Education ကို Educare, Educere, Education တို့ဖြင့် ချဉ်းကပ်သုံးသပ်ခြင်း
Education ကို Educare, Educere, Education တို့ဖြင့် ချဉ်းကပ်သုံးသပ်ခြင်း
(၁) Education ကို Educare ဖြင့် လေ့လာသုံးသပ်ရာတွင် Educare သည် Head နှင့် တူသည်။ အသိပညာဗဟုသုတကို အဓိကထားသည်။ မွေးကင်းစ ကလေးသူငယ်ကို ပြုစုစောင့်ရှောက်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူတို့ကိုလည်း ထိုနည်းနှင်နှင် ပြုစုစောင့်ရှောက်ရမည် ဖြစ်ပါသည်။ ကလေးသူငယ် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လိုအပ်သည့် အဟာရကို စနစ်တကျ ကျွေးမွေးသည့်နည်းတူ ဆရာသည် မိမိ၏ ကျောင်းသား၊ ကျောင်းသူတို့ကို လိုအပ်မည့် ပညာတို့ကို သင်ပေးခြင်း ဖြစ်သည်။ ထိုသည်ကိုပင် Educare ဟု ခေါ်ခြင်း ဖြစ်သည်။
အက္ခရာစာလုံးမှသည် ဘာသာစကား တိုးတက်အောင်
သင်ပေးရမည်။ ထို့အတူ လေ့လာစူးစမ်းတတ်အောင်လည်း သင်ပေးနိုင်ရမည် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ
Social Environment နှင့် ရင်းနှီးကျွမ်းဝင်စေရမည်။ ထို့အတူ ကျောင်းသား၊ ကျောင်းသူတို့ကို
ငယ်စဉ်မှစကာ Decision Making လုပ်နိုင်အောင် လေ့ကျင့်ပေးရပါမည်။ ဆုံးဖြတ်တတ်သည့်အလေ့အကျင့်ရစေရန်အတွက်
အကောင်းဆုံးသင်ကြား နည်းသည် ကျောင်းသား၊ ကျောင်းသူတို့ကို မေးခွန်းမေးခြင်းပင် ဖြစ်သည်။
(Questioning Attitude) ကို စာသင်ခန်းထဲတွင် ထဲထဲဝင်ဝင် ကျင့်သုံးနိုင်ရန် ကြိုးစားသင့်ပါသည်။
သို့မှသာ ကျောင်းသား၊ ကျောင်းသူတို့ အရွယ်ရောက်သည့်အခါ လက်တွေဘဝတွင် ကိုယ့်အားကိုယ်ကိုးကာ
ဆုံးဖြတ်တတ်သည့် အလေ့အကျင့်ကောင်းကို ရသွားမည် ဖြစ်သည်။
(၂) Education ကို Educere ဖြင့် လေ့လာသုံးသပ်ရာတွင်
Educere သည် (Heart) နှင့် တူပါသည်။ နှလုံးသားကင်းသည့် လူတစ်ယောက်၏ ရှင်သန်မှုသည် အချည်းအနှီးဖြစ်သလို
Educere မပါသည့် Education သည်လည်း အကျိုးမရှိ ဖြစ်တတ်ပါသည်။ ဆရာမှ ဒါသင်၊ ဒါဖတ်၊ ဒါကျက်ဟူသည်
Education မဟုတ်ချေ။ Educere သည် ဆရာပေးသည့်အရာကို ကျောင်းသား၊ ကျောင်းသူက ဘာရသွားသည်ကို
ပြန်လည်ဖော်ထုတ်ကြည့်ခြင်း ဖြစ်သည်။ ဆရာက ဘာသင်ပေးချင် သနည်း၊ ကျောင်းသားက ဘာရသွားသနည်းဆိုသည်ကို
ဖော်ထုတ်ကြည့်ခြင်းသည် Educere ဖြစ်သည်။
အတွေးတိုင်းတွင် Diversity ရှိသည်။ ထို့ကြောင့်
ကျောင်းသား၊ ကျောင်းသူတို့၏ အတွေးကို၊ အမြင်ကို ကန့်သတ် မထားသင့်ပေ။ ဒီလိုမေးရင် ဒီကဲ့သို့ဖြေဟူသည့်
ပုံသေနည်း စာသင်ခြင်းများသည် လုံးဝ မှားယွင်းပါသည်။ ထိုဆရာသည် Education မှ
Educere ကို လစ်လျူရှုလိုက်ခြင်း ဖြစ်သည်။ ပုစ္ဆာပြဿနာတစ်ခုတွင် ကိုယ်ဘယ်လို တွေးခဲ့သည်ကို
ပြောပြရမည်။ ထို့အတူ ကျောင်းသား၊ ကျောင်းသူတို့ဆိုလျှင်ကော မည်ကဲ့သို့ တွေးမည်နည်းဟု
အတွေးကိုပွင့်စေမည့် မေးခွန်းမျိုးဖြင့် မေးကာ သင်ကြားသင့်ပါသည်။ “ ဒီနေ့ စာသင်ချိန်မှာ
ဘာတွေ အခက်အခဲရှိသလဲ” ဆိုသော မေးခွန်းသည် ကျောင်းသား၊ ကျောင်းသူအတွက်သာ မဟုတ် သင်ကြားနေသည့်
ဆရာနှင့်လည်း သက်ဆိုင်သည့် မေးခွန်းဖြစ်ပါသည်။ မကြာခဏလည်း ပြန်မေးနေသင့်သည့် မေးခွန်းလည်း
ဖြစ်ပါသည်။ Educere သည် Education တွင် အရေးကြီးဆုံးအချက်ဖြစ်သည်ဟု မှတ်ယူထားပါသည်။
(၃) Education ကို Educatum ဖြင့် လေ့လာသုံးသပ်ရာတွင်
Educatum သည် ကျွမ်းကျင်တတ်မြောက်မှု ဖြစ်သည်။ Skills ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတို့ကို
ပညာတတ်မြောက်ကျွမ်းကျင်အောင် လုပ်ပေးခြင်းသည် Educatum ဖြစ်သည်။
ဟန်ချက်ညီမျှစွာဖြင့် တတ်မြောက်ကျွမ်းကျင်အောင်
ဆရာမှ သင်ပေးနိုင်ရမည် ဖြစ်သည်။ ဆရာက ရှေ့မှနေ၍ ဦးဆောင်နိုင်ရမည်။ လုပ်ပြနိုင်ရမည်။
ကြိုးစားပြနိုင် ရမည် ဖြစ်သည်။ သို့မှသာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည့် ကျောင်းသား၊
ကျောင်းသူတို့ ဖြစ်လာဖို့ သင်ကြားပေးနိုင်မည် ဖြစ်သည်။ ဆရာ၏ အားစိုက်ထုတ်မှုတို့ လျှော့ချ၍
မရနိုင်သလို ဘက်လိုက်၍လည်း မရနိုင်ချေ။ ပေးသင့်သည့်ပညာကို ပေးရမည် ဖြစ်သလို တတ်သည့်သင့်
ပညာကိုလည်း တတ်အောင် သင်ပေးရပါမည်။ ဝန်းကျင်ကို လေ့လာကြည့်မည်ဆိုပါက အလေ့အကျင့်ကောင်းသည့်သူသည်
ကောင်းမွန်သည့် Education ကို ရခဲ့သူဟု ယူဆနိုင်ပါသည်။ Education တွင် Educare,
Educere, Educatum တို့ သုံးခုစလုံး ဟန်ချက်ညီမျှမှသာ အောင်မြင်သော Education ဖြစ်မည်
ဖြစ်သည်။
Education ဟူသည်
ကျောင်းများမှာ သေချာသင်ကြားပေးရမည့် အရာဖြစ်သလို ဆရာများမှလည်း ဂရုတစိုက် အားစိုက်အင်စိုက်ဖြင့်
သေသေချာချာ သင်ပေးရမည့် အရာဖြစ်ပါသည်။
Educere သည် အပိုင်း(၃)ပိုင်းတွင်
အရေးကြီးဆုံး အပိုင်းဟု ယူဆမိပါသည်။ သို့သော် ကျွန်တော်တို့သင်ကြားခဲ့သည်တို့ကို ပြန်သုံးသပ်သည့်အခါ
Educere အပိုင်းတွင် လျော့နည်းအားနည်းကြောင်း လေ့လာသုံးသပ်မိပါသည်။
“ ပညာရေးဆိုတာ အချက်အလက်
သက်သက် သင်ကြားရေးမဟုတ်၊ တွေးခေါ်စဉ်းစားတတ်ဖို့ ” ဆိုသည့် Albert Eistein ၏ အဆိုအမိန့်လေးဖြင့်
နိဂုံးချုပ်လိုက်ပါသည်။
ထူးအောင်ဝင့်
Comments
Post a Comment