2. Wh-type questions

2. Wh-type questions 

Whom ဖြင့် မေးခွန်းလုပ်နည်း

*** ခံရသူ Object ကို မေးလျှင် Whom ဖြင့် မေးရသည်။

*** Simple Present Tense နဲ့ မေးခွန်းလုပ်ရင် Who နဲ့ မေးတာကလွဲလို့ မေးခွန်းစကားလုံး အကူကြိယာဖြစ်သည့် (do, does) ထည့်ပေးရသည်။

*** (I, We, You, They ) နှင့် တစ်ခုထက်ပိုတဲ့ (Subject) တွေအတွက် (Verb) သည် (s, es) မလိုချေ။ မေးခွန်းလုပ်မည်ဆိုလျှင် (Do) ထည့်ပေးရသည်။ (Subject) အနည်းဆိုလျှင် (Does) ထည့်ပေးရမည်။

*** တချို့သော Verb တွေမှာ Preposition တွေ ပါလာတတ်ပါသည်။ (talk to, speak to, go with, come with, apologize to, agree with, trust in) အဲဒီလို Preposition တွေ ပါလာလျှင် Preposition ကို ရှေ့ထုတ်၍ Whom နှင့် တွဲသုံးပေးရသည်။

*** Whom = ဘယ်သူ့ကိုလဲ၊ မည်သူ့ကိုလဲ (သက်ရှိကို မေးခြင်းဖြစ်သည်။)

 Whom + (do / does) + Subject + Verb ………?

 

Eg: (1) My mother loves me so much. (ငါ့အမေက ငါ့ကိုသိပ်ချစ်တာ။)

Whom does my mother love so much? (ငါ့အမေက ဘယ်သူ့ကို အရမ်းချစ်တာလဲ။) ***ကိုယ်တိုင်ပြန်မေးတဲ့အခါ***

Whom does your mother love so much? (မင်းအမေက ဘယ်သူ့ကို အရမ်းချစ်တာလဲ။)

(2) I love my mother so much. (ကျွန်တော်က မေမေ့ကို အရမ်းချစ်တယ်။)

Whom do you love so much? (ဘယ်သူ့ကို မင်းက အရမ်းချစ်နေတာလဲ။)

(3) We believe Ko Kaung. (ငါတို့က ကိုကောင်းကို ယုံတယ်။)

Whom do you believe? (မင်းတို့က ဘယ်သူ့ကို ယုံတာလဲ။)*** Object ကို ချန်မေးရမည်။

Who do you believe? (Informal English, Spoken) *** ရင်းနှီးတဲ့သူတွေမှာ သုံးတဲ့စကား။

*** Informal English ဟူသည် ရင်းနှီးစွာပြောသော၊ ကိန်းကြီးခမ်းကြီး မဟုတ်သော၊ ပေါ့ပေါ့ပါးပါး ပြောသော၊ သဒ္ဒါကို အရမ်းဂရုစိုက်နေစရာမလိုသော အင်္ဂလိပ်စကား ဖြစ်သည်။

(4) May May believes Ko Kaung. (မေမေက ကိုကောင်းကို ယုံတယ်။)

Whom does May May believe? (မေမေက ဘယ်သူ့ကို ယုံတာလဲ။)

(5) Ko Kaung and Thuta hate the dog. (ကိုကောင်းနဲ့ သုတက ခွေးတွေကို မုန်းတယ်။)

Whom do Ko Kaung and Thuta hate? (ကိုကောင်းနဲ့ သုတက ဘယ်သူတွေကို မုန်းတာလဲ။)

(6) I support my family. (ငါက ငါ့မိသားစုကို ထောက်ပံ့တယ်။)

Whom do you support? (မင်းက ဘယ်သူ့ကို ထောက်ပံ့တာလဲ။)

(7) I see Pyi Soe and his younger sister. (ကျွန်တော် ပြည်စိုးနဲ့ သူ့ညီမငယ်ကို တွေ့တယ်။)

Whom do you see? (မင်းက ဘယ်သူတွေကို တွေ့တာလဲ။)

(8) Ba Gyi Phyo sees Pyi Soe and his younger sister. (ဘကြီးဖြိုးက ပြည်စိုးနဲ့ သူ့ညီမငယ်ကို တွေ့တယ်။)

Whom does Ba Gyi Phyo see? (ဘကြီးဖြိုးက ဘယ်သူတွေကို တွေ့တာလဲ။)

(9) I like mango very much. (ကျွန်တော် သရက်သီး တအားကြိုက်တယ်။)

Whom do you like very much? (မင်း ဘာကို တအားကြိုက်တာလဲ။)

(10) They like Durin. (သူတို့ ဒူရင်းသီး ကြိုက်တယ်။)

Whom do they like? (သူတို့ ဘာကို ကြိုက်တာလဲ။)

(11) I wish to talk to the manager. (ကျွန်တော် မန်နေဂျာနဲ့ ပြောလိုပါတယ်။)

To whom do you wish to talk? (မင်း ဘယ်သူနဲ့ စကားပြောလိုပါသလဲ။) *** အမှန်ဆုံး အသုံးအနှုန်း

Whom do you wish to talk to?

(Informal English ဖြစ်ပါတယ်၊ လက်ခံ၍ ရသော်လည်း သိပ်မသုံးသင့်ပါ။)

Who do you wish to talk to? (သိရုံသာ။ မမှန်ဆုံးမို့ မသုံးသင့်ဆုံးပါ။)

(12) My father wishes to speak to the manager. (ငါ့အဖေက မန်နေဂျာနဲ့ စကားပြောချင်တယ်။)

To whom does your father wish to speak? (ဘယ်သူ့ကို မင်းအဖေက စကားပြောချင်တာလဲ။)

 

(13) I agree with Daw Thandar. (ကျွန်တော် ဒေါ်သန္တာနဲ့ သဘောတူတယ်။)

With whom do you agree? (ဘယ်သူနဲ့ မင်းက သဘောတူတာလဲ။)

(14) The President trusts in his people. (သမ္မတကြီးက သူ့လူတွေကို ယုံတယ်။)

In whom does the President trust? (သမ္မတကြီးက ဘယ်သူ့ကို ယုံတာလဲ။)

(15) She hates some of her friends. (သူမက သူမရဲ့ သူငယ်ချင်းတချို့ကို မုန်းတယ်။)

Whom does she hate? (သူမက ဘယ်သူ့ကို မုန်းတာလဲ။)

(16) You need to apologize to teacher. (ဆရာမကို မင်း တောင်းပန်ရမယ်။)

To whom do you need to apologize? (ဘယ်သူကို မင်းတောင်းပန်ရမလဲ။)

(17)I wish to speak to the person in charge. (ငါ တာဝန်ရှိသူနဲ့ စကားပြောချင်တယ်။)

To whom do you wish to speak? (မင်း ဘယ်သူနဲ့ စကားပြောချင်တာလဲ။)

(The person in charge = တာဝန်ရှိသူ)

 

*** Whom do you love most in your family?

(မင်း မိသားစုထဲမှာ ဘယ်သူ့ကို မင်းက အချစ်ဆုံးလဲ။)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်