8.Punctuation (၂)

 8.Punctuation (၂)

          အင်္ဂလိပ်စာရေးသားရာတွင် အောက်ပါကိစ္စရပ်များအတွက် (Punctuation Marks) ကို သုံးရသည်။

***အဓိပ္ပါယ် ပေါ်လွင်စေရန်

***လေးနက်မှုသိသာစေရန်

***အနက်မတူ ကွဲပြားမှုကို ရှောင်ရှားစေရန်

***အပြောတွင် အသံအနေအထားနှင့် အဆိုင်းအငံ့တို့ကို သိသာစေရန်

6. Exclamation Mark ( ! )

*** ရုတ်တရက် အံ့ဩမှု၊ ဝမ်းသာမှု၊ ပျော်ရွှင်မှု၊ အမိန့်ပေးစေခိုင်းမှု၊ စိတ်ဆိုးဒေါသထွက်မှုနှင့် စိတ်လှုပ်ရှားမှုများကို ဖော်ပြရာတွင် ဝါကျအဆုံး၌ Exclamation Mark ( ! ) ကို သုံးသည်။

Eg: That’s marvellous!

“ Never ! ” she cried.

Move out of my way!

Shut the door!

*** Informal written English တွင် Exclamation Mark ( ! ) ကို တစ်ခုထက်မက ပိုသုံးတတ်သလို Exclamation Mark ( ! ) နှင့် Question Mark ( ? ) ကို တွဲသုံးတတ်သေးသည်။

Eg: “ Your wife’s just given birth to triplets.”

“ Triplets !?”

7. Apostorpe ( ' )

*** တစ်စုံတစ်ယောက်၏ ပစ္စည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို ရည်ညွှန်းလိုလျှင် Apostorpe ( ' ) ကို သုံးသည်။

Eg: my friend’s brother

The waitress’s apron

King James’s crown/ King James’ crown

The students’ books

The women’s coats

*** စကားပြောကို အတိုကောက်ပုံစံရေးသည့်အခါနှင့် နှစ်တစ်နှစ်၏ အချိန်ကာလကို အတိုကောက် ရေးလိုသည့်အခါ သုံးသည်။

Eg: I’m (I am)

They’d (They had/ They would)

The summer of ’89 (1989)

*** တစ်ခါတရံ စကားလုံး၏ အများကိန်းအဖြစ်လည်းကောင်း၊ နှစ်တစ်နှစ်၏ အချိန်ကာလကို လည်ကောင်း ဖော်ပြလိုသည့်အခါ သုံးသည်။

Eg: roll your r’s

During the 1990’s

8. Hpyen (-)

* prefix နှင့် root ဆက်သွယ်ပေးသည်။

Eg: pre-Renaissance

Pre-eminent

Co-opted

Co-operate

* compound အချို့တွင် သုံးသည်။

Eg: president-elect

Sister-in-law

Good-for-nothing

Hard-hearted

Fork-lift truck

Mother-to-be

 

* အဓိပ္ပါယ် မလွဲအောင် ဆက်ပြသည်။

Eg: He is small-business man.

* 21 နှင့် 99 ကြား ဂဏန်းများကို ရေးသားရာ၌ သုံးသည်။

Eg: thirty-four

One hundred twenty-eight

* အပိုင်းဂဏန်းကို ပြရာ၌ သုံးသည်။

Eg: a two-third majority

* “ မှ ” အပါအဝင် “ သို့ ” ကို ဖော်ပြသည်။

Eg: page 40-72

Decade 1990-99

* Capital သုံးထားသော အမည်များကို ဆက်ပေးသည်။

Eg: Yangon-Singapore flight

*စကားလုံးမဆုံးသေးမီ နောက်တစ်ကြောင်း ရေးရသည့်အခါ အဓိပ္ပါယ်ဆက်သွားစေရန် သုံးသည်။

Eg: Decide what to do in order to do in order to avoid mis-takes of this kind in the future.

9. Dash ( _ )

*** Informal English တွင် နိဂုံးချုပ်သည့်အခါ Colon (:) နှင့် Semicolon ( ; ) အစား အသုံးပြုသည်။

Eg: Men were shouting, women were screaming, children were crying_it was chaos.

You’ve admitted that you lied to me_how can I trust you again?

*** စာကြောင်းနှစ်ကြောင်းကို ပိုင်းခြားရာတွင် သုံးသည်။

Eg: He knew nothing at all about it_or so he said.

10. Dots / Ellipsis ( … )

*** ဆက်ပြောရန် ကျန်သေးသည့် အခြေအနေတွင် Dots / Ellipsis ( … ) သုံးသည်။

Eg: … challenging the view that Britain … had not changed all that fundamentally.

ထူးအောင်ဝင့်

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 3 - Taking Reservation)