စုပေါင်းညီညီ ရှေ့သို့ချီ

စုပေါင်းညီညီ ရှေ့သို့ချီ ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအတွင်း တည်ဆောက်ထားသည့် လွတ်လပ်ရေးကျောက်တိုင်ကြီးက ခိုင်မြဲတည်တံ့သော ဂုဏ်ကျက်သရေဖြင့် တင့်တယ်စွာတည်ရှိနေသည်။ လွတ်လပ်ရေးအောင်ပွဲနှင့် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကို မြင်ရသူတိုင်း မြန်မာ့ လွတ်လပ်ရေးကို ကြိုးပမ်းရယူခဲ့မှုဖြစ်စဉ်များနှင့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်ရနေကြသည်ချည်း ဖြစ်သည်။