ဆရာတစ်ယောက် အနေနှင့်
ဆရာတစ်ယောက် အနေနှင့် ကျောင်း၏ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပုံ ကျွန်တော်သည် Grade (7)နှင့် Grade (9)ကို အင်္ဂလိပ်စာနှင့် အင်္ဂလိပ်သဒ္ဒါ သင်ကြားပေးနေသည့် Freelance ဆရာတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် စာသင်နှစ်ပြီးသွားသည့်အခါ ကျောင်းသား၊ ကျောင်းသူတို့ နားလည်တတ်မြောက် သွားစေမည့်၊ ရရှိသွားမည့်အကျိုးကျေးဇူးတို့ကို ဆရာတစ်ယောက်အနေနှင့် ရည်မှန်းချက်ပန်းတိုင်ချကာ အားစိုက်သင်ကြားပေးခဲ့ပါသည်။