ခင်ဗျားက (F&B Department) မှာဆိုရင်

ခင်ဗျားက (F&B Department) မှာဆိုရင်

(F&B) ဝန်ထမ်းများသည် တကိုယ်ရေသန့်ရှင်းမှု ရှိရမည်။ ခန်းမအတွင်းတွင် ဧည့်သည်အတွက် ဝန်ဆောင်မှုပေးနိုင်ရန် မတ်တပ်ရပ်နေသည့် အနေအထားနှင့် ဧည့်သည်(Menu) ကြည့်နေစဉ် ဝန်ဆောင်မှုပေးရန် မတ်တပ်ရပ်နေသည့် အနေအထား မတူသည်ကို သတိပြုသင့်သည်။

ခန်းမအတွင်း မတ်တပ်ရပ်ရာတွင် ပျင်းရိသည့်ဟန်ဖြင့် နံရံကိုမှီနေခြင်းမျိုးကို ရှောင်ကြဉ်ရမည်။ ဧည့်သည်က အစားအသောက်မှာရန်အတွက် (Menu) ကြည့်နေစဉ်တွင် ဝန်ထမ်းသည် ခပ်တောင့်တောင့် ရပ်မနေသင့်ပဲ မျက်နှာသည် ခပ်ပြုံးပြုံး ဖြစ်နေသင့်သည်။ မှာကြားလိုသည့် အစားအသောက် ရနိုင် မရနိုင်နှင့် အစားအသောက်အတွက် အကြံပြုပြောကြားလိုသည့်အခါ ဗလုံးဗထွေးမဟုတ်ပဲ ကြည်လင်ပြတ်သားချိုသာစွာ ပြောကြားနိုင်ရမည်ဖြစ်သည်။ ဧည့်သည် အနှောင့်အယှက်ဖြစ်စေနိုင်သည့် လိုအပ်သည်ထက် စကားများခြင်းကို သတိထားရမည်။ ထို့ပြင် အထူးသတိထားရမည်မှာ (F&B) ဝန်ထမ်းများသည် စားသောက်ခန်းအတွင်း အပြေးအလွှား(ပျာယာခတ်) လုပ်ဆောင်ခြင်းမျိုးကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

ထူးအောင်ဝင့်
(၂၈.၈.၂၀၂၂)

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 3 - Taking Reservation)