သူ့ဘဝ၊ သူ့အတွေးနှင့် ပညာရေးတွင် သူ၏ပံ့ပိုးကူညီမှုများ
Subject: Educational Theory and Management
Student’s Name: 9-Edu Group (2)
Student's ID No.: 9-Edu-2, 8, 14, 21, 27, 33, 39, 46, 54,
61
Assignment (2): Socrates - His life, his thoughts,
and his contribution to education
Date: 14.8.2024
No. |
Name |
ID Number |
1 |
Aye Sandar Tun |
9-Edu-2 |
2 |
May Thaw Phyo |
9-Edu-8 |
3 |
Nadi Myint Swe |
9-Edu-14 |
4 |
Wai Phyo Sint |
9-Edu-21 |
5 |
K.S Nu Nu Seng |
9-Edu-27 |
6 |
Kay Thazin Kyaw |
9-Edu-33 |
7 |
Shane Bo Bo Kyaw |
9-Edu-39 |
8 |
Khine Thinzar Kyaw |
9-Edu-46 |
9 |
Myat Mon Theint |
9-Edu-54 |
10 |
Wathone Zaw Latt |
9-Edu-61 |
ပါဝင်သည့်အကြောင်းအရာ
၁။ နိဒါန်း
၁.၁။
ရည်ရွယ်ချက်
၂။ ဆိုကရေးတီး
- သူ့ဘဝ၊ သူ့အတွေးနှင့် ပညာရေးတွင် သူ၏ပံ့ပိုးကူညီမှုများ
၃။ နိဂုံး
၃.၁။
အကြံပြုချက်
၄။ ကိုးကား
နိဒါန်း
ဆိုကရေးတီးသည် ဘီစီ (၄၆၉-၃၉၉) တွင် မွေးဖွားပေါ်ထွန်းခဲ့သည့်
ဂရိအတွေးအခေါ် ပညာရှင်ကြီးဖြစ်သည်။ ဝေဖန်ပိုင်းခြား တွေးခေါ်မှုကို လှုံ့ဆောင်ရန် နှင့်
အတွေးအမြင်များကို ထွက်ပေါ်လာစေရန်အတွက် စူးစမ်းသည့် မေးခွန်းများစွာကို မေးခြင်း
“Socratic Method” ဟုခေါ်သည့် မေးခွန်းမေးနည်းအတွက် လူသိများ ပါသည်။ ဤနည်းလမ်းကို ပညာရေးနှင့်
ဆွေးနွေးငြင်းခုန်မှုများတွင် ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုနေဆဲ ဖြစ်သည်။
ဆိုကရေးတီးသည်
အေသင်မြို့တွင် မြို့သူမြို့သား လူငယ်များကို အကျင့်ပျက် ခြစားမှု (နိုင်ငံတော်၏ ဘုရားများကို
မယုံကြည်မှု) ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲခြင်း ခံရသည်။ သူ၏ ယုံကြည်ချက်၊ ယူဆချက်နှင့်
အတွေးအခေါ်တို့အတွက် အဆိပ်ခွက်ကို သောက်ကာ အသက်စွန့်ခဲ့သူဖြစ်သည်။ “အယူအဆကို စွန့်မည်လား၊
အဆိပ်ခွက်ကို သောက်မည်လား” မေးခွန်းအတွက် အဆိပ်ခွက်ကိုရွေးကာ အယူအဆကို ကိုင်စွဲခဲ့သူ
အေသင်မြို့သား ဂရိအတွေးအခေါ် ပညာရှင် ဒဿနဆရာကြီး ဖြစ်သည်။
ဆိုကရေးတီး၏
အတွေးအခေါ်အယူအဆ အမွေအနှစ်သည် မရေမတွက်နိုင် သော ဒဿနပညာရှင်များနှင့် တွေးခေါ်ပညာရှင်များအပေါ်
လွှမ်းမိုးခဲ့သည်မှာ နှစ်ထောင်ချီကြာသည့်တိုင်အောင် တည်တံ့ခဲ့ပြီး သူ၏ဘဝနှင့် အတွေးအခေါ်များသည်
ဒဿနိကဗေဒလေ့လာခြင်း၏ အဓိကအစိတ်အပိုင်းအဖြစ် ယနေ့ထက်တိုင် ကျန်ရှိနေ ပါသည်။
ရည်ရွယ်ချက်
၁။ ရှေးခေတ် ဂရိလူမျိုးတို့၏ အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်
ဆိုကရေးတီး၏ ဘဝ၊ အတွေးအခေါ်နှင့် ပညာရေးဆိုင်ရာ ပံ့ပိုးမှုများကို စူးစမ်းလေ့လာ ရန်
ဖြစ်ပါသည်။
၂။
ခေတ်သစ်နိုင်ငံရေး သီအိုရီနှင့် ပညာရေးအပေါ် မည်ကဲ့သို့ လွှမ်းမိုးခဲ့သည်ကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်
ဖြစ်သည်။ ခေတ်ပြိုင်ပညာရေး အလေ့အကျင့်များတွင် ဆိုကရေးတီး၏ ဝေဖန်ထိုးထွင်း သိမြင်မှုနှင့်
အကြံပြုချက်များကို ပေးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။
၃။
နည်းပညာခေတ်တွင် ဉာဏ်အလင်းခေတ်၏ သမိုင်းဝင်ပုဂ္ဂိလ်တစ်ဦး၏ ဒဿနနှင့် ဘဝခံယူချက်အတွေးအခေါ်တို့ကို
စေ့စပ်သေချာစွာ ဖော်ထုတ်ပြီး လက်ရှိလူမှုလောကတွင် ကောင်းမွန်စွာ ဆက်စပ်အသုံးချနိုင်စေရန်
ဟူသော ရည်ရွယ်ချက်၊ ရည်မှန်းချက်ဖြင့် ဤစာတမ်းကို ပြုစုပါသည်။
သူ့ဘဝ
ဆိုကရေးတီးသည် ရှေးဂရိနိုင်ငံတွင် ဘီစီ ၄၆၉
တွင် မွေးဖွားခဲ့သည့် အတွေးအခေါ် ပညာရှင်ကြီးတစ်ဦး ဖြစ်ပါသည်။ အေသင်လူမျိုး ကျောက်တုံး
ပန်းပုဆရာ ဆိုဖရိုနီစကတ်စ်နှင့် သားဖွားဆရာမ ဖာနရီတီတို့၏ သားဖြစ်သည်။
ဆိုကရေးတီးသည် သာမန်မိသားစုမှ မွေးဖွားလာသူဖြစ်သောကြောင့်
ဂရိအခြေခံပညာရေးကိုသာ ရခဲ့သူဖြစ်ပြီး သူ၏ ဖခင်ထံမှ လက်မှုပညာကို သင်ယူခဲ့ပါသည်။ သူ၏ဘဝကို
ပန်းပုဆရာအဖြစ်နှင့် နှစ်ပေါင်းများစွာ ဖြတ်သန်း ခဲ့သည်။ သူ၏ဘဝကို အတွေးအခေါ်ပညာရှင်အဖြစ်
မမြှုပ်နှံခင်အချိန်ထိတိုင် ဖြစ်သည်။ ထို့နောက်တွင် ပန်းပုဆရာအလုပ်ကို စွန့်လွှတ်၍
အမှန်တရားကို စဉ်းစားရှာဖွေသော အလုပ်၌ ပျော်ပိုက်လာသည်။
အေသင်မြို့တော်ရှိ လမ်းမကြီးများပေါ်တွင်
ကြမ်းတမ်းသော အဝတ်ကို ဆင်၍ ဖိနပ်မပါ ခြေဗလာဖြင့် အတွေးများလာသည့် ဆိုကရေးတီး ဖြစ်လာသည်။
ဝတ်စားဆင်ယင်မှုကို ဂရုမစိုက်တော့သောကြောင့် အမြဲညစ်ပေနေသည်။ ဆိုကရေးတီး သည် အရပ်လည်း
ပုသည်။ လမ်းလျှောက်ပုံမှာလည်း ဘဲသွားသကဲ့သို့ ဖြစ်နေ၍ ကြည့်ရသည်မှာလည်း တော်တော်လေးကို
ဆိုးဝါးသည်။
သွားရင်း လာရင်း သူသိလိုသမျှကို တွေးတောသည်။
လမ်း၌တွေ့သည့် မည်သူ့ကိုမဆို သူသိလိုသမျှကို မေးမြန်းသည်။ ထိုစဉ်က အေသင်မြို့သူမြို့သားတို့
သည် အလှအပကြိုက်သူများ၊ ဂုဏ်မက်သူများ ဖြစ်သောကြောင့် ညစ်ပတ်ပေရေကာ နံစော်နေသော ဆိုကရေးတီးအား
ရှောင်ကွင်းသွားကြသည်သာ များသည်။
ဆိုကရေးတီးသည် ပင်ပန်းညောင်းညာမှုကို ဂရုထားသူ
မဟုတ်ချေ။ တစ်နေရာတွင်ရပ်ကာ တစ်စုံတစ်ခုကို စဉ်းစားနေမိလျှင် နံနက်စောစောမှသည် နေလည်တိုင်
ဖြစ်နေနိုင်သည်။ သို့မဟုတ် မွန်းလွဲမှသည် ညနေတိုင် ဖြစ်သွားတတ်သည်။ သူလုပ်သမျှကို စောင့်ကြည့်သူတချို့သာ
ညောင်းညာပင်ပမ်း ရသည်။ အိပ်လျှက်စောင့်ကြည့်သော်ငြား ဆိုကရေးတီးကား သူရပ်လျှက် စဉ်းစားရာ
နေရာမှ တစ်လက်မမျှ ရွေ့လျားလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့သော အမူအကျင့်များ ရှိသော်ငြား
သူသည် အပေါင်းအသင်း ဝင်ဆံ့ သည်။ မိတ်ဆွေများအိမ်တွင် ကျင်းပသည့် ထမင်းစားပွဲများတွင်
ရယ်စရာပျက်လုံးများ ကို ခပ်ရွှင်ရွှင် ပြောတတ်သူတစ်ဦးလည်း ဖြစ်နေသည်။ ပညာရှိပီပီ နက်နဲသော
အယူအဆ ပြဿနာများကိုလည်း ဆွေးနွေးတတ်သည်။ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အနှောက်အယှက်ပြုခြင်းတို့ကို
လစ်လျူရှုနိုင်သည့် အေသင်မြို့သား ပညာရှင်တစ်ဦး လည်း ဖြစ်သည်။
ဆိုကရေးတီး၏ ဇနီးမှာ အေသင်မြို့သားတို့၏
စံနှုန်းနှင့်တိုင်းတာလျှင် သဘောအလွန်ဆိုးသူ ဖြစ်သည်။ ယနေ့ခေတ်လူတို့ ခနိုးခနဲ့ပြောနေကြသည့်
“ဇနီးဆိုးဆိုး ရထားသူတွေဟာ ပညာရှိဖြစ်လာတယ်” ဟူသောစကားသည် ဆိုကရေးတီး၏ ဘဝဇာတ်ကြောင်းကိုလေ့လာပြီးသူတို့
နောက်ပြောင်ပြောဆိုသည့် စကားဆိုရိုးတစ်ခုလည်း ဖြစ်နိုင်ပါသည်။
အလှအပကြိုက်သူ၊
ဂုဏ်မက်သူ အေသင်မြို့သား အများစုက ဆိုကရေးတီးနှင့် ဆုံလျှင် ရှောင်ကွင်းသွားတတ်ကြသည်။
သို့ရာတွင် တချို့အေသင်မြို့သားတို့က သူ၏ ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဟောပြောချက်များကို
နားထောင်ကောင်းသည်နှင့် ဝိုင်း၍နားထောင်ကြသည်။ တချို့တချို့ကမူ ဆိုကရေးတီး၏ စကားများ၊
ဩဝါဒများကို နာယူမှတ်သားကြသည်။ အနှစ်သာရကင်းမဲ့သော အယူအဆများသည် ဆိုကရေးတီး၏ တိကျပြတ်သားသော
အရိုးခံတရားနှင့် မယှဉ်နိုင်သဖြင့် မှေးမှိန်သွားသည်။ ထို့နောက်တွင်တော့ ပျောက်ကွယ်သွားကြသည်။
ရှေးလူတို့၏ လွဲမှားနေသည့် အတွေးအခေါ်များ၊ ယူဆချက်များကို ဆိုကရေးတီးက အမှန်သို့ရောက်အောင်
ဟောပြောခဲ့သည်။ သူ၏ အယူအဆတို့ကို ထုတ်ဖော်ခဲ့သည်။ ဆိုကရေးတီး၏ ဩဝါဒများကို ထိုခေတ်က
မင်းမျိုးမင်းနွယ်တို့၏ သားသမီးများပင် ဆည်းကပ်နည်းယူ ကြရသည်။
ကျိုးကြောင်းဆင်ခြင်မှုနှင့်
အတွေးအခေါ်ဆိုင်ရာ နည်းစနစ်များအတွက် သူ၏ ဆော့ခရက်တစ်နည်းသည် အခြေခံအုတ်မြစ်အဖြစ် ခိုင်ခိုင်မာမာ
ရှိခဲ့သည်။ ဆိုကရေးတီးသည် သူ၏အယူအဆများကို စာဖြင့်ရေးသား မှတ်တမ်းတင်ခြင်း မရှိခဲ့သော်လည်း
သူ၏တပည့်များက နောင်လာနောင်သားတို့ လေ့လာသမှု ပြုနိုင်စေရန် မှတ်တမ်းတင်ခဲ့ကြသည်။ သမိုင်းဆရာကြီး
ဇင်းနိုဖန်နှင့် ပညာရှိကြီး ပလေတို တို့သည် မှတ်တမ်းတင်ခဲ့ကြသူတို့ထဲတွင် ဆိုကရေးတီး၏
တပည့်နှစ်ဦး အဖြစ်ဖြင့် ထင်ရှားသည်။ ထိုသူနှစ်ဦး၏ ကျေးဇူးကြောင့်ပင် နှောင်းလူတို့သည်
ဆိုကရေးတီး၏ အယူအဆနှင့် အတွေးအခေါ်တို့ကို ထိတွေ့ခွင့် ရခဲ့ကြသည်။ ဆိုကရေးတီး၏ အတွေးအခေါ်နှင့်
ဩဝါဒတို့ကြောင့်ပင် ရှေးခေတ်ဂရိတို့၏ ယဉ်ကျေးမှု နှင့် ထင်ရှားကျော်ကြားမှုကို နှောင်းလူတို့
သိစေခဲ့သည်။
ထိုခေတ်အခါက
ဂရိစစ်သေနာပတိတစ်ဦးဖြစ်သူ အယ်လစီဗိုင်းအားဒီးသည် ဆိုကရေးတီးကို လွန်စွာကြည်ညိုသူတစ်ဦးဖြစ်သည်။
“ဆိုကရေးတီး၏စိတ်မှာ
အံ့ဩဖွယ်ကောင်းအောင် မွန်မြတ်လှ၍ သူ၏ ဟောပြောချက်တို့သည် အာဏာစက်ကဲ့သို့ မနာခံဘဲ မနေနိုင်အောင်
ဖြစ်တော့သည်” ဟူ၍ သူ့မှတ်တမ်းတွင် ဆရာဖြစ်သူ ဆိုကရေးတီးအကြောင်းကို မှတ်တမ်းတင် ထားခဲ့သည်။
ဆိုကရေးတီးဆိုသည့်
အေသင်မြို့သား ဂရိပညာရှိကြီးသည် ကိုယ်ကျင့်တရားကို သာ ဂရုစိုက်၍ ကြံဆသော နှလုံးရည်ပြည့်ပုဂ္ဂိုလ်ကြီးသာမဟုတ်
လက်ရုံးရည်နှင့်လည်း ပြည့်စုံသော စစ်သည်တော်တစ်ဦးလည်း ဖြစ်ခဲ့သည်။ စစ်ပွဲပေါင်းများစွာ
တိုက်ခဲ့သူ ဖြစ်သည်။ အောင်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သူဖြစ်သည်။ သို့ရာတွင် စစ်တိုက်ခြင်းသည်
သူ၏ ကိုယ်ကျင့်တရားကောင်းမွန်ရေးဝါဒနှင့် ဖီလာဆန့်ကျင်ဖြစ်နေသည်ဟု ယူဆလာ သောအခါ စစ်ကိုဖယ်ကြဉ်လိုက်သည်။
အေသင်မြို့သားများစွာက မည်မျှပင် တိုက်တွန်းစေကာမူ စစ်ဆိုသောအရာကို ဖယ်ထုတ်ပစ်လိုက်သည်။
သူသည် ကိုယ်ကျင့်တရား အယူအဆများကို အလေးထားသူဖြစ်သည်။ မတရားမှုကို လက်သင့် မခံလိုသူဖြစ်၍
မတရားသူများ၏ လက်မခံလိုခြင်းကို ရခဲ့သူဖြစ်သည်။ အေသင်မြို့သား တစ်စုနှင့် အေသင်အစိုးရ၏
အမုန်းပွား ငြိုငြင်ခြင်းကို ခံခဲ့ရသူဖြစ်သည်။
အေသင်အစိုးရနှင့်
မာနခက်ထန်၍ ကိုယ်ကျင့်တရားနည်းပါးသော အေသင်သား တစ်စုတို့အတွက် ဆိုကရေးတီးသည် အရာရာတွင်
ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူ့အားအလွန်မုန်းတီးသည့် ရန်သူသုံးဦး ခေါင်းဆောင်သော လူတစ်စုသည်
သူ့အား မတရားစွပ်စွဲကာ တရားစွဲဆိုသည်။ တရားစွဲဆိုရသည့်အကြောင်းမှာ ဆိုကရေးတီး၏ အယူအဆသည်
လူငယ်တို့၏ ကိုယ်ကျင့်တရားကို ပျက်ပြားစေယုံသာမက လူတို့၏ လက်ရှိကိုးကွယ်ယုံကြည်မှုကိုပါ
စော်ကားသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ် သည်။
တပည့်များက ရှေ့နေငှါးရမ်း၍
တရားရင်ဆိုင်ရန် ပြောသော်လည်း ဆိုကရေးတီး က ရှေ့နေမငှါးဘဲ သူ၏အယူအဆများကို ကိုယ်တိုင်
ရှင်းလင်းဖြေဆိုခဲ့သည်။ ထိုရှင်းလင်းဖြေဆိုချက်များသည် ဆိုကရေးတီး၏ လျှောက်လဲချက်များဟု
ယနေ့တိုင် အောင် ကျော်ကြားလျှက် ရှိပါသည်။
ရုံးတော်က ဆိုကရေးတီးအား
အပြစ်ရှိသည်ဟု တစ်ဘက်သတ်ဆုံးဖြတ်ကာ သေဒဏ်အပြစ်ပေးခဲ့သည်။ သို့ရာတွင် ပညာရှိပီပီ ဆိုကရေးတီးကား
အနည်းငယ်မျှပင် မတုန်လှုပ်ခဲ့ချေ။ ကိုယ်ကျင့်တရားနှင့် သူ၏အယူအဆကို ခိုင်ခိုင်စွဲကာ
စီရင်ချက် အတိုင်း လာ၍ပေးသည့် အဆိပ်ခွက်ကို သတ္တိရှိစွာဖြင့် မော့သောက်ပစ်လိုက်ပါသည်။
ဤနည်းဖြင့် အေသင်မြို့သား
ဂရိပညာရှိကြီး ဆိုကရေးတီးသည် ဘီစီ ၃၉၉၊ သူ၏ အသက်(၇၀)တွင် သူ၏ အတွေးအခေါ်အယူအဆအတွက်
အဆိပ်ခွက်ကို ရွေးချယ်ကာ ဘဝကို အဆုံးသတ်ခဲ့ပါသည်။
သူ့အတွေး
ဆိုကရေးတီး၏ အတွေးအခေါ်နှင့်ပတ်သက်၍ အဓိကကျသော
အချက်မှာ မေးခွန်းများကို ဆက်တိုက်မေးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အချက်အလက်ကို
ရှာဖွေရန်သာမက ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှုကို လှုံ့ဆော်နိုင်ရန်၊ စိတ်ကူးစိတ်သန်းများ
လင်းလက်ပေါ်ထွက်လာစေရန်အတွက် ဤနည်းကို သုံးခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် ဒဿနိကဗေဒနှင့်
ပညာရေး သီအိုရီများတွင် အခြေခံ အကျဆုံး ဖြစ်သည်။
ဆိုကရေးတီး၏ နည်းလမ်း The Socratic Method (Elenchus)
ဤနည်းလမ်းသည် အခြားသူများ၏ယုံကြည်ချက်များ သိုမဟုတ် အခိုင်အမာ ပြောဆိုမှုများကို
ဆန်းစစ်ရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးရန်၊ စည်းကမ်းချက် များကို
ရှင်းလင်းရန် သို့မဟုတ် သတ်မှတ်ရန်တို့
ပါဝင်သည်။ စကားဝိုင်း၏ အတွေးအမြင်များတွင် ကွဲလွဲမှုများကို ဖော်ထုတ်ရန်နှင့်
ရှင်းလင်းသော တွေးခေါ်မှုကို မွေးမြူရန် ကြိုးပမ်းသည့် စုံစမ်း စစ်ဆေးမှု
ပုံစံတစ်ခုဖြစ်သည်။
ဆိုကရေးတီးသည် အမှန်တရားကို
အခြားသူများအား ရှာဖွေတွေ့ရှိရန် ကူညီ ပေးရန်အတွက် ဤနည်းလမ်းကို အသုံးပြုခဲ့သည်။
ဝေဖန်ပိုင်းခြားသော တွေးခေါ်မှု စွမ်းရည်ကို ဖွံဖြိုးတိုးတက်စေသည့်
အခြေခံအချက်လည်းဖြစ်သည်။
သူက
အပေါ်ယံရွှေမှုန်ကြဲသည့် ပညာမျိုးသည် လူတို့အားပညာအလင်းရောင်
မပေးသည်သာမက ယုံမှားသံသယ ဖြစ်စေသည်။ ပို၍ ရှုပ်ထွေးစေသည်ဟု
ယူဆသည်။ ထို့ကြောင့် ယင်းတို့ကို
ရှောင်ကြဉ်လေသည်။ ဆိုကရေးတီး၏ အဆိုအရ လူသားများ အနေဖြင့် စစ်မှန်သော အသိပညာ
ရှိနိုင်သည်။ လူသည် မိမိ၌ရှိသော ဆင်ခြင်ဉာဏ်ကို မှန်မှန်ကန်ကန် အသုံးချတတ်လာလျှင်
မိမိကိုယ်တိုင်၏ သဘောသဘာဝကို လည်းကောင်း၊ မိမိကိုဝန်းရံနေသော စကြာဝဠာကြီး၏
သဘောသဘာဝကို လည်းကောင်း ဓမ္မဓိဌာန်ကျကျ သိမြင်နားလည်လာမည်ဟု ခံယူတင်ပြခဲ့သည်။
စစ်မှန်သောအသိပညာကို ရရှိနိုင်ရန်အတွက်
ဆိုကရေးတီးက နည်းသစ် (၂)မျိုး ကို တင်ပြခဲ့ပါသည်။ ၎င်းတို့မှာ
၁။ ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis) နှင့်
၂။ တွေးခေါ်မြော်မြင်နည်း (The Method of Speculation) တို့ဖြစ်သည်။
၁။ ခွဲခြမ်းစိတ်ဖြာနည်း (The Method of
Analysis)
ခွဲခြမ်းစိတ်ဖြာနည်းသည်
အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် ပတ်သက်သည့် ၎င်း၏အမြင် အပေါ်တွင် အခြေခံထားသော
နည်းဗေဒ ဖြစ်သည် ။ ဤနည်းအားဖြင့် အရစ္စတိုတယ် က ခြုံယူဆင်ခြင်မှု အခြေပြုဟု
အဓိပ္ပါယ် ဖွင့်ဆိုနည်း (Inductive Definition) ဟု ခေါ်ဆိုခဲ့သည်။
၎င်း၏ အဓိကရည်ရွယ်ချက်မှာ အကြွင်းမဲ့ စစ်မှန်နေသော ယေဘုယျ သဘောတရားတစ်ခု (Concept) ကို သိရှိလာရန် ရည်ရွယ်သည်။
ဥပမာအားဖြင့် လူတို့သည် ဝေါဟာရတစ်ခုကို အနက်အဓိပ္ပါယ်
အမျိုးမျိုးဖြင့် အသုံးပြုလေ့ ရှိကြသည်။ ထိုကဲ့သို့ ကွဲပြားခြားနားစွာ
သုံးစွဲနေသောကြောင့် ၎င်း ဝေါဟာရ (သို့) ၎င်းသဘောတရားနှင့် ပတ်သက်၍ အငြင်းပွားမှု
အမျိုးမျိုး ဖြစ်ပေါ်လာ စေသည်။ သို့နှင့် စစ်မှန်သော အသိကို မသိဘဲ ဖြစ်နေသည်ဟု
ဆိုပါသည်။
ဆိုကရေးတီး၏ အလိုအရ ဤသို့လျှင် တစ်ယောက်တမျိုးစီ
အနက်ဖွင့်နေကြ မည်ဆိုပါက အမျိုးမျိုးသော သဘောတရားများသာ ဆောင်နေပေလိမ့်မည်။ ၎င်း သဘောတရားအမျိုးမျိုးကို ဆင်ခြင်မှုဖြင့် သေချာစွာ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လိုက်ပါက
၎င်းတို့ထက် သာလွန်သော၊ စစ်မှန်သော၊ ၎င်းတို့အားလုံးအတွက် အကျုံးဝင်လျှက်ရှိ သော ယေဘူယျ သဘောတရား တစ်ခုကို
မုချ ရရှိလာမည်ဟု ခံယူခဲ့သည် ။
တနည်းဆိုရသော် လူသားတစ်ဦးချင်း၏ တစ်ခုစီ၊ တစ်ခုစီသော အဓိပ္ပါယ်
ဖွင့်ဆိုချက်များကို ခွဲခြမ်းစိတ်ဖြာ လာရာမှတဆင့် လူသားအားလုံးအတွက် ပလေတို၏ (Laches)
အမည်ရှိသော အပြန်အလှန်ဆွေးနွေးချက် (Dialogue)
တွင် ဆိုကရေးတီး ကိုယ်တိုင် ဤနည်းကို အသုံးပြုခဲ့ကြောင်း
တွေ့ရပါသည်။
ဆွေးနွေးချက်များ၌ ရဲရင့်ခြင်း (Courage) နှင့် ပတ်သက်၍ ဆိုကရေးတီးက
ခွဲခြမ်းစိတ်ဖြာကာ ဝေဖန်သုံးသပ်ခဲ့သည်။ ဆိုကရေးတီးစ်နှင့် ပလေတို နှစ်ယောက်စလုံး ၏
အလိုအရ “ရဲရင့်ခြင်း” ဟူသည်မှာ “အသိပညာ”
(Courage is Knowledge) ပင် ဖြစ်သည်။
၂။ တွေးခေါ်မြော်မြင်နည်း (The Method of
Speculation)
တွေးခေါ်မြော်မြင်နည်းတို့မှာ တွေးဆချက်
(Hypothesis)
နှင့်
ပတ်သက်သော ၎င်း၏ အမြင်အပေါ်တွင် အခြေခံလျှက် တင်ပြထားခြင်း ဖြစ်သည်။ ဤနည်းသည်
သဘာဝသိပ္ပံများ၌ ယနေ့ထိတိုင်အောင်ပင် အသုံးပြုလျှက်ရှိနေသေးသော နည်းဖြစ် သည်ဟု မျက်မှောက် အတွေးအခေါ်ပညာရှင်များက ခံယူထားကြပါသည်။
၎င်းကို တွေးဆဆင်ခြင်နည်း (The Method of Speculation)
ဟူ၍ ခေါ်ဆိုသတ်မှတ် လာကြသည်။
ဆိုကရေးတီး၏ အလိုအရ အရှိလောက၌
ဖြစ်ပျက်နေသော အကြောင်းအချက် အားလုံးတို့ကို အာရုံသိဖြင့် ခံစားသိရှိနိုင်မည်
မဟုတ်ပေ။ အာရုံသိသည် ဝိသေသ အသိများကိုသာ ပေးနိုင်စွမ်းရှိသဖြင့် အဖြစ်အပျက်များ၏ ယေဘုယျ
သဘောတရား ကိုမူ ပေးနိုင်စွမ်းမရှိချေ။
အထက်ဖေါ်ပြပါ နည်း(၂)မျိုးအနက်မှ
ပထမနည်းဖြစ်သော ခွဲခြမ်းစိတ်ဖြာနည်း အား
ဆိုကရေးတီးနည်း၊ တနည်းအားဖြင့် (Socrates Method)
ဟူ၍ သုတေသီ အများက
ခေါ်ဆိုရည်ညွန်းခဲ့ကြပါသည်။ ဆိုကရေးတီး အသုံးပြုခဲ့သော သိပုံသိနည်းမှာ
တမျိုးတစားတည်း မဟုတ်ဘဲ နှစ်မျိုးနှစ်စားပင်ရှိသည်ဟု ဆိုနိုင်ပါသည်။
အထက်ပါ နည်းနှစ်မျိုးနှစ်စလုံးကို
ဆန်းစစ်ခြင်းဖြင့် ဆိုကရေးတီးသည် အာရုံ သိထက် ဆင်ခြင်သိကို ပို၍ဦးစားပေးခဲ့သော
တွေးခေါ်ပညာရှင် တစ်ဦးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ ထိုသို့ ဦးစားပေး တွေးခေါ်ခဲ့သောကြောင့်
သူ၏တပည့် ပလေတို လက်ထက်တွင် အာရုံသိဖြင့်သိခြင်း သဘောတရားသည် မှေးမှိန်သွားပြီး
ဆင်ခြင်သိခြင်း သဘောတရားများ ပိုမို ကြီးမားခိုင်မာစွာဖြင့် ဖြစ်ပေါ်ခဲ့လေသည်။
ပလေတို၏ နိုင်ငံရေးအယူအဆ (Plato's political Thought)
ဆိုကရေးတီး၏ အတွေးအခေါ်နှင့် နှိုင်းယှည်ကြည့်နိုင်ရန်အတွက်
သူ၏တပည့် ပလေတို၏ အတွေးအခေါ်တချို့ကို တင်ပြလိုပါသည်။ လူ့အဖွဲအစည်း၏
မတူညီသော အစိတ်အပိုင်းများ၏ ကွဲလွဲနေသော အကျိုးစီးပွားများကို သဟဇာတဖြစ်အောင်
ဆောင်ရွက်နိုင်သည်ဟု ပလေတိုက ယုံကြည်သည်။ သူအဆိုပြုသော
အကောင်းဆုံး၊ ဆင်ခြင်တုံတရားနှင့် ဖြောင့်မတ်သော နိုင်ငံရေးစနစ်သည် လူ့အဖွဲ့အစည်း၏
သဟဇာတ စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေသည်။
ပလေတိုက “နိုင်ငံရေးမှာ ပါဝင်ဖို့
ငြင်းဆန်ခြင်းရဲ့ ပြစ်ဒဏ်တွေထဲက တစ်ခုကတော့ မင်းရဲ့ ညံ့ဖျင်းတဲ့
အုပ်ချုပ်မှုကို အဆုံးသတ်လိုက်တာပဲ ဟု ဆိုသည်။
တစ်နည်းဆိုရသော် “မင်းဟာ ယုတ်ညံ့သူတွေ အုပ်ချုပ်တာကို ခံရတော့တာပါပဲ” ဟု ဆိုလိုခြင်း ဖြစ်သည်။ လူကောင်းတွေ အများသူငှာ အရေးကို လျစ်လျူရှုခြင်းအတွက် ပေးဆောင်ရသည့်
အဖိုးအခမှာ လူဆိုးများ၏ အုပ်ချုပ်ခြင်းကို ခံရခြင်းလည်း ဖြစ်နိုင်ပါတယ်ဟု အဓိပ္ပါယ်ဖွင့်လိုခြင်း
ဖြစ်သည်။ ထို့ကြောင့် ပလေတို၏ အဆိုအရ ဆိုလျှင် ယနေ့ခေတ်လူတို့သည် မိမိတို၏ခေတ်ကာလကိစ္စများ၊ မျက်မှောက် လောကတွင်
ကြုံတွေ့နေရသည် အရေးကိစ္စရပ်များတွင် စိတ်အားထက်သန်စွာဖြင့် ပါဝင်သင့်သည်ဟု
ယူဆရမည် ဖြစ်သည်။
ဆိုကရေးတီး၏ ဆင်ခြင်သိဖြင့်
တွေးခေါ်ခြင်းအား တဘက်စွန်းသို့ ရောက်သည် တိုင်အောင် ဦးစားပေးခဲ့ကြသောကြောင့် ပလေတိုက ဤလောကကိုပင် စစ်မှန်သော လောက
မဖြစ်နိုင်ကြောင်း ငြင်းဆိုလာခဲ့လေသည်။ မည်သို့ပင် ဆိုစေကာမူ ဆိုကရေးတီး၏ နည်းများသည် ၎င်းမတိုင်မီ ပေါ်ပေါက်ခဲ့သော ဂရိအတွေးအခေါ် ပညာရှင်များ၏ နည်းများထက် ပိုမိုစနစ်ကျစွာ
တွေးခေါ်တင်ပြထားသောနည်းများ ဖြစ်သည်ဟု ပညာရှင်များကဆိုကြပါသည်။
ပညာရေးနှင့် ပတ်သက်၍ ဆိုကရေးတီး၏ ပံ့ပိုးကူညီမှုများ
ဆိုကရေးတီး တီထွင်ထားသည့် ဆိုကရေးတီးနည်းလမ်းသည်
ကျောင်းသားများ ၏ အမြင်နှင့် ထင်မြင်ချက်များကို ပုံဖော်ပေးသည့် အရင်းခံယုံကြည်ချက်များကို
စူးစမ်းရှာဖွေခြင်း ဖြစ်သည်။ ထိုယုံကြည်ချက်များကို ရှာဖွေနိုင်ရန်အတွက် ပေါင်းစပ်
ကြိုးစားခြင်းဖြင့် ဆရာနှင့် ကျောင်းသားများကြားတွင် ဆွေးနွေးမှုတစ်ခု ဖြစ်လာစေ ခြင်း
ဖြစ်သည်။
အနောက်တိုင်းဒဿနအတွက် အရေးကြီးဆုံးဖြစ်သည့် ဆိုကရေးတီး၏ ပံ့ပိုး
ကူညီမှုတစ်ခုလည်း ရှိသည်။ အမှန်တရားနှင့် တရားမျှတမှုကဲ့သို့သော အရာများတွင် သူအသုံးချခဲ့သည့်
ဆိုကရေးတီးနည်းပညာ သို့မဟုတ် ဆိုကရေးတီးနည်းစနစ် (Socratic Method) ဖြစ်သည်။
၎င်းမှာ ငြင်းခုန်ခြင်းအတွက် လူသိများသည့် သူ၏ နည်းစနစ် ဖြစ်သည်။
ဆိုကရေးတီး၏ သင်ကြားမှုနည်းလမ်းများသည်
ပညာရေးအလေ့အကျင့်များကို ရာစုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့လေသည်။ သူ၏ သင်ကြားမှုနည်းလမ်းများဖြင့်
ပညာရေးတွင် သိသိသာသာ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုနိုင်သည်။ ပညာရေးနှင့်ပတ်သက်၍
သူ၏ ဩဇာလွှမ်းပုံ သို့မဟုတ် ပံ့ပိုးကူညီခဲ့ပုံကို အောက်ပါ အချက်တချို့ကို ကြည့်၍ လေ့လာသုံးသပ်ကြည့်နိုင်ပါသည်။
(၁) ဆိုကရေးတီးနည်းလမ်း (Socratic Method)
ဆိုကရေးတီးသည် ကျောင်းသားများအား
၎င်းတို့ကိုယ်တိုင် အဖြေများရှာဖွေနိုင် ရန် ဆရာက မေးခွန်းများ
အတွဲလိုက်မေးမြန်းသည့် ပူးပေါင်းဆောင်ရွက်သည့် ဆွေးနွေးမှုပုံစံဖြစ်သည့်
ဆိုကရေးတီးနည်းကို တီထွင်ခြင်းဖြစ်သည်။
ထိုနည်းလမ်းသည် ပညာရေးလောကတွင် အကျော်ကြားဆုံးဖြစ်သည်။
တိုက်ရိုက်အဖြေများပေးမည့်အစား ကျောင်းသားများအား ၎င်းတို့၏ ယူဆချက် များနှင့်
ယုံကြည်ချက်များကို မေးခွန်းထုတ်ရန် လမ်းညွှန်ပေးသည်။ ဝေဖန်ပိုင်းခြား နိုင်သော
တွေးခေါ်မှုနှင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကို အားပေးခဲ့သည်။ အထူးသဖြင့်
ဥပဒေကျောင်းများ၊ အတွေးအခေါ်ဆိုင်ရာ ဆွေးနွေးမှုများနှင့် ခေတ်မီ ပညာရေးတို့တွင် ဤနည်းလမ်းကို
တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲဖြစ်သည်။
(၂) ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား (Ethics and Virtue)
ဆိုကရေးတီးက (Ethics and Virtue)
ကို အာရုံစိုက်ပါဟု ဆိုသည်။ ပညာရေး၏
အမြင့်ဆုံးပန်းတိုင်အဖြစ် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား(သီလ)ကို လိုက်စားခြင်း၏ အရေးကြီးမှုကို အလေးပေးခဲ့သည်။ ပညာရေးသည်
အသိပညာပေးရုံသာမက ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များ ဖွံ့ဖြိုးတိုးတက်စေသည်ဟု သူကယုံကြည်သည်။ ဆိုကရေးတီးအတွက် ကောင်းသောအရာကို နားလည်ခြင်းသည်
အဓိပ္ပာယ်ပြည့်ဝပြီး ပြည့်စုံသောဘဝနေထိုင်ခြင်းအတွက် အဓိကအချက်လည်းဖြစ်သည်။
(၃) အသိပညာသည် ဖြစ်စဉ်တစ်ခုသာ (Knowledge as a Process)
အသိပညာသည် သတင်းအချက်အလက် ပုံစံမဟုတ်
သော်လည်း စဉ်ဆက်မပြတ်မေးမြန်းခြင်းနှင့် သင်ယူခြင်း၏ တက်ကြွသော လုပ်ငန်းစဉ် ဖြစ်သည်ဟု
ဆိုကရေးတီးက ယုံကြည်ခဲ့သည်။ စစ်မှန်သောဉာဏ်ပညာသည် မိမိအဝိဇ္ဇာကို
အသိအမှတ်ပြုခြင်းမှ ဆင်းသက်လာပြီး နားလည်မှုတိုးတက်စေရန် အဆက်မပြတ် ရှာဖွေခြင်းမှ
ဆင်းသက်လာသည်ဟု စောဒကတက်ခဲ့သည်။
(၄) ဥပမာ ဥပမေယျဖြင့် သင်ကြားခြင်း (Teaching by
Analogy)
ဆိုကရေးတီးက သူ၏ ဒဿနကို
စံနမူနာပြု၍ သွန်သင်ဆုံးမခဲ့သည်။ ပညာရေး သည် ဉာဏ်ရည်ဉာဏ်သွေး
ဖွံ့ဖြိုးတိုးတက်စေရုံသာမက တစ်ဦးတစ်ယောက်၏ အခြေခံမူများနှင့်အညီ
နေထိုင်ခြင်းကိုလည်း အလေးပေးသည်။ သီလနှင့်ပြည့်စုံသော ဘဝကို
မည်သို့နေထိုင်ရမည်ကို သရုပ်ပြခဲ့သည်။
(၅) တွေးခေါ်မှုကို အားပေးခြင်း (Encourage thinking)
အမှီအခိုကင်းသော တွေးခေါ်မှုကို ဆိုကရေးတီးက အားပေးသည်။ သူ၏ကျောင်းသားများကို ဝေဖန်ပိုင်းခြားသော အယူအဆများကို လက်ခံမည့်အစား
လွတ်လပ်စွာတွေးတောရန် အားပေးခဲ့လေသည်။ သူသည် သမားရိုးကျ
ဉာဏ်ပညာကို စိန်ခေါ်ပြီး သူ၏တပည့်များအား အမှန်တရားနှင့် တရားမျှတမှုတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှု မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။
ဤသည်တို့သည် အနောက်တိုင်းပညာရေး ဒဿနအတွက်
အခြေခံအုတ်မြစ်ချ ပေးကာ ပညာတတ်များသည် ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊
ကျင့်ဝတ်ဆိုင်ရာ တွေးခေါ်မှု နှင့် ဉာဏလွတ်လပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို
မြှင့်တင်ခြင်းဖြင့် သင်ကြားရေးနှင့် သင်ယူမှုကို သြဇာသက်ရောက်စေခဲ့ပါသည်။
ဆိုကရေးတီးကို ခေတ်မီပညာရေး၏ ဖခင်ဟု
ကြာမြင့်စွာကတည်းက ယူဆခဲ့ကြသည်။ မိမိကိုယ်ကို သင်ယူသူများအနေဖြင့် ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့၏ မောဟကို ဦးစွာဝန်ခံပြီး ဝင်ရောက်ကြည့်ရှုရန် အဆင်သင့်ဖြစ်နေသော
အသိပညာကမ္ဘာတစ်ခုရှိကြောင်း သိရှိနားလည်ထားရမည်ဖြစ်သည်။ အရာအားလုံးကို မသိသေးကြောင်းကို
ကျွန်ုပ်တို့ လက်ခံနိုင်သည်နှင့် တစ်ပြိုင်နက် အသိဉာဏ်တံခါးသည်လည်း ပွင့်လာတော့သည်။ ကျွန်ုပ်တို့ 'သိ' သည့်အရာသည်
ကျွန်ုပ်တို့ထင်ထားသလောက် မှန်ကန်မည်မဟုတ်ကြောင်းကိုလည်း လက်ခံရပါမည်။ (Socratic
Method of Education) သည် ကျောင်းသားများအား မေးခွန်းများမေးရန်၊
ဝေဖန်ပိုင်းခြားပြီး ၎င်းတို့၏ကိုယ်ပိုင် ကောက်ချက်ချရန် အားပေးသည်။
သင်ကြားရေးဆရာ၏ အခန်းကဏ္ဍမှာ
သင်ကြားပြသမည့်အစား ကျောင်းသား များအား ၎င်းတို့၏ ကျွမ်းကျင်မှုနှင့်
ဗဟုသုတများကို စူးစမ်းလေ့လာရန် အခွင့်အရေး များ ပေးဆောင်ရန်ဖြစ်သည်။ သင်ယူခြင်းကို
ကျောင်းသားများက ဦးဆောင်သင့်သည်၊ ၎င်းတို့သည် တစ်ဦးချင်းအနေဖြင့်
မိမိတို့သင်ယူခဲ့ရာများကို ထုတ်ဖော်ပြောဆိုနိုင်စေ သင့်ပြီး
၎င်းတို့၏ကိုယ်ပိုင်ထူးခြားသောနည်းလမ်းဖြင့် သင်ယူရမည်ဖြစ်သည်။
နိဂုံး
ယနေ့ခေတ် ပညာရေးနှင့် နိုင်ငံရေးစနစ်များတွင်
ဆိုကရေးတီး၏ အတွေးအခေါ်များနှင့် ဆက်စပ်မှုများကို လေ့လာခြင်း ဖြစ်သည်။ ထိုသို့လေ့လာခြင်း
အားဖြင့် ခေတ်မီသင်ရိုးညွှန်းတမ်းတွင် ဆိုကရေးတီး၏ အတွေ့အကြုံ၊ သင်ယူမှုနှင့် ဝေဖန်ပိုင်းခြား
တွေးခေါ်မှုဆိုင်ရာ အခြေခံမူများကို ထည့်သွင်းအကြံပြုနိုင်ပေလိမ့်မည်။
အကြံပြုချက်
ပညာရေး မူဝါဒများတွင်မတူကွဲပြားမှုများ၊
တစ်ဦးချင်း အခွင့်အရေးဆိုင်ရာများ ကို လက်ခံကျင့်သုံး အားပေးလာနိုင်ရန် ဆိုကရေးတီး၏
အမြင်များ၊ ယူဆချက်များကို ထည့်သွင်းအသုံးချနိုင်သင့်သည်။ ယနေ့ခေတ် စာသင်ခန်းများတွင်
အတွေးအခေါ် မတူညီမှုများ၊ အယူအဆ မတူညီမှုများ၊ ဘာသာရေး မတူညီမှုများ စသည်ဖြင့် မတူကွဲပြားမှုများ
တိုးပွားလာသည်။
ဘာသာရေးသည်းခံမှုနှင့်
လောကပညာရေး၏ အရေးပါမှုဆိုင်ရာ ဆိုကရေးတီး ၏ အယူအဆများသည် ပညာရေးတွင် အားလုံးပါဝင်နိုင်မှုနှင့်
မတူညီသော ယုံကြည်ချက်များကို လေးစားမှုဖြစ်စေသောကြောင့် ပြန်လည်အသုံးချသင့်သည်။ ခေတ်မီသင်ရိုးညွှန်းတမ်းသည်
ကျောင်းသားများအား ၎င်းတို့၏လေ့လာမှုများကို ၎င်းတို့ပတ်ဝန်းကျင်ကမ္ဘာနှင့် ချိတ်ဆက်ကူညီပေးခြင်းဖြင့်
လက်တွေ့လုပ်ဆောင်နိုင်မှု များ ပိုမိုလာစေသည်။ မျက်မှောက်ခေတ်ကာလတွင် လက်တွေ့အသုံးချမှုများကို
ပေါင်းစပ်ခြင်းဖြင့် ဆိုကရေးတီး၏ လက်တွေ့ကျသော ချဉ်းကပ်မှုမှ သင်ယူမှုဆီသို့ အကျိုးကျေးဇူးများ
ရရှိနိင်လိမ့်မည်ဟု ထင်မြင်သုံးသပ်မိပါသည်။
Reference:
"Socrates:
A Very Short Introduction" by C.C.W. Taylor
"The
Trial and Death of Socrates" by Plato, translated by G.M.A. Grube
https://www.facebook.com/psychologylove100?mibextid=ZbWKwL
https://knowledge892.rssing.com/chan-8894360/article72.html
Comments
Post a Comment