖြစ်၍ အကူကြိယာ do သုံးသည်။)

(2) How many siblings does Thiri have? (siblings သည် Object ဖြစ်၍ အကူကြိယာ does သုံးသည်။)

(3) How many cousins do you have? ( cousins သည် Object ဖြစ်၍ အကူကြိယာ do သုံးသည်။)

(4) How many cousins does Kaung Thuta have? ( cousins သည် Object ဖြစ်၍ အကူကြိယာ do သုံးသည်။)

(5) How many cars do they have? ( cars သည် Object ဖြစ်၍ အကူကြိယာ do သုံးသည်။)

(6) How many cars does he have? ( cars သည် Object ဖြစ်၍ အကူကြိယာ does သုံးသည်။)

(7) How many books do you read a year? ( books သည် Object ဖြစ်၍ အကူကြိယာ do သုံးသည်။)

(8) How many books does your grandfather read a week? ( books သည် Object ဖြစ်၍ အကူကြိယာ does သုံးသည်။)

(9) How many holidays do they have a month? ( holidays သည် Object ဖြစ်၍ အကူကြိယာ do သုံးသည်။)

(10) How many holidays does Hmoon Hmoon have a month? ( holidays သည် Object ဖြစ်၍ အကူကြိယာ do သုံးသည်။)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

English for Hotel and Catering Industry (Unit 7 Serving in the bar)