The use of Tenses (၁၀)
(10) Future Continuous Tense (will + be + V-ing)
*** အနာဂတ်တစ်ချိန်ချိန်မှာ တစ်စုံတစ်ရာ ဆက်တိုက်ဖြစ်ပျက်၊ ပြုလုပ်နေလိမ့်မယ်လို့ ကြိုတင် ခန့်မှန်း ပြောဆိုရာတွင် သုံးသည်။ (Passive Voice မရှိပေ။)
Subject + will + be + V-ing
Eg:
(1) By now, the boys will be swimming in
the stream. (ခုချိန်ထိ လူကလေးတွေ စမ်းချောင်းထဲမှာ ရေကူးနေကြဦးမှာ။)
(2)
Tomorrow evening at the time, we will be
watching television. (မနက်ဖြန်ညနေ ဒီအချိန်မှာ ကျွန်တော်တို့ တီဗီကြည့်နေကြလိမ့်မယ်။)
(3)
By the end of this year, I shall be writing
the second book. (ဒီနှစ်ကုန်မှာ ကျွန်တော် ဒုတိယစာအုပ်ကို ရေးနေလိမ့်မယ်။)
(4)
According to the concert schedule, they will be
performing in the afternoon. (ပွဲအစီအစဉ်ဇယားအရ သူတို့ နေ့လည်ခင်းမှာ ဖျော်ဖြေပါလိမ့်မယ်။)
(5)
Pyi Soe will be visiting his friends this
time next month. (နောက်လမှာ ပြည်စိုး သူ့သူငယ်ချင်းဆီ အလည်သွားနေလိမ့်မယ်။)
(6)
I will be cleaning the room today. (ကျွန်တော့်အခန်းကို
ဒီနေ့ရှင်းပါလိမ့်မယ်။)
(7)
She will be studying English tenses. (သူမ ကာလနဲ့ဆိုင်တဲ့အင်္ဂလိပ်စာတွေ
သင်ယူလေ့လာ နေပါလိမ့်မယ်။)
(8)
Thuta will be watering the plants tomorrow
morning. (မနက်ဖြန်မနက်ခင်းမှာ သုတက အပင်တွေကို ရေလောင်းနေပါလိမ့်မယ်။)
(9)
He will be saving money for a new house. (အိမ်အသစ်အတွက်
သူ ပိုက်ဆံစုနေပါလိမ့်မယ်။)
(10)
I will be travelling with friends. (ကျွန်တော့်သူငယ်ချင်းတွေနဲ့
ကျွန်တော် ခရီးသွားပါ လိမ့်မယ်။)
(11)
I will be reading your book in my trip. (ကျွန်တော့်ခရီးစဉ်အတွင်းမှာပဲ
ခင်ဗျားစာအုပ်ကို ဖတ်နေပါလိမ့်မယ်။)
(12)
Thuta will be waiting for her when her
plane arrives tonight. (ဒီနေ့ည သူမလေယာဉ် ဆိုက်ချိန်ထိ သုတ သူမကို စောင့်နေလိမ့်မယ်။)
(13)
My father will be repairing the roof in the
morning. (ကျွန်တော့်အဖေ မနက်ခင်းပိုင်းမှာပဲ အမိုးပြင်ပါလိမ့်မယ်။) *** ပြောနေချိန်ဟာ မနက်ခင်းပိုင်းထက်
စောတဲ့အချိန်တစ်ခုခု၊ အရင်ရက်
(14)
They will be calling to each other coming
weakend. (စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ သူတို့ အချင်းချင်း ဖုန်းခေါ်ကြပါလိမ့်မယ်။)
(15)
My mom will be enjoying the weather. (ကျွန်တော့်အမေတော့ ရာသီဥတုကြောင့် ပျော်နေပါ လိမ့်မယ်။)
(16)
Ko Kaung will be running a marathon this
Sunday. (ကိုကောင်း ဒီတနင်္ဂနွေမှာ မာရသွန်ပွဲ ပြေးနေလိမ့်မယ်။)
(17)
Car prices will be increasing at the end of
this month. (ကားဈေးတွေ ဒီလကုန်ရင် တက်လိမ့်ဦးမယ်။)
(18)
We will be flying over the Mount Everest in
an hour. (တစ်နာရီအတွင်းမှာ ကျွန်တော်တို့ ဧဝရက်တောင်ပေါ်ကနေ ဖြတ်ပျံတော့မှာ။)
(19)
They will be waiting when doctor arrive. (ဆရာဝန်ရောက်လာတဲ့အထိ
သူတို့စောင့်နေ ကြမှာ။) ***
when နောက်မှာ Simple Present Tense လိုက်ပါတယ်။
(20)
I will be driving to Yangon at ten o’clock
tonight. (ကျွန်တော် ဒီည ဆယ်နာရီမှာ ရန်ကုန်ကို ကားမောင်းနေမှာ။)
(21)
I will be meeting with Wah Wah tomorrow
morning. (ကျွန်တော် ဝါဝါနဲ့ မနက်ဖြန် မနက်တွေ့မယ်။)
I
am meeting with Wah Wah tomorrow morning. ***
Present Continuous Tense
I
am going to meet with Wah Wah tomorrow morning.
(22)
She will be staying at Win Unity Resort
Hotel. (သူမ ဝင်းယူနတီရီဆော့ဟိုတယ်မှာ တည်းနေလိမ့်မယ်။)
She
is staying at Win Unity Resort Hotel.
*** Present Continuous Tense
She
is going to stay at Win Unity Resort Hotel.
(23)
I will be reading historical book. (ကျွန်တော်
သမိုင်းနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ် ဖတ်နေလိမ့် မယ်။)
I
am going to be reading a historical book.
(24)
They will be dancing with an actress. (သူတို့ မင်းသမီးတစ်ယောက်နဲ့အတူ ကကြလိမ့်မယ်။)
(25)
She will be writing to an actor. (သူမ သရုပ်ဆောင်မင်းသားတစ်ယောက်ဆီ
စာရေးလိမ့် မယ်။)
(26)
Ko Kaung will be studying until 9 p.m. (ကိုကောင်း
ညကိုးနာရီအထိ စာကြည့်လိမ့်မယ်။)
(27)
My father will be editing his magazine the
day after tomorrow. (ကျွန်တော့်အဖေက သူ့မဂ္ဂဇင်းကို သန်ဘက်ခါမှာ တည်းဖြတ်လိမ့်မယ်။)
(28)
The Sun will be shining tomorrow. (မနက်ဖြန်
နေသာလိမ့်မယ်။)
(29)
He will be running out in the forest. (သူ တောထဲကနေ
ပြေးထွက်လာလိမ့်မယ်။)
(30)
This time tomorrow, they will be travelling
to pilgrimage. (မနက်ဖြန် ဒီအချိန်ဆို သူတို့ ဘုရားဖူးခရီး သွားနေကြလိမ့်မယ်။)
*** When, as soon as, by
the time တို့၏ နောက်တွင် Simple present Tense, Simple Past Tense တို့သာ လိုက်တတ်သည်။
Future (Will) မလိုက်ပါ။
*** Continuous Tense တွေမှာ
State Verb နဲ့ တွဲသုံးလေ့ မရှိပါ။ State Verb တွေသည် လှုပ်ရှားမှုမပါဘဲ ဖြစ်တည်မှုကို
ပြသော ကြိယာဖြစ်သည်။ (ထင်မြင်ချက်၊ ခံစားချက်၊ သိမြင်နားလည်မှု၊ ပိုင်ဆိုင်မှုပြ ကြိယာ)
ထူးအောင်ဝင့်
Comments
Post a Comment