ကျေးဇူးတင်ကြောင်းဘယ်လိုပြောမလဲ Posted by Soe Soe Win “ကျေးဇူးတင်ပါတယ်” “ကျေးဇူးပြုပြီးတော့”ဆိုတဲ့ စကားတွေက ဘာသာစကားတိုင်းမှာ ရှိပါတယ်။ ယဉ်ကျေး သိမ်မွေ့မှုကို စကားအရာမှာလည်းဖေါ်ပြကြတာ ဖြစ်တဲ့အတွက် နေ့စဉ်သုံး ပြောစကားတွေမှာ မပါ မပြီးသလောက်ပါဘဲ။ အင်္ဂလိပ်မှာလည်းဘဲ “Please” နှင့် “Thank you” တို့ဟာ မပါရင် မပြီးတဲ့ အရေးကြီးစကား ၂ ခွန်း ဖြစ်ပါတယ်။ တစ်ကယ်တော့ အင်္ဂလိပ်စကားပြောရင် ဒီနှစ်ခွန်းက တစ်နေရာရာမှာ အမြဲပါတာပါဘဲ။ Thanks တို့ Thank you တို့ ကတော့ တစ်စုံတစ်ယောက်က ကိုယ့်အပေါ် ပြုမူ၊ လုပ်ကိုင်၊ ပြောဆိုတာကို ကျေးဇူးတင်ကြောင်းပြောချင်ရင် သုံးတဲ့ common အဖြစ်ဆုံး နှစ်ခွန်းပါဘဲ။ Thank you ကိုတော့ ပိုပြီးယဉ်ကျေးတဲ့