The use of Tenses (၁၁)

 (11) Future Perfect Tense (will + have + V3)

*** အနာဂတ် တစ်ချိန်ချိန်မှာ တစ်စုံတစ်ရာ ဖြစ်ပျက် ပြုလုပ်ပြီးစီးလိမ့်မယ်လို့ ကြိုတင်ခန့်မှန်း ပြောဆိုသည့်အခါ သုံးသည်။

*** ပြီးစီးရမည့် အချိန်ပါလေ့ရှိသည်။ သတ်မှတ်ချိန်အတွင်း ပြီးစီးသည့်အကြောင်းအရာများကို ပြောဆိုသည့်အခါ သုံးသည်။

 Subject + will + have + V3

 

Eg: (1) By the time next year, they will have got a black-belt. (နောက်နှစ် ဒီအချိန်မှာ သူတို့ ခါးပတ်နက် ရပြီး ဖြစ်ပါလိမ့်မယ်။)

(2) They will have known the truth by the time next month. (သူတို့ နောက်လ ဒီအချိန်မှာ အမှန်တရာကို သိနေကြပါလိမ့်မယ်။)

(3) I shall have left for Yangon, by this time tomorrow. (မနက်ဖြန် ဒီအချိန်မှာ ကျွန်တော် ရန်ကုန်က ထွက်ခွာပြီး ဖြစ်ပါလိမ့်မယ်။)

(4) By June, I will have graduated from university. (ဇွန်လမှာ ကျွန်တော် တက္ကသိုလ်က ဘွဲ့ရပြီး ဖြစ်ပါလိမ့်မယ်။)

(5) By five o’clock, we will have arrived. (၅ နာရီလောက်ဆို ကျွန်တော်တို့ ရောက်ပြီးနေ လောက်ပြီ။)

(6) By April, I will have owned this house for ten years. (ဧပြီမှာဆို ကျွန်တော် ဒီအိမ်ကိုပိုင်တာ (၁၀)နှစ် ရှိပြီ။)

(7) When we get married, I will have known Thidar for five years. (ကျွန်တော်တို့ လက်ထပ်တဲ့ အချိန်မှာ ကျွန်တော် သီတာကို သိတာ (၅)နှစ်လောက် ရှိပြီ။)

(8) On Friday, I will have worked here for two years.  (ဒီသောကြာမှာဆိုရင် ကျွန်တော် ဒီမှာ အလုပ်လုပ်တာ (၂)နှစ် ရှိပြီ။)

(9) Next Sunday, she will have lived in Kalaw for three years. (နောက် တနင်္ဂနွေဆို သူမ ကလောမှာနေလာတာ (၃)နှစ် ရှိပြီ။)

(10) The plane will have landed by 10:15 a.m. (ဒီလေယာဉ်က နံနက် ၁၀ နာရီ ၁၅ မတိုင်မီ ဆိုက်လိမ့်မယ်။)

(11) She will not seen you if you do not apologize. (မင်းမတောင်းပန်လျှင်တော့ သူမ မင်းကို အတွေ့ခံမှာ မဟုတ်ဘူး။)

(12) Mom will have cooked our favorite meal. (အမေက ကျွန်တော်တို့အကြိုက်ဆုံးဟင်းကို ချက်ထားပြီးပါလိမ့်မယ်။)

(13) My mom will have prepared breakfast by the time the children wake up. (ကလေးတွေ အိပ်ယာနိုးချိန်မှာ ကျွန်တော့်အမေက နံနက်စာပြင်ပြီးပါလိမ့်မယ်။)

(14) I will have completed this book by 10 am tomorrow. (ကျွန်တော် မနက်ဖြန် မနက် ၁၀ နာရီမှာ ဒီစာအုပ်ကို ဖတ်ပြီးဖြစ်ပါလိမ့်မယ်။) *** ၁၀ နာရီ နောက်ဆုံး၊ ၁၀ နာရီ အမီဖတ်ပြီးမယ်

(15) I will have come home very hungry in the evening? (ကျွန်တော် ညနေခင်းမှာ ဆာဆာလောင်လောင်နဲ့ အိမ်ပြန်လာပါလိမ့်မယ်။)

(16) By tomorrow evening I will have finished the articles for this week. (မနက်ဖြန် ညနေခင်းလောက်မှာ ကျွန်တော်ဒီတစ်ပတ်အတွက် ဆောင်းပါးကို ရေးပြီးနေပါလိမ့်မယ်။)

(17) By that time I will have finished my homework. (အဲဒီအချိန်ဆိုရင် ကျွန်တော့်အိမ်စာတွေ လုပ်ပြီးဖြစ်နေပါလိမ့်မယ်။)

(18) By next summer, we will have built the two stories build. (နောက်နှစ်နွေရာသီမှာ ကျွန်တော်တို့ နှစ်ထပ်အိမ်တစ်လုံး ဆောက်ပြီးနေပါလိမ့်မယ်။)

(19) Wutt Hmone will not have been married to Ko Htoo until she finishes school. (ဝတ်မှုန်က ကိုထူးကို သူမကျောင်းမပြီးသေးမချင်း လက်ထပ်ဦးမှာ မဟုတ်ပါဘူး။)

(20) Kaung Thuta will have returned home when the birthday party is over. (မွေးနေ့ပွဲ ပြီးသွားရင် ကောင်းသုတ အိမ်ကိုပြန်လာပါလိမ့်မယ်။)

 

  *** အချိန်ကို By ဖြင့် ပြောလျှင် ထိုအချိန် မကျော်ဘူးဆိုသည့် အဓိပ္ပါယ် ဖြစ်သည်။

ထူးအောင်ဝင့်

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 3 - Taking Reservation)