Posts

Showing posts from October, 2025

Professional Ethics in Education

Image
Professional Ethics in Education 1. Introduction           မြန်မာ့လူ့အဖွဲ့အစည်းတွင် လူအများလိုက်နာကျင့်သုံးဖွယ်ရာတို့ကို ရှေးအခါက နီတိဟူသော ခေါင်းစဉ်အောက်တွင် ရဟန်းပညာရှိ၊ လူပညာရှိတို့က ပြုစုကာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ လောကနီတိကို မင်းကိုဆိုသောအပိုင်း၊ ပညာရှိကို ဆိုသောအပိုင်း စသည်ဖြင့် အပိုင်း(၇)ပိုင်းခွဲကာ ရှေးဆရာတို့ ပြုစုကာ လမ်းညွှန်ခဲ့ကြသည်။  ယနေ့ခေတ်တွင်တော့ နယ်ပယ်အသီးသီးအလိုက် လိုက်နာကျင့်သုံးသင့်သည့် စည်းမျဉ်းစည်းကမ်းတို့ကို ပညာရှင်တို့က ခေတ်နှင့်အညီ ပြုပြင်ခဲ့ကြသည်။ လမ်းရိုးတွင် လမ်းသစ်ထွင်ကာ လိုက်လျောညီထွေဖြစ်အောင် ပြုစုခဲ့ကြသည်။ ၎င်းကို (Ethics) ဟု ခေါ်သည်။ မြန်မာလိုဆီလျော်အောင် ဘာသာပြန်ရမည်ဆိုလျှင် “ကျင့်ဝတ်” ဖြစ်သည်။ ကျင့်ဝတ်ဟူသော စကားလုံးသည် ယနေ့ လူ့အဖွဲ့အစည်းတွင် အသုံးတွင်ကျယ် နေသော စကားလုံးဖြစ်သည်။ နီတိဟူသည် လူအများလိုက်နာ ကျင့်သုံးဖွယ် ဖြစ်သော်လည်း ကျင့်ဝတ်သည် နယ်ပယ်အသီးသီးအလိုက် မတူညီတော့ချေ။ ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်သည် အင်ဂျင်နီယာတစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်နှင့် ထပ်တူညီမျှ မဖြစ်နိုင်ချေ။ ထို့အတူ ဆရာတစ်ယောက်၏ ...

Education ကို Educare, Educere, Education တို့ဖြင့် ချဉ်းကပ်သုံးသပ်ခြင်း

Image
Education ကို Educare, Educere, Education တို့ဖြင့် ချဉ်းကပ်သုံးသပ်ခြင်း (၁) Education ကို Educare ဖြင့် လေ့လာသုံးသပ်ရာတွင် Educare သည် Head နှင့် တူသည်။ အသိပညာဗဟုသုတကို အဓိကထားသည်။ မွေးကင်းစ ကလေးသူငယ်ကို ပြုစုစောင့်ရှောက်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူတို့ကိုလည်း ထိုနည်းနှင်နှင် ပြုစုစောင့်ရှောက်ရမည် ဖြစ်ပါသည်။ ကလေးသူငယ် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လိုအပ်သည့် အဟာရကို စနစ်တကျ ကျွေးမွေးသည့်နည်းတူ ဆရာသည် မိမိ၏ ကျောင်းသား၊ ကျောင်းသူတို့ကို လိုအပ်မည့် ပညာတို့ကို သင်ပေးခြင်း ဖြစ်သည်။ ထိုသည်ကိုပင် Educare ဟု ခေါ်ခြင်း ဖြစ်သည်။