Security Report

Security Report

Security Report သည်လည်း ဟိုတယ်အတွက်အရေးကြီးပါသည်။ တချို့ဟိုတယ်များတွင် (Finger Print) ထားပေးသဖြင့် ဝန်ထမ်းဂျူတီဝင်ချိန် ထွက်ချိန်ကို အတိအကျ သိနိုင်သည်။ (Security Report နှင့် Finger Print ကို တိုက်စစ်ကြည့်လျှင် လုံခြုံရေးဝန်ထမ်း တာဝန်ကျေ၊ မကျေကိုလည်း သိနိုင်သည်။) Security Report ကိုကြည့်၍ ဂျူတီဝင်နောက်ကျသူများ၊ ဂျူတီနောက်ကျပြီးမှ ထွက်ရသူများကို သိနိုင်သည်။ တာဝန်ချိန် မလေးစားသူများကို ခေါ်ယူသတိပေးခြင်း၊ ဒဏ်ပေးခြင်း၊ အလုပ်မှ ရပ်နားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဟိုတယ်ပိုင်ပစ္စည်းများ ဝန်ထမ်းလက်ဝယ် ထားရှိမှု၊ မသမာမှုတို့ကိုလည်း ထိုက်သင့်သလို အရေးယူအပြစ်ပေးနိုင်သည်။
ထူးအောင်ဝင့်
(၂၄.၈.၂၀၂၂)

Comments