ရှပ်ပြိတ္တာ

ရှပ်ပြိတ္တာ

" ဒကာကြီးက ဘာအလုပ် လုပ်သလဲကွဲ့ "
"တင်ပါ၊ တပည့်တော်က ရှပ်(Chef) ပါ ဘုရား "
" အော် ...အဲ့ ရှပ်ဆိုတာ ဘယ်လိုအလုပ်မျိုးလဲ ဒကာကြီးရဲ့။ တို့က တောဘုန်းကြီးဆိုတော့ မသိလို့ ရှင်းပြစမ်းပါဦး"
"တင်ပါ၊ ရှပ်ဆိုတာ အစားသောက်တွေကို ပြင်ဆင်ချက်ပြုတ်ပေးရတဲ့ အလုပ်ပါဘုရား"
"ဒါဆို ဒကာကြီးက အစားစာကောင်းတွေကိုနေတိုင်းစားနေရတာပေါ့။ ဟုတ်လားဒကာကြီး"
"တင်ပါ၊ ဒီအလုပ်က ကိုယ်တိုင်တော့ အစားသောက်ကောင်းတွေကိုချက်ပြုတ်နေပေမယ့် မစားနေရပါဘူးဘုရား။ သူတကာတွေ အရသာရှိတဲ့အစားသောက်ကောင်းကောင်းတွေနဲ့ စားနေရအောင်သာ လုပ်ပေးရတာမျိုးပါ ဘုရား"
"အို ဒါမျိုးလည်း ရှိသေးသလား"
"တင်ပါ၊ တပည့်တော်လိုမျိုးပါ ဘုရား"
"အင်း... ဘုန်းကြီး သိပြီ ဒကာကြီး"
" စိတ်တော့ မကောင်းပါဘူးကွယ်။ ဒါဟာ ပြိတ္တာတစ်မျိုးပဲ ကွဲ့။ ဘုရား ဟောထားတာ ရှိတယ် ဒကာကြီး။ ထမင်း ဟင်းလျာတွေကို ကိုင်တွယ် မြင်တွေ့နေရပြီး စားမရတာမျိုး၊ ရေတွင်းရေကန်တွေကို မြင်တွေ့နေရပြီး မသောက်ရတာမျိုးတွေပေါ့။ ဒါတွေကို ပြိတ္တာလို့ ခေါ်သကွဲ့"
"တင်ပါ၊ အဲ့လိုမျိုးတော့ မဟုတ်ဘူး ထင်ပါတယ် ဘုရား"
"ကဲကဲ ဒကာကြီးကို ဘုန်းကြီးကနေ အမျှဝေပေးရင်ရော ဒကာကြီးအနေနဲ့ အဲ့အစားစာတွေကို စားနိုင်မယ် ထင်သလား"
"တင်ပါဘုရား၊ တပည့်တော်အနေနဲ့ မစားနိုင်လောက်ပါဘူး ဘုရား"
" အင်းလေ အမျှဝေတိုင်းလည်း ကျွတ်ကြလွတ်ကြတာမျိုးမှ မဟုတ်တာပဲ။ အစွဲအလန်းက ကြီးရင်ကြီးသလောက် ခံကြရတာမျိုးပေကိုး"
"ကဲ ဒကာကြီးရဲ့ ယခုဘဝမှာ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ် အစုစုတို့ကြောင့် အတိတ်ဝဋ်ကြွေးတွေ ကျေပြီး နောင်သံသရာမှာ အခုလို ရှပ်ပြိတ္တာ ဘဝဆိုးမျိုးကို မဖြစ်စေ၊ မရောက်ရပါစေနဲ့လို့ ဘုန်းကြီး ဆုတောင်းပေးလိုက်ပါတယ်ကွယ်"
Credit: Tun Tun Min
https://www.facebook.com/authorhtooaungwint

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 3 - Taking Reservation)