2.Wh-type questions (၁၁)

How many ဖြင့် မေးခွန်းလုပ်နည်း (၁)

*** How many ကို Countable Noun (ရေတွက်ရသည့် နာမ်) များ မေးရာတွင် သုံးသည်။

*** Verb to be နှင့် မေးနည်း၊ Verb to be မဟုတ်သည့် Verb များနှင့် မေးနည်းဟူ၍ ထပ်မံခွဲခြားနိုင်သည်။

*** Verb to be နှင့် မေးရာတွင် ဘယ်လောက်များများ ဟု အများကိန်းကို မေးခြင်းဖြစ်၍ (are, were) ကိုသာ သုံးရမည်။

Verb to be မဟုတ်သည့် Verb များနှင့် မေးရာတွင် (do, does) မလိုသည့် မေးနည်းနှင့် (do, does) လိုသည့် မေးနည်းဟူ၍ ထပ်မံခွဲခြားနိုင်သည်။

 How many + Countable Noun? ဘယ်လောက်များများ ရှိသလဲ။

 

Eg: (1) How many people are students? (လူဘယ်နှစ်ယောက်က ကျောင်းသားတွေလဲ။)

(2) How many students are from Myanmar? (ကျောင်းသား ဘယ်နှစ်ယောက်က မြန်မာနိုင်ငံ ကလဲ။)

(3) How many meditators are vegetarians? (တရားထိုင်သူ ဘယ်နှစ်ယောက်က သတ်သတ်လွတ် စားသူတွေလဲ။)

(4) How many people are there in your house? (မင်းတို့အိမ်မှာ လူဘယ်နှစ်ယောက် ရှိသလဲ။)

How many people are in your house?

(5) How many floors are there in this building? (ဒီအဆောက်အဦးမှာ အထပ် ဘယ်နှစ်ထပ် ရှိသလဲ။)

How many floors are in this building?

(6) How many dishes are there on the table? (စားပွဲပေါ်မှာ ပန်းကန်ပြား ဘယ်နှစ်ချပ် ရှိသလဲ။)

How many dishes are on the table?

(7) How many students were there in your class last year? (မနှစ်က မင်းအတန်းထဲမှာ ကျောင်းသားတွေ ဘယ်နှစ်ယောက် ရှိခဲ့သလဲ။)

How many students were in your class last year?

(8) How many people were there at the meeting yesterday? (မနေ့က အစည်းအဝေးမှာ လူဘယ်နှစ်ယောက် ရှိခဲ့သလဲ။)

How many people were at the meeting yesterday?

(9) How many apples are there in the refrigerator? (ရေခဲသေတ္တာထဲမှာ ပန်းသီး ဘယ်နှစ်လုံး ရှိသလဲ။)

How many apples are in the refrigerator?

(10) How many days are there in the week? (တစ်ပတ်မှာ ဘယ်နှစ်ရက် ရှိသလဲ။)

How many days are in a week?

(11) How many countries are there in the world? (ကမ္ဘာပေါ်မှာ နိုင်ငံဘယ်လောက် ရှိသလဲ။)

How many countries are in the world?

(12) How many books are there in your library? (မင်းတို့ စာကြည့်တိုက်မှာ စာအုပ်ဘယ်လောက် ရှိသလဲ။)

How many books are in your library?

*** နေရာတစ်ခုအတွင်း မေးလျှင် there ထည့်လည်း ရသည်၊ မထည့်လည်း ရပါသည်။ ထည့်လျှင်  ပိုကောင်းပါသည်။

 

(13) How many times have you seen Fast & Furious? (မင်း F&F ကို ဘယ်နှစ်ကြိမ် ကြည့်ဖူး သလဲ။)

(14) How many times have you donated blood? (မင်း သွေး ဘယ်နှစ်ကြိမ် လှူခဲ့ဖူးသလဲ။)


Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

English for Hotel and Catering Industry (Unit 7 Serving in the bar)