Posts

Showing posts from June, 2025

လနယုန် သည်ချိန်မို့ မြူတိမ်လွှာဆိုင်းပြန်တော့တယ်

Image
လနယုန် သည်ချိန်မို့ မြူတိမ်လွှာဆိုင်းပြန်တော့တယ်      နယုန်လသည် မြန်မာ့ပြက္ခဒိန်တွင် တတိယမြောက်လဖြစ်သည်။ ရှေးစာဆိုပညာရှင် များက ''နွေနှောင်းလ၊ နွေစွန်လ'' စသည်ဖြင့် ဖွဲ့နွဲ့ခဲ့ ကြသည်။ နွေနှောင်းလဖြစ် သကဲ့သို့ မိုးဦးလလည်းဖြစ်သည်။ ထို့ကြောင့် နေပူရှိန်လျော့နည်းကာ မိုးသားများ မဲမှောင်အုံ့ဆိုင်းလျက်ရှိသည်။

ပညာနှင့်ဘဝ တစ်ထပ်တည်းကျသည့် ပညာတတ်များရှိမှသာလျှင် …

Image
ပညာနှင့်ဘဝ တစ်ထပ်တည်းကျသည့် ပညာတတ်များရှိမှသာလျှင် …      လူတစ်ဦးရဲ့ ဘဝတန်ဖိုးကို ပညာနဲ့သာတိုင်းတာတဲ့အတွက် လူတိုင်းပညာတတ်ဖြစ်အောင် ကြိုးစားကြရတယ်။ ပညာကတည်ငြိမ်တဲ့လမ်းကို ခင်းပေးနိုင်လို့ဖြစ်ပါတယ်။ ဒီလမ်းကသွားမလား၊ ဟိုလမ်းကသွားမလား လမ်းကြောင်းမှန်အောင် ပြပေးနိုင်တယ်။ အမှောင်ထုကြား အလင်းဓာတ်ပေး၊ အန္တရာယ်မရှိအောင် ကာကွယ်ပေးတယ်။