Posts

Showing posts from 2024

အသိဉာဏ်ပညာဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့

Image
  အသိဉာဏ်ပညာဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့      သတ္တဝါအားလုံးထဲတွင် လူသည်အသိဉာဏ်အရှိဆုံး ဖြစ်ပါသည်။ အသိဉာဏ်ကို သတိပညာဖြင့် တည်ဆောက်ရလေ့ရှိပြီးပညာက ကမ္ဘာကို အုပ်စိုးနိုင်စေသည်။ ပညာပြည့်ဝနှလုံးလှ ဆိုစကားအတိုင်း ပညာပြည့်ဝသူတစ်ယောက်၏ နှလုံးသားသည် ချင့်ချိန်နိုင်စွမ်းအား မြင့်မားကြပေသည်။

လူငယ်များနှင့် ဘက်စုံပညာရေး

Image
လူငယ်များနှင့် ဘက်စုံပညာရေး      ယနေ့လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြမည့်သူများဖြစ်ပြီး  အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ့အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့်လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။

စုပေါင်းညီညီ ရှေ့သို့ချီ

Image
စုပေါင်းညီညီ ရှေ့သို့ချီ   ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအတွင်း တည်ဆောက်ထားသည့် လွတ်လပ်ရေးကျောက်တိုင်ကြီးက ခိုင်မြဲတည်တံ့သော ဂုဏ်ကျက်သရေဖြင့် တင့်တယ်စွာတည်ရှိနေသည်။ လွတ်လပ်ရေးအောင်ပွဲနှင့် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကို မြင်ရသူတိုင်း မြန်မာ့ လွတ်လပ်ရေးကို ကြိုးပမ်းရယူခဲ့မှုဖြစ်စဉ်များနှင့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်ရနေကြသည်ချည်း ဖြစ်သည်။

ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ (၂)

Image
ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ(၂) (င) အဓမ္မကိုတွန်းလှန်ပြီး ဓမ္မလွှမ်းမိုးရေးကို တာဝန်ယူနေကြသူများ      ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွားနေသောစစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူများအကြား မပြေလည်မှုများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်နေကြခြင်းသည် အစွန်းရောက်မှု အယူအဆများ အားကြီးပြီး တရားမျှတမှုအားနည်းခြင်းကြောင့်ပါ။ ပြီးတော့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအားနည်းကြသည်လည်း ပါပါသည်။

ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ

Image
ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ      “တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”

လူငယ်မောင်မယ်တို့ဘဝနှင့်ပညာရေး

Image
    လူငယ်မောင်မယ်တို့ဘဝနှင့်ပညာရေး      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ပြဋ္ဌာန်း ချက်များအရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်လျက်ရှိသည်။ ထိုသို့ထမ်းဆောင်လျက်ရှိရာတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ထာဝရ အကျိုးများစေမည့် လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ပညာရှာလူငယ်များ သူတို့အနာဂတ်ကို လေးစား

Image
  ပညာရှာလူငယ်များ သူတို့အနာဂတ်ကို လေးစား ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ လူငယ်ထုအတွက် ပြိုင်ဆိုင် မှုများ၊ စိန်ခေါ်မှုများက ယခင်ခေတ်များနှင့်မတူ ပို၍ကြီးမားလာသည်။ ကုလသမဂ္ဂ ကလည်း ကမ္ဘာ့လူဦးရေနေ့ ( World Population Day) ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ( International Youth Day) အခမ်းအနားများတွင် လူငယ်များနှင့် ဆက်စပ်၍ “လူငယ်တွေဟာ မည်သည့်လူ့အဖွဲ့အစည်းမှာမှ ဝန်ထုပ်ဝန်ပိုးအသွင် မဖြစ်စေရေး၊ လူငယ်တွေဟာ အဖိုးထက်ဆုံးရတနာများဖြစ်စေရမည်”