2.Wh-type questions (၁၀)

Why ဖြင့် မေးခွန်းလုပ်နည်း

*** ဘာ့ကြောင့် လုပ်ရသည်၊ ဘာ့ကြောင့် ဖြစ်ပျက်သွားသည် စသည်ဖြင့် အကြောင်းရင်းကို  မေးလိုသည့်အခါတွင် သုံးသည်။

 

Eg: (1) He’s on a diet because he wants to lose weight. (သူ ဝိတ်လျှော့ချင်နေလို့ အစားအသောက် ထိန်းနေတယ်။)

Why is he on a diet? (သူ ဘာ့ကြောင့် အစားအသောက် ထိန်းတာလဲ။)

(2) The project failed because of poor planning and execution.

Why did the project fail? (ဘာ့ကြောင့် ပရောဂျက်က မအောင်မြင်/ရှုံး သွားတာလဲ။)

(3) She’s upset because she lost her wallet.

Why is she upset? (ဘာ့ကြောင့် သူမ စိတ်မပျော်မရွှင် ဖြစ်နေရတာလဲ။)

(4) He was late to the meeting because of heavy traffic.

Why was he late to the meeting? (ဘာ့ကြောင့် အစည်းအဝေးကို နောက်ကျမှ သူရောက် လာတာလဲ။)

(5) I’m happy because I got good news today.

Why are you happy? (ဘာ့ကြောင့် မင်း ပျော်နေရတာလဲ။)

(6) The store was closed because it was a national holiday.

Why was the store closed? (ဘာ့ကြောင့် စတိုးဆိုင်က ပိတ်တာလဲ။)

(7) She got a promotion because she worked hard and showed dedication.

Why did she get a promotion? (ဘာ့ကြောင့် သူမက ပရိုမိုးရှင်း ရသွားတာလဲ။)

(8) He missed the bus because he overslept.

Why did he miss the bus? (ဘာ့ကြောင့် သူ ဘတ်စ်ကား လွတ်သွားတာလဲ။)

(9) The cake didn’t turn out well because I forgot to add sugar.

Why didn’t the cake turn out well? (ဘာ့ကြောင့် ကိတ်က ကောင်းကောင်း မကျက်သေးတာလဲ။)

(10) I’m tired because I stayed up late last night.

Why are you tired? (ဘာ့ကြောင့် မင်းပင်ပန်းနေတာလဲ။)

(11) Why did you break the glass? (မင်းက ဘာ့ကြောင့် ဖန်ခွက်ကို ခွဲလိုက်ရတာလဲ။)

(12) Why haven’t you called? (မင်းက ဘာ့ကြောင့် ဖုန်းမခေါ်ခဲ့တာလဲ။)

(13) Why do you look so tired these days? (မင်းက အခုတလော ဘာလို့ပင်ပန်းတဲ့ပုံ ပေါက်နေရ တာလဲ။)

(14) Why are you eating a lot these days? (မင်းက အခုတလော ဘာလို့ အရမ်းစားနေတာလဲ။)

(15) Why are you smoking so much? (မင်းက ဘာ့ကြောင့် ဆေးလိပ်တွေအများကြီး သောက်နေ တာလဲ။)

(16) Why are they working late every night? (သူတို့က ဘာ့ကြောင့် ညတိုင်း အလုပ်နောက်ကျတဲ့ အထိ အလုပ်လုပ်ကြတာလဲ။)

(17) Why are you angry? (မင်းက ဘာ့ကြောင့် ဒေါသထွက်တာလဲ။)

(18) Why do you study Japanese? (မင်း ဂျပန်စကားကို ဘာ့ကြောင့် လေ့လာတာလဲ။)

(19) Why was she crying when she finished the book? (စာအုပ်ဖတ်ပြီးနောက် သူမ ဘာ့ကြောင့် ငိုနေခဲ့တာလဲ။)

(20) Why did the company hire him? (ကုမ္ပဏီက သူ့ကို ဘာ့ကြောင့် ငှားတာလဲ/ အလုပ်ခန့် တာလဲ။)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

English for Hotel and Catering Industry (Unit 7 Serving in the bar)