Posts

Showing posts from November, 2025

“Stop by” = ခဏသွားလိုက်သည်၊ ခဏလာလည်သည်

Image
                                    `           “Stop by” = ခဏသွားလိုက်သည်၊ ခဏလာလည်သည်           ကြိုတင်စီစဉ်ထားခြင်းမျိုး မဟုတ်ဘဲ ခဏသွားလိုက်ခြင်း၊ ခဏလာလိုက်ခြင်း၊ အလည်လာခြင်း စသည်ဖြင့် သုံးချင်လျှင် ‘stop by’ ကို သုံးရသည်။ Drop by = visit a place briefly. Drop in = visit a person informally. Stop by = make a short visit (very common in daily English).

“Drop in” = ချက်တစ်ဖြုတ်၊ ခဏတဖြုတ်၊ ခေတ္တခဏ

Image
“Drop in” = ချက်တစ်ဖြုတ်၊ ခဏတဖြုတ်၊ ခေတ္တခဏ           သူငယ်ချင်းအိမ် သို့မဟုတ် ဆွေမျိုးအိမ်ကို အကြောင်းမကြားဘဲ၊ ချိန်းဆိုထား ခြင်း မရှိဘဲ ရုတ်တရက် အလည်သွားခြင်း၊ အလည်ဝင်ခြင်း စသည်ဖြင့် သုံးချင်လျှင် ‘drop in’ ကို သုံးသည်။ ‘drop by’ နှင့် အဓိပ္ပါယ် ဆင်တူသော်လည်း သူက ‘informal’ သဘော၊ ရင်းနှီးခင်မင် ဟန်သဘော ပိုဆန်သည်။ Feel free to drop in for a cup of tea anytime. လက်ဖက်ရည်သောက်ရအောင် ဘယ်အချိန်ပဲဖြစ်ဖြစ် အလည်ဝင်ခဲ့ဗျ။

“Drop by” = ချက်တစ်ဖြုတ်၊ ခဏတဖြုတ်၊ ခေတ္တခဏ

Image
“Drop by” = ချက်တစ်ဖြုတ်၊ ခဏတဖြုတ်၊ ခေတ္တခဏ           နေရာတစ်ခုခုကို ခေတ္တခဏ သွားလည်သည်၊ လာလည်သည် စသည်ဖြင့် သုံးချင်လျှင် ‘drop by’ ကို သုံးသည်။ Can you drop by my office this afternoon? ဒီနေ့ နေ့လည်ခင်း ခင်ဗျား ကျွန်တော့်ရုံးကို ခဏလောက် လာခဲ့(ဝင်ခဲ့)ပါလား။ (Can you come to my office briefly?)

စာသင်နှစ်ပြီးဆုံးသွားသည့်အခါ

Image
စာသင်နှစ်ပြီးဆုံးသွားသည့်အခါ ကျွန်ုပ်၏သင်ကြားခြင်းမှ ကျောင်းသား၊ ကျောင်းသူတို့ရနိုင်စေမည့် အကျိုးကျေးဇူးတို့ကို အာမခံကတိပေးခြင်း           ကျွန်တော်သည် 4 Skills သင်ကြားပေးနေသည့် Freelance ဆရာတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် စာသင်နှစ်ပြီးသွားသည့်အခါ ကျောင်းသား၊ ကျောင်းသူတို့ နားလည်တတ်မြောက် သွားစေမည့်၊ ရရှိသွားမည့်အကျိုးကျေးဇူးတို့ကို အောက်ပါအတိုင်း ကတိပြုပါသည်။