2. Wh-type questions (၂)

 

2. Wh-type questions (၂)

Who ဖြင့် မေးခွန်းလုပ်နည်း

*** ပြုလုပ်သူ Subject ကို မေးလျှင် Who ဖြင့် မေးရသည်။

*** Who နှင့် မေးခွန်းလုပ်လျှင် Who နောက်တွင် Verb လိုက်သည်။ ထို Verb များကို (s, es) အမြဲတမ်း ထည့်ပေးရမည်။ Who ကို အင်္ဂလိပ်တွေက (Singular)ဟု ယူဆသောကြောင့် ဖြစ်သည်။

*** Who နှင့် မေးခွန်းလုပ်လျှင် (do, does, did) ထည့်ရန် မလိုပါ။ (တခြားမေးခွန်း စကားလုံးများ တွင်သာ လိုအပ်သည်။)

*** (am, is, are, was, were) များနှင့် ရေးထားလျှင် Who မေးခွန်းတွင် သူ့အတိုင်းသာ ပြန်ရေးပေးရမည်။

*** Who = ဘယ်သူလဲ၊ မည်သူလဲ (သက်ရှိကို မေးခြင်းဖြစ်သည်။)

  Who + Verb ……… ? ဘယ်သူလဲ …

 

Eg: (1) My mother washes my clothes. (ကျွန်တော့်အမေက ကျွန်တော့်အဝတ်တွေကို လျှော်ပေးတယ်။)

Who washes your clothes? (ဘယ်သူက မင်းအဝတ်တွေကို လျှော်ပေးတာလဲ။)

(2) My father wishes to have green-tea. (ကျွန်တော့်အဖေက ရေနွေးကြမ်း သောက်ချင်တယ်။)

Who wishes to have green-tea? (ဘယ်သူက ရေနွေးကြမ်း သောက်ချင်တာလဲ။)

(3) Ko Kaung and Thuta wish to play game. (ကိုကောင်းနဲ့ သုတက ဂိမ်းကစားချင်တယ်။)

Who wishes to play game? (ဘယ်သူက ဂိမ်းကစားချင်တာလဲ။)

(4) We want to go shopping. (ကျွန်တော်တို့ ဈေးဝယ်ထွက်ချင်တယ်။)

Who wants to go shopping? (ဘယ်သူက ဈေးဝယ်ထွက်ချင်တာလဲ။)

(5) Pyi Soe Min and Thiri want to go on a vacation. (go on a vacation = အားလပ်ရက် ခရီးသွားခြင်း)

Who wants to go on a vacation? (ဘယ်သူက အားလပ်ရက်ခရီးထွက်ချင်တာလဲ။)

(6) U Khin Mg Oo is my teacher. (ဦးခင်မောင်ဦးက ကျွန်တော့်ဆရာပါ။)

Who is your teacher? (မင်းဆရာက ဘယ်သူလဲ။)

(7) U Htoo Aung Wint and Daw Pyae Phyo San are my parents. (ဦးထူးအောင်ဝင့်နဲ့ ဒေါ်ပြည့်ဖြိုးစံက ကျွန်တော့်မိဘတွေပါ။)

Who are your parents? (မင်းမိဘတွေက ဘယ်သူတွေလဲ။)

(8) Kaung Zayar Linn ate my Donut. (ကောင်းဇေယျာလင်းက ငါ့ဒိုးနပ်မုန့်ကို စားခဲ့တယ်။)

Who ate your Donut? (ဘယ်သူက မင်းရဲ့ဒိုးနပ်မုန့်ကို စားခဲ့တာလဲ။)

(9) Ba Gyi Phyo has given me this present. (ဘကြီးဖြိုးက ငါ့ကို ဒီလက်ဆောင် ပေးတာ။)

Who has given you this present? (ဘယ်သူက မင်းကို ဒီလက်ဆောင်ပေးတာလဲ။)

(10) My mother loves me so much. (ငါ့အမေက ငါ့ကိုသိပ်ချစ်တာ။)

Who loves me so much? (ဘယ်သူက ငါ့ကို သိပ်ချစ်တာလဲ။)

(11) Kaung Thuta gets up early. (ကောင်းသုတက အစောကြီး အိပ်ယာထတတ်တယ်။)

Who gets up early? (ဘယ်သူက အစောကြီး အိပ်ယာထတာလဲ။)

(12) My mom knows what’s going on happen. (ကျွန်တော့်အမေက ဘာဖြစ်တော့မယ်ဆိုတာကို သိတယ်။)

Who knows what’s going on happen? (ဘယ်သူက ဘာဖြစ်တော့မယ်ဆိုတာကို သိတာလဲ။)

(13) They know what’s going on happen. (သူတို့က ဘာဖြစ်တော့မယ်ဆိုတာကို သိတယ်။)

Who knows what’s going on happen? (ဘယ်သူက ဘာဖြစ်တော့မယ်ဆိုတာကို သိတာလဲ။)

(14) The students want to go swimming. (ကျောင်းသားတွေက ရေကူးသွားချင်ကြတယ်။)

Who wants to go swimming? (ဘယ်သူက ရေကူးသွားချင်တာလဲ။)

(15) Tom Cruse is my favorite actor. (Tom Cruse က ကျွန်တော်အကြိုက်ဆုံး သရုပ်ဆောင်ပါ။)

Who is your favourite actor? (ဘယ်သူက မင်းအကြိုက်ဆုံး သရုပ်ဆောင်လဲ။)

(16) Daw Khin Myat New’s family and Daw Thin Thin New’s family are my relative. (ဒေါ်ခင်မြတ်နွယ် မိသားစုနဲ့ ဒေါ်သင်းသင်းနွယ် မိသားစုတွေက ကျွန်တော့်ဆွေမျိုးတွေပါ။)

Who are your relative? (ဘယ်သူတွေက မင်းရဲ့ဆွေမျိုးတွေလဲ။)

(17) Wai Yan Myo, Han Min Naung and Zay Myo Htut are my friends. (ဝေယံမျိုး၊ ဟန်မင်းနောင်နဲ့ ဇေမျိုးထွဋ်က ကျွန်တော့် သူငယ်ချင်းတွေပါ။)

Who are your friends? (ဘယ်သူတွေက မင်းသူငယ်ချင်းတွေလဲ။)

(18) My neighbours told me that. (ကျွန်တော့်အိမ်နီးနားချင်းတွေက အဲဒါကို ပြောပြခဲ့တယ်။)

Who told you that? (အဲဒါကို ဘယ်သူက မင်းကိုပြောပြခဲ့တာလဲ။)

(19) Pyi Soe is shouting. (ပြည်စိုးက အော်နေတယ်။)

Who is shouting? (ဘယ်သူက အော်နေတာလဲ။)

(20) My mother always washes the dishes. (ငါ့အမေက ပန်းကန်တွေကို အမြဲဆေးတာပါ။)

Who always washes the dishes? (ဘယ်သူက ပန်းကန်တွေကို အမြဲဆေးတာလဲ။)

 

*** Who loves you most in this world? (ဒီကမ္ဘာပေါ်မှာ ဘယ်သူက မင်းကို အချစ်ဆုံးလဲ။)

 ထူးအောင်ဝင့်

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်