5. Farming Questions (၂)

5. Farming Questions (၂)

(ii) Verb to do ဖြင့် မေးခွန်းလုပ်နည်း

*** Verb to do တွေဖြစ်သည့် eat, drink, sleep, go, play, work, … စသော ကြိယာများ ပါလာလျှင် (do, does, did)  တို့ကို အကူတောင်းပြီး ဝါကျရှေ့ထုတ်ကာ မေးခွန်းလုပ်ရမည်။

***Do, Does, Did ကို Tense (12)မျိုးထဲမှ Simple Present Tense နှင့် Simple Past Tense မှာပဲ သုံးသည်။

*** Do, Does သည် Simple Present Tense အတွက်ဖြစ်ပြီး Did သည် Simple Past Tense အတွက် သုံးသည်။

   Do/ Does + Subject + Verb + Object +?

 Eg: (1) We have training on Monday to Saturday. (တနင်္လာကနေ စနေ အထိ ငါတို့ သင်တန်းရှိ တယ်။)

Do we have training from Monday to Saturday?

(2) The Sun rises in the East. (နေက အရှေ့ဘက်က ထွက်တယ်။)

Does the Sun rise in the East?

(3) I always drink coffee in the morning. (မနက်ခင်းမှာ ငါ ကော်ဖီအမြဲသောက်တယ်။)

Do I drink coffee in the morning?

(4) Thiri hits Ko Pyi Soe. (သီရိက ကိုပြည်စိုးကို ရိုက်တယ်။)

Does Thiri hit Ko Pyi Soe?

(5) They want to come with me. (သူတို့က ငါနဲ့လိုက်ချင်တာ။)

Do they want to come with me?

(6) Ko Kaung speaks Japanese. (ကိုကောင်း ဂျပန်လို ပြောတတ်တယ်။)

Ko Kaung speaks Japan. (ကိုကောင်း ဂျပန်စကား ပြောတတ်တယ်။)

Does Ko Kaung speak Japan?

(7) They learn English with their friends every weekend. (စနေ၊ တနင်္ဂနွေတိုင်း သူငယ်ချင်းတွေနဲ့အတူ သူတို့ အင်္ဂလိပ်စာ လေ့လာကြတယ်။)

Do they learn English with their friends every weekend?

(8) Ko Kaung writes a diary regularly. (ကိုကောင်းက ဒိုင်ယာရီ မှန်မှန်ရေးတယ်။)

Does Ko Kaung write a diary regularly?

(9) They have many books. (ပိုင်ဆိုင်မှုပြ)

Have they many books?

Do they have many books?

(10) They have a walk. (Main Verb အဖြစ်သုံးသည်။)

Do they have a walk?

(11) Mr and Mr Smith fly to Geneva. (V1 ဖြစ်နေလို့ do နဲ့ မေးတာ။)

Do Mr. and Mr. Smith fly to Geneva?

(12) Ma Ma sits under the tree. (V1(s,es) ဖြစ်နေလို့ does နဲ့ မေးတာ။)

Does Ma Ma sit under the tree?

    Did + Sub + Verb + Object +?

 

(1) My brother traveled to Singapore two years ago. (လွန်ခဲ့တဲ့ ၂-နှစ်က ငါ့အစ်ကို စင်္ကာပူကို ခရီးသွားခဲ့တယ်။)

Did my brother travel to Singapore two years ago?

(2) My father scolded Ko Kaung. (ငါ့အဖေက ကိုကောင်းကို ဆူခဲ့တယ်။)

Did my father scold Ko Kaung?

 

(3) Pyi Soe bullied Thiri. (ပြည်စိုးက သီရိကို ကြီးနိုင်ငယ်ညှင်း လုပ်တယ်။)

Did Pyi Soe bully Thiri?

(4) It rained heavily last night. (မနေ့ညက မိုးသဲသဲမဲမဲ ရွာခဲ့တယ်။)

Did it rain heavily last night?

(5) I had a dream last night. (Main Verb အဖြစ်သုံးသည်။)

Did I have a dream last night?

(6) Thu Thu won the price. (V2 ဖြစ်နေလို့ did နဲ့ မေးတာ။)

Did Thu Thu win the price?

(7) They fought the enemies. (V2 ဖြစ်နေလို့ did နဲ့ မေးတာ။)

Did they fight the enemies?

(8) Did you miss me? (မင်း သတိရနေခဲ့တာလား။)

(9) Did you live here? (မင်း ဒီမှာ နေတာလား။)

(10) Did you invite him? (မင်း သူ့ကို ဖိတ်ခဲ့ရဲ့လား။)

(11) Did you take a bath? (မင်းရေချိုးခဲ့ရဲ့လား။)

(12) Did he speak at all? (သူ အားလုံးကို ပြောပြခဲ့ရဲ့လား။)

(13) Did he go to see Mary? (သူ မေရီကို တွေ့ဖို့ သွားခဲ့ရဲ့လား။)

(14) Did he propose to you? (သူက မင်းကို ချစ်ခွင့်ပန်ခဲ့ရဲ့လား။)

(15) Did you get your wish? (မင်း ဆန္ဒ/ ဆုတောင်း ပြည့်ခဲ့ရဲ့လား။)

(16) Did you say something? (တစ်ခုခု ပြောလိုက်သလား။)

(17) Did you finish the job? (အလုပ်ရှာတွေ့ပြီလား။)

(18) Did you reach home safely? (အိမ်ကို ချောချောမောမော ရောက်ခဲ့ရဲ့လား။)

(19) Did you go to the bus station yesterday? (မနေ့က ဘတ်စ်ကားဂိတ် သွားခဲ့သေးတာလား။)

(20) Did you pass the exam last year? (ပြီးခဲ့တဲ့နှစ်က စာမေးပွဲအောင်ခဲ့ရဲ့လား။)

(21) Did your friend sit alone in the dark? (မင်းသူငယ်ချင်းက အမှောင်ထဲမှာ တစ်ယောက်ထဲ ထိုင်နေခဲ့တာလား။)

(22) Did you receive the parcel last week? (ပြီးခဲ့တဲ့ အပတ်က ပါဆယ်လက်ခံရခဲ့ရဲ့လား။)

(23) Did you have a nice weekend? (စနေ၊ တနင်္ဂနွေမှာ ပျော်ရွှင်ခဲ့ရဲ့လား။)*** အမိုက်စား

(24) Did your friends come to your birthday party? (မင်းမွေးနေ့ပွဲကို မင်းသူငယ်ချင်းတွေ လာကြရဲ့လား။)

(25) Did you play karate yesterday? (မနေ့က မင်း ကရာတေး ကစားခဲ့သလား။)

(26) Did you have fun at school on Friday? (သောကြာနေ့က ကျောင်းမှာ ပျော်ခဲ့ရဲ့လား။)

(27) Did they go to visit last holiday? (ပြီးခဲ့တဲ့ အားလပ်ရက်မှ သူတို့ အလည်သွားခဲ့ကြသလား။)

(28) Did he watch Stage Show last week? (သူ လွန်ခဲ့တဲ့အပတ်က စတိတ်ရှိုးကြည့်ခဲ့သလား။)

(29) Did the President give the speech? (သမ္မတကြီးက မိန့်ခွန်းပြောခဲ့သလား။)

(30) Did you do your homework? (မင်း အိမ်စာ လုပ်ခဲ့ရဲ့လား။) *** Did = H.V, do = M.V

(31) Did he do economics at university? (သူ တက္ကသိုလ်မှာ စီးပွားရေးပညာ သင်ယူခဲ့သလား။)

(32) Did you do your hair before going out? (အပြင်မသွားခင် မင်း ဆံပင် ပြင်ခဲ့သလား။)

Do your hair = ဆံပင်ပြင်သည်

(33) Did she travel to Singapore last month? (လွန်ခဲ့တဲ့လက သူမ စင်္ကာပူကို ခရီးထွက် ခဲ့သလား။)

 ထူးအောင်ဝင့်

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်