Professional Ethics in Education

Lecture:                      Dr. Lin Aung Oo

Subject:                      Educational Theory and Management

Student’s Name:         U Wai Pyo Sint

Student's ID No.:         9-Edu-21

Assignment (1):           Professional Ethics in Education

Date:                             25.7.2024

Professional Ethics in Education

1. Introduction

          မြန်မာ့လူ့အဖွဲ့အစည်းတွင် လူအများလိုက်နာကျင့်သုံးဖွယ်ရာတို့ကို ရှေးအခါက နီတိဟူသော ခေါင်းစဉ်အောက်တွင် ရဟန်းပညာရှိ၊ လူပညာရှိတို့က ပြုစုကာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ လောကနီတိကို မင်းကိုဆိုသောအပိုင်း၊ ပညာရှိကို ဆိုသောအပိုင်း စသည်ဖြင့် အပိုင်း(၇)ပိုင်းခွဲကာ ရှေးဆရာတို့ ပြုစုကာ လမ်းညွှန်ခဲ့ကြသည်။

 ယနေ့ခေတ်တွင်တော့ နယ်ပယ်အသီးသီးအလိုက် လိုက်နာကျင့်သုံးသင့်သည့် စည်းမျဉ်းစည်းကမ်းတို့ကို ပညာရှင်တို့က ခေတ်နှင့်အညီ ပြုပြင်ခဲ့ကြသည်။ လမ်းရိုးတွင် လမ်းသစ်ထွင်ကာ လိုက်လျောညီထွေဖြစ်အောင် ပြုစုခဲ့ကြသည်။ ၎င်းကို (Ethics) ဟု ခေါ်သည်။ မြန်မာလိုဆီလျော်အောင် ဘာသာပြန်ရမည်ဆိုလျှင် “ကျင့်ဝတ်” ဖြစ်သည်။

ကျင့်ဝတ်ဟူသော စကားလုံးသည် ယနေ့ လူ့အဖွဲ့အစည်းတွင် အသုံးတွင်ကျယ် နေသော စကားလုံးဖြစ်သည်။ နီတိဟူသည် လူအများလိုက်နာ ကျင့်သုံးဖွယ် ဖြစ်သော်လည်း ကျင့်ဝတ်သည် နယ်ပယ်အသီးသီးအလိုက် မတူညီတော့ချေ။ ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်သည် အင်ဂျင်နီယာတစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်နှင့် ထပ်တူညီမျှ မဖြစ်နိုင်ချေ။ ထို့အတူ ဆရာတစ်ယောက်၏ ကျင့်ဝတ် သည်လည်း ထိုနည်းတူ ဖြစ်ပေလိမ့်မည်။

          ယနေ့ခေတ်သည် Age of Knowledge ဖြစ်သည်။ ထို့ကြောင့် အသိပညာ ဗဟုသုတတို့ကို ဖြန့်ဝေပေးနေသည့် ဆရာ၊ ဆရာမတို့၏ ကဏ္ဍက ပို၍ အရေးပါလာ သည်။ ဆရာဆရာမတို့ လိုက်နာကျင့်ကြံရမည့် (Ethics) ကျင့်ဝတ်များသည်လည်း စောင့်ထိန်းရန် ပို၍လိုအပ်လာပါသည်။ ကျင့်ဝတ်သည် လိုက်နာရမည့်သူတို့၏ အသက် ပင် ဖြစ်တော့သည်။

2. Professional Ethics in Education

          Professional ဆိုသည်မှာ ပညာရပ်တစ်ခုခုတွင် ပညာတစ်ဆုံးနီးပါး၊ ကျွမ်းကျင်မှုအမြင့်မားဆုံး တတ်မြောက်ထားခြင်းပင် ဖြစ်သည်။ သူတတ်မြောက်ထား သည်မှာ စီးပွားရေးနယ်ပယ်တွင် ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ဆေးပညာနယ်ပယ်၊ အားကစားနယ်ပယ်တို့တွင် ဖြစ်မည်။ ထိုအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုလုပ် နေသူများကို Professional သမားများဟု ခေါ်နိုင်သည်။

          Professional Ethics ဆိုသည်မှာ သူတတ်မြောက်ကျွမ်းကျင်ထားသည့် သက်ဆိုင်ရာ နယ်ပယ်အတွင်း လိုက်နာကျင့်ဆောင်ရမည့် အပြုအမူနှင့် တန်ဖိုးထားမှု များကို သက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့အစည်းများ၊ အုပ်ချုပ်သူများမှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများ ဖြစ်သည်။

          Professional Ethics in Education ဆိုသည်မှာ ပညာရေးနယ်ပယ်တွင် ပညာရေးဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေကြသည့် ဆရာ၊ ဆရာမများ၊ အုပ်ချုပ်သူ များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်းများ ဖြစ်သည်။

2.1 What is ethics

          Ethics ဆိုတာ (၁)

          လူ့အဖွဲ့အစည်းက သတ်မှတ်ထားသည့် လူအများလိုက်နာကျင့်သုံးသင့်သည့်၊ ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းနှင့် ဓလေ့ထုံးစံများသည် Ethics ပင် ဖြစ်ပါသည်။ ကျင့်ဝတ်များကို စံထားကျင့်ဝတ်များ၊ မက်သဗေဒ(အဆင့်အတန်း၊ လူ့တန်ဖိုးနှင့် ကိုယ်ကျင့်တရား) နှင့် အသုံးချကျင့်ဝတ်များ ဟူ၍ သုံးမျိုး ခွဲခြားနိုင်သည်။

          Ethics ဆိုတာ (၂)

Ethics ကို နောက်တစ်မျိုးအဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုလျှင် အမှန်၊ အမှားနှင့် Molarity သည် Ethics ၏ အခြေခံအကျဆုံး စည်းကမ်းဖြစ်သည်။ ထို့ကြောင့် တခြားသူကို ကိုယ့်ကြောင့် ဒုက္ခမရောက်စေခြင်း၊ ပိုမိုကောင်းမွန်သော အရာများကို ဖန်တီးခြင်းသည်လည်း Ethics ပင် ဖြစ်သည်ဟု ဆိုရပါမည်။

          Ethics ဆိုတာ (၃)

          Ethics ကို စာရိတ္တ ဒဿနိက ဗေဒ ဟု အဓိပ္ပါယ် ဖွင့်နိုင်ပါသည်။ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာများကို လေ့လာခြင်းဖြင့် ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်ဘူး ဆိုသည်ကို စည်းကမ်းချမှတ်ထားသည်ကို လိုက်နာစေခြင်းသည် Ethics ဖြစ်သည်။

2.2 Some Ethical Guidelines for Teachers

          ဆရာ၊ ဆရာမများ လိုက်နာရမည့် ကျင့်ဝတ်တချို့ ရှိပါသည်။ ၎င်းတို့မှာ

* ကျောင်းသား၊ ကျောင်းသူတို့ကို အပြုသဘောဆောင်သည့် စံနမူနာများကို ပြပေး ရမည်။

* နိုင်ငံကြီးသားတစ်ဦးအဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင် သင်ကြားပေးရမည်။

* Professional သမားများ ပေါ်ထွန်းလာအောင်၊ ဖွံ့ဖြိုးလာအောင် ပံ့ပိုးကူညီပေးရမည်။

* ကျောင်းပြင်ပ လှုပ်ရှားမှုများ၊ အများနှင့်ဆိုင်သော တွေ့ဆုံပွဲများတွင် စနစ်တကျ ပါဝင်တတ်အောင် လမ်းပြပေးနိုင်ရမည်။

* ကျောင်းအတွင်း အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်ရာတွင် လိုက်လျောညီထွေ ဆောင်ရွက်တတ်မှုကို အားပေးထောက်ပံ့နိုင်ရမည်။

2.3 What are professional ethics

Professional ethics ဆိုတာ (၁)

Professional တစ်ဦး၏ ကျင့်ဝတ်များကို သတ်မှတ်ရာတွင် ယေဘူယျအား ဖြင့် Professional တစ်ဦးသည် ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက် များနှင့် အများသူငါ ဆက်ဆံပုံကို ထိန်းချုပ်သည့် အခြေခံမူများအဖြစ် သတ်မှတ်နိုင်သည်။ ယနေ့ခေတ် ပရော်ဖက်ရှင်နယ် အထူးပြုနယ်ပယ်အများစုတွင် အဖွဲ့ဝင်များ၏ ခေါင်းဆောင်များက စောင့်ကြည့်သည့် ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်း များလည်း ရှိကြသည်။

Professional ethics ဆိုတာ (၂)

Professional ကျင့်ဝတ်များသည် သက်ဆိုင်ရာကဏ္ဍဝန်းကျင်အလိုက် လူတစ်ဦး သို့မဟုတ် အုပ်စုတစ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ အပြုအမူကို ထိန်းသိမ်းအုပ်ချုပ်သည့် အခြေခံမူများ ဖြစ်သည်။ ပညာရပ်ဆိုင်ရာကို တန်ဖိုးထား သကဲ့သို့ ပတ်ဝန်းကျင်ရှိ အခြားပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် မည်သို့ ပြုမူဆက်ဆံသင့်သည်၊ မည်သို့ ပြုလုပ်သင့်သည်ကို စည်းမျဉ်းစည်းကမ်း များသည် Professional များ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်များ ဖြစ်သည်။

Professional ethics ဆိုတာ (၃)

          Professional ကျင့်ဝတ်များသည် လုပ်ငန်းတစ်ခုအတွင်း လူတစ်ဦးချင်းစီ၏ အပြုအမူနှင့် ဆုံးဖြတ်ချက်ချဆောင်ရွက်နိုင်ခြင်းကို စည်းမျဉ်းစံနှုန်းများဖြင့် လမ်းညွှန် ပြသပေးသည့် လမ်းပြမြေပုံတစ်ခု ဖြစ်သည်။ Professional သမားများသည် ၎င်းတို့၏ Customer များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လူမှုဝန်းကျင်ရှိ အများပြည်သူတို့ကို ဂုဏ်သိက္ခာရှိရှိ၊ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် Professional ကျင့်ဝတ်အတိုင်း လေးစားစွာ လုပ်ကိုင်ဆောင်ရွက်စေပါသည်။

2.4 Professional Standards

          Professional Standards စံချိန်စံညွှန်းများသည် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် သက်ရောက်သည့် လုပ်ငန်းစဉ်နှင့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ဆိုလိုသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီမှ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ခိုင်မာသေချာစေရန် လိုက်နာသင့်သော အလေ့အကျင့်များ ကို ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။

          တပည့်တစ်ယောက်အတွက် သူငယ်တန်းမှစကာ တက္ကသိုလ်ပြီးဆုံးသည်အထိ ဘဝတစ်သက်တာတွင် ပညာသင်ကြားပေးသည့် ဆရာပေါင်း ရာချီ၍ ရှိပါသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ကို ထည့်တွက်မည်ဆိုလျှင် ထောင်ချီ၍ပင် ရှိနိုင်ပါသည်။ အထူးသဖြင့် တိတိပပ ပညာသင်ကြားပေးနေရသည့် ဆရာတို့သည် Professional Standards နှင့် အညီ တပည့်များကို ပညာသင်ကြားပေးနိုင်ဖို့က ပို၍ လိုအပ်သည်၊ အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ပညာအမွေခံ တပည့် တစ်ယောက်အတွက် အမွေပေးသူ ဆရာတစ်ရာမျှ ရှိနေသောကြောင့် ဖြစ်သည်။

2.5 Why do we need to follow the Professional Ethics

               လူတိုင်း၊ အဖွဲ့အစည်းတိုင်း မိမိနှင့်သက်ဆိုင်သည့် ကဏ္ဍအတွက် သတ်မှတ် ထားသည့် Professional Ethics များကို လိုက်နာသင့်ပါသည်။ အဘယ့်ကြောင့် ဆိုသော် Professional Ethics များကို လိုက်နာခြင်းကြောင့်
၁။ ယုံကြည်မှုနှင့် ယုံကြည်နိုင်မှုကို တည်ဆောက်နိုင်သည်။
၂။ Professional Ethics သည် လူတစ်ဦးချင်းစီ၏ လုပ်ရပ်အတွက် တာ၀န်ယူမှု ရှိသည်။ တာဝန်ခံမှု ရှိသည်။ လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြောင်း သေချာစေပါသည်။
၃။ ဆုံးဖြတ်ချက်ချ ပြုမှုဆောင်ရွက်ရာတွင် တသမတ်တည်းသော မူတစ်ခုကို ပေးဆောင်ပြီး လုပ်ဆောင်ချက်များသည်လည်း တရားမျှတကြောင်း ခိုင်မာသေချာ စေပါသည်။
၄။ အရေးကြီးသည့် အချက်အလက်များနှင့် တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်တို့ကို လေးစားကာ နှုတ်လုံကြောင်း ယုံကြည်စိတ်ချစွာ တိုင်ပင် ဆောင်ရွက်နိုင်ကြောင်း သိသာထင်ရှားစေပါသည်။ 
၅။ လုပ်ဖော်ကိုင်ဖက်များနှင့် အသိုက်အဝန်း၏ လေးစားမှုကို ရရှိစေပြီး လုပ်ငန်း၏ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သည်။
၆။ ကျင့်ဝတ်စံနှုန်းများကို လိုက်နာခြင်းသည် ပရော်ဖက်ရှင်နယ်ပီသမှု၏ အမှတ်အသားတစ်ခုဖြစ်ပြီး အရည်အချင်းရှိသော ပရော်ဖက်ရှင်နယ်များကို အခြားသူ များနှင့် ခွဲခြားထားသည့် ထင်ရှားစေသည့် အချက်လည်း ဖြစ်သည်
၇။ မှားယွင်းသော အကျင့်ဆိုးများ၊ လိမ်လည်မှုနှင့် တရားဥပဒေဆိုင်ရာ အကျိုးဆက် များကို ဖြစ်ပေါ်စေနိုင်သည့် အခြားသော ကျင့်ဝတ်သိက္ခာမဲ့ အလေ့အကျင့်များ ဖြစ်နိုင်ခြေကို နည်းပါးနိုင်စေပါသည်။

3. Conclusion

          နိဂုံးချုပ်အနေဖြင့် ပြောရမည်ဆိုပါလျှင် ပညာရေးနယ်ပယ်တွင် Professional Ethics သည် မရှိမဖြစ်လိုအပ်သည့် လူ့မှုဝန်းကျင်ရှိ စံနှုန်းများစွာထဲမှ စံနှုန်းတစ်ခု ဖြစ်သည်။

          ကျင့်ဝတ်သည် အသက်ဟုပင် ဆိုရမည် ဖြစ်သည်။ ကျင့်ဝတ်မရှိသော အသိုင်းအဝိုင်းနှင့် ဝန်းကျင်တွင် ကောင်းမြတ်သည့် မည်သည့်အရာမျှ ဖြစ်ထွန်း မလာနိုင်သည်မှာ သေချာသည်။ အမှောင်ခွင်း၍ အလင်းဆောင်ပေးသည့် ဖယောင်းတိုင်လေး အနားတွင် ကွက်၍ မှောင်နေတတ်ပါသည်။ ပြဿနာ မရှိဟု ယူဆ၍ ရပါသည်။ သို့သော် တပည့်တွေအတွက် သို့မဟုတ် နိုင်ငံ့သားကောင်း ရတနာတို့အတွက် အမှောင်ခွင်း၍ အလင်းဆောင်ကာ ပညာပေးနေသည့် ဆရာ၊ ဆရာမအနားတွင် ချွင်းချက်အနေဖြင့်ပင် ကွက်၍ မှောင်မရနိုင်ပါချေ။ တိုင်းပြည်ကို ဦးဆောင်၍ ထူထောင်ကြမည့် လူငယ်၊ လူရွယ်၊ သားကောင်းရတနာတို့ကို သွန်သင်ညွှန်ပြ ပညာပေးနေရသည့် ဆရာဖြစ်နေသောကြောင့် ဖြစ်သည်။

          ဆရာ၊ ဆရာမများအနေဖြင့် Professional Ethics in Education ကို တိကျစွာ လိုက်နာကျင့်သုံးခြင်းဖြင့် ပိုမိုကောင်းမွန်သော ဘဝ၊ ပိုမိုကောင်းမွန်သော နိုင်ငံ၊ ပိုမိုကောင်းမွန်သော အနာဂတ်တို့ကို ဖန်တီးပုံဖော်နိုင်မည် ဖြစ်ပါသည်။

 

Reference:

ဆရာ ဒေါက်တာလင်းအောင်ဦး ၏ သင်တန်းမှတ်စုများ

စာရေးဆရာ ရှဉ့်ညိုလေး၏ ဖယောင်းတိုင် ဝတ္ထုတို

၁၉၈၉ ခုထုတ် ဆယ်စောင်တွဲ မြန်မာပြန်ကျမ်း

မောင်ခင်မင်(ဓနုဖြူ) - အမွေခံသူ တစ်ယောက်၊ အမွေပေးသူ တစ်ရာ

https://www.researchgate.net

https://www.vbsd.us

https://www.sciencedirect.com

https://www.naceweb.org

https://www.iaa.govt.nz

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ