လူငယ်များသိသင့်သော ပညာရေးအယူအဆများ ယနေ့လူငယ်များသည် ကလေးဘဝမှစတင်၍ မူကြိုအဆင့်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်အသီးသီးကို ဖြတ်ကျော်ခဲ့ကြသည်။ ဘွဲ့ရပညာတတ်များဖြစ်အောင် ကြိုးစားသင်ယူခဲ့ကြသလို ဘွဲ့မရသော်လည်း စီးပွားရေးလုပ်ငန်းများတွင် ကျွမ်းကျင်မှုအတတ်ပညာဖြင့် ဘဝခရီးလမ်း လျှောက်လှမ်းနေသူများလည်းရှိသည်။