Posts

Showing posts from September, 2023

အားကျတယ် အတုယူမယ်

Image
အားကျတယ် အတုယူမယ် ကျွန်မတို့ငယ်စဉ်ကာလ လူကြီးသူမများ ဒဏ္ဍာရီ   ပုံပြင်လေးတွေပြောပြတာ နားထောင်လို့ တကယ် ကောင်းခဲ့ပါ တယ်။ ပြောပြတဲ့ပုံပြင်ထဲက သူရဲကောင်း တွေ လူကြီးမိဘအပေါ် လိမ္မာရေးခြားရှိတဲ့ ကလေး တွေဇာတ်ဆောင် နေရာမှာ ကိုယ်ကိုယ်တိုင်ဖြစ်တဲ့အထိ   ရင်မှာစွဲလမ်းခဲ့ကြရပါတယ်။ စာဖတ်တတ်တဲ့အရွယ်၊   ကာတွန်းရုပ်ပြက စလို့ ဝတ္ထုဇာတ်လမ်းတွေမှာလည်း   အဲသလိုပဲခံစားသက်ဝင်ပြီး ဇာတ်ကောင်ကိုသဘောကျ နှစ်ခြိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ဇာတ်လမ်း အဆုံးသတ် လေးတွေမှာတော့ ကြေကွဲမှုတွေနဲ့အဆုံးသတ်တာ၊ ရှုံးနိမ့်မှုတွေနဲ့အဆုံးသတ်တာ မလိုလားကြပါဘူး။